loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(1.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(1.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဥတြသာဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း နံနက်(၈)နာရီ(၈)မိနစ်လွန် စန်းမကာရရာသီသို့ ပြောင်းသည်၊ ဓနုရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူများသည် နံပါတ် 1 နှင့် နေမင်းတို့က အုပ်ချုပ်ထားသောကြောင့် သင်သည် မူရင်း၊ အခွင့်အာဏာရှိသူ၊ ဂုဏ်သိက္ခာရှိ၊ စိတ်ပိုင်းဖြတ်ပြီး လုပ်နိုင်မဲ့သူဖြစ်သည်။ သင့်သူငယ်ချင်းများနှင့် သင့်မိသားစုဝင်များအတွက် ဂုဏ်ယူစရာတစ်ခုအဖြစ် သင်သတ်မှတ်ထားသော်လည်း တစ်ခါတစ်ရံတွင် လွန်လွန်ကဲကဲ မိသားစုအပေါ် ကြီးစိုးတာမျိုးတော့ မလုပ်သင့်ပါဘူး။

လက်ဆောင်များနှင့် ဆုကြေးငွေများ ပေးအပ်သောဇာတာမျိုးဖြစ်တာမို့ ထီဆုကြီးတွေပေါက်တတ်ပါတယ်။ မိမိပခုံးပေါ် ကျလာ သောတာဝန်များသည် သင့်စိတ်ဓာတ်နှင့် ယုံကြည်မှုကို မြှင့်တင်ပေးလိမ့်မည်။ အိမ်ခြံမြေအရောင်းအဝယ်သည် သင့်အား ကောင်းမွန်သော အခြေအနေကို ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး ငွေရှာရာတွင်လည်း ကူညီပေးပါမည်။ အရေး ကြီး သော ဆက်ဆံရေးနှင့် ငွေကြေး အမြတ်အစွန်းများ တည်ဆောက်ရန်အတွက်  လေ့လာနိုင်လေ အောင်မြင်လေပါပဲ။ နိုင်ငံရပ်ခြားခရီး သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်းကိစ္စအချို့အတွက် ဆောင်ရွက်နိုင်တဲ့ဇာတာဖြစ်ပါတယ်။ ငွေချေးခြင်း နှင့် ငွေချေးခြင်းတို့ကို ရှောင်ကြဉ်ပါ။ မတ်လ၊ ဇွန် နှင့် စက်တင်ဘာ လများ သည် အလွန်ထူးခြားသော လများ ဖြစ်လိမ့်မည်။ အောင်မြင်နေချိန် အချစ်ရေးစုတ်ကိစ္စအနှောက် အယှက်ကြောင့် အောင်မြင်မှုတွေ ယိမ်းယိုင်သွား နိုင်ပါတယ်။

 မိမိကို  အခြားသူများက ကျော် ဖြတ်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အခြားသူများ လွဲချော်သွားသော အသေး စိတ်အချက် အလက်များကို မိမိက လျှင်မြန် စွာ သတိပြုမိပါ သည်။ မိမိသည်အမြဲလေ့လာသင်ယူတတ်ပြီး မိမိလေ့လာ ထားသည် များကို မျှဝေပါသည်။ စိတ်ထင်ရာတစ်စွတ် ထိုးလုပ်တတ်တဲ့ စိတ်ကိုပြုပြင်ပြီးတော့ နေထိုင်နိုင်ရင် အကောင်း ဆုံးပါပဲ။ သက်လတ်ပိုင်းကာလတွေအားကောင်း နိုင်တာမို့ ပထမအရွယ်မှာသာ ပညာကိုအားထည့်ကြိုးစား ထားသင့်ပါ တယ်။ ငွေ ကြေးနဲ့ပတ်သက်သော အကူ အညီ တွေရလွယ်သူဖြစ်ပါတယ်။ သတိထားရမှာကတော့ လောင်းကစားအထူး ရှောင်သင့် တဲ့သူတွေဖြစ်ပါတယ်။ လောင်း ကစားကြောင့်ဘဝပျက်တတ်ပါတယ်။ မွန်းလွဲပိုင်းမွေးတဲ့ ရာဟုသားသမီးတွေ ကတော့ အိမ်ထောင်ရေးအနည်းငယ် ညံ့တာတွေ့ရပါတယ်။

ဇန်နဝါရီလတွင်မွေးဖွားသော တစ်ဂဏန်းသမားများဟာ လွတ်လပ်မှုကိုအလေးထားသူဖြစ်သလိုဆန္ဒများတွင်လည်း ပင်ကိုယ်ဖန်တီးနိုင်စွမ်း ပြည်ဝ လျက်ရှိပေသည်။မမျှော်လင့် သောအခြေအနေတို့ကြောင့်လည်း စောစီးစွာ အောင် မြင်တတ် သေးသည်။မည်သို့ပင်ဖြစ်စေ ဘဝတွင် အောင်မြင်မည်သာဖြစ်သည်။ လွန်စွာ တွေးတွေးဆဆ ဂရုတစိုက် လုပ်ကိုင်တတ်သည့်ညာဉ်ရှိပြီးမည်သည့်ကိစ္စတွင်မဆို စေ့စပ်လွန်းတတ်ပါသည်။ လက်တွေ့ဆန်လျက် တည်ငြိမ်စွာ တွေးခေါ်တတ်သဖြင့် တစုံ တယောက်၏ ထင်မြင်ချက်ကြောင့် လွယ်လင့်တကူ တွေဝေယိမ်းယိုင်ရန် ခက်လှသည်။

မိမိအကြံအစည်များ၏နောက်ကွယ်တွင်“ခိုင်မာသည့်စိတ်ပြဋ္ဌာန်းချက်ရှိသည့်အကြောင်းရင်း” ရှိနေတတ်ပါသည်။ ဘဝအခက်အခဲများကြောင့်စိတ်ဓါတ်ကျမည့်သူမျိုးမဟုတ်ချေ။အလွန်ရက်ရောတတ်သော်လည်း .. တပါးသူ၏အမိန့်နှင့် စေခိုင်း ခြင်းကို ခံပြင်းစွာ ငြင်းဆန်တတ်ပေသည်။ သို့သော် ကိုယ်နည်းကိုယ်ဟန်ဖြင့် လှူဒါန်းပေးကမ်းတတ်သူဖြစ်သည်။

ဘဝရည်မှန်းချက်ကို ခိုင်မြဲစွာ ချမှတ်ထားတတ်သူ ဖြစ်သဖြင့်  အသိုင်းအဝန်းနှင့် သင့်မိသားစုကို ကျော်လွန်ပြီး တစ်မိ ပေါက်တစ်ယောက်ထွန်း ထိုးတက်သွားပါ လိမ့်မည်။ဘဝလမ်းတလျှောက်၌ မြောက်မြားစွာသော အခက်အခဲများနှင့် ရင်ဆိုင်ကောင်း ရင်ဆိုင်ရပေလိမ့်မည်။ သို့သော်လည်း မိမိ၏ သည်း ခံစိတ်နှင့် ခိုင်မာသောစိတ်တို့ကြောင့်  ကျော်လွှား နိုင်ပါလိမ့်မည်။ အတားအဆီးအားလုံးကို ကျော်ဖြတ်နိုင်မည်။

ငွေရေးကြေးရေးနှင့်ပတ်သက်ရင်သတိကြီးစွာဖြင့် ချွေတာတတ် သူဖြစ်ပါလိမ့်မည်။ ထို ့ကြောင့်လည်း စီးပွားရေးနှင့် စက်မှုလုပ်ငန်းများတွင် ရင်းနှီးထားသည့် သင့်အရင်းအနှီးမှ အမြတ်အစွန်း ရနိုင်ပါ သည် ။အလိုအလျောက် ကိုယ့်ရှေ့ မှောက်သို့ ရောက်လာသော အခွင့် အရေးများကို မသုံးတတ်ဘဲရှိတတ်သည်။ သို့သော်  မည်သည့် အခြေအနေမျိုး တွင်မဆို ရောက်ရာကျရာနေရာမှ အကောင်း ဆုံးဖြစ်အောင် ကြိုးပမ်းနိုင်သူဖြစ်ပါသည်။အခြားသူများကို လွှမ်းမိုးနိုင် သည့် အားကောင်းသော ညှို့ဓါတ်မိမိတွင်ရှိနေပါသည်။ မည်သည့်ဘဝမျိုး ရောက်နေစေ ကာမူ၊ ပရိသတ်ရှေ့မှောက်သို့ ရောက်ရန်ရှိပါသည်။ လူတိုင်းကြိုက်သည့် နှင်းဆီခိုင်အဖြစ် သို့ရောက်တတ်သည်။ တချိန်တည်းမှာပင် မိမိ၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး မကြာခဏ သွားပုပ်လေလွှင့် အပြောခံရ တတ်ပါသေးသည်။

ကျန်းမာရေးကတော့မကြာခဏဆိုသကဲ့သို့ပင် အအေးမိခြင်း၊ အကြောအခြင် ကိုက်ခဲ ခြင်း စသည်တို့ကို ခံစားရတတ် ပါသည်။ ထိုရောဂါမျိုးကို ရှောင်ရှား လိုပါက ခြောက်သွေ့ သောရာသီဥတုနှင့် ကုန်းမြင့်ဒေသတို့ကို ရွေး ချယ်၍ နေထိုင် သင့်ပါသည်။

💥တနင်္ဂနွေဂြိုဟ် (နေမင်း) နှင့် ယူရေးနပ်စ်ဂြိုဟ်အသီးသီးကို ကိုယ် စားပြုသော ““တစ်”နှင့် “လေး” တို့သည်.. သင့်အတွက် အရေးပါ သော ဂဏန်းများဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်လ၌မဆို ၁၊၄၊ ၁၀၊ ၁၃၊ ၁၉၊၂၂ ၊ ၂၈ နှင့် ၃၁ရက်တို့မှ တရက်ရက်တွင် ကိုယ့် အတွက် အရေးကြီးသည့်ကိုစ္စများကို ဆောင်ရွက်သင့်လှပေသည်။

💥မိမိ၏ညှို့ဓါတ်စွမ်းအား တိုးတက်စေရန်နှင့် ပိုမိုကံကောင်းစေရန်ဝတ်စားဆင်ယင်ရာတွင် တနင်္ဂနွေဂြိုဟ်နှင့် ယူရေးနပ်စ်ဂြိုဟ်တို့နှင့်သက်ဆိုင်သော အောက်ပါအရောင်များကို ရွေး၍အသုံးပြုပါ။

#တနင်္ဂနွေဂြိုဟ်- ရွှေရောင်၊ ရွှေညိုရောင်၊ ကြေးနီရောင်နှင့် အဝါ ရောင်။

ယူရေးနပ်စ်ဂြိုဟ်- နီလာရောင်၊အပြာရောင်၊ မီးခိုးရောင်နှင့်အဖြူရောင်

💥ကိုယ့်အတွက် ကံကောင်းစေမည့် ရတနာများမှာ စိန်၊ နီလာနှင့်ပယင်းတို့ဖြစ်သည်။

💥သင့်ဘဝတွင် အမှတ်ထင်ထင် ဖြစ်စေမည့်. အသက်ပိုင်းများမှာ ၁၀၊ ၁၉၊ ၂၀၊ ၃၇၊၄၆၊ ၅၅၊ ၆၄၊ ၇၃နှစ်နှင့် ၄၊၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇၊ ၇၆ နှစ်တို့ဖြစ်ပါသည်။

✡️တနှစ်တာအတွင်း မည်သည့်လ၌မဆို “တစ်”နှင့် “လေး”ဂဏန်း များကို ဖြစ်စေသော ရက်များ (ဥပမာ−၁၊ ၄၊ ၁၀၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈နှင့် ၃၁) ရက်များတွင် ဖွားမြင်သူများနှင့် ဘဝတလျှောက်လုံး ရေစက်ဆုံနေပါလိမ့်မည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Posted in Daily Consult

Leave a Reply

Your email address will not be published. Required fields are marked *