ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဓနသိဒ္ဓိ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း နေ့စက်(၁)နာရီ(၃)မိနစ်လွန် စန်းကုမ်ရာသီသို့ ပြောင်းသည်၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ နံပါတ် 3 နှင့် ဂျူပီတာဂြိုဟ်တို့က အုပ်ချုပ်သောကြောင့် သင်သည် ယုံကြည်မှုရှိပြီး ရည်မှန်းချက်ကြီးသူ၊ အမှီအခိုကင်းသူ၊ ဂုဏ်သိက္ခာရှိသော၊ ဘာသာရေးနှင့် အကောင်းမြင်သူဖြစ်သည်။ ပြီးပြည့်စုံသော အရာများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှု သည် သင့်အား အမြဲတမ်း အသိအမှတ်ပြုမှု ပေးစွမ်းနိုင်သည်။တစ်ခါတစ်ရံတွင် လွန်ကဲစွာ ပြုမူတတ်ခြင်း၊ အားနာတတ်သော စိတ်သဘောထားတို့ကို ထိန်းချုပ်ရန် လိုအပ်ပါသည်။

သင့်အတွက် အချို့သော အလုပ်အကိုင် အခွင့်အလမ်းများက မထင်မှတ်ဘဲ အောင်မြင်မှုဆီခေါ်သွားတတ်ပါတယ်။ ပင်မအလုပ်ထက် အရံအလုပ်တွေနဲ့ ပိုအောင်မြင်တတ်တဲ့ဇာတာပါ။အချစ်ရေးက သာယာပြီး သင့်ဘဝအတွက် ကောင်းသော အသားဟင်းကို ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ပေးတာနဲ့တူညီပါလိမ့်မယ်။ အသေးအမွှားပြဿနာ များအတွက် အချိန်အများကြီးမဖြုန်းဘဲ ရေရှည်အကျိုးများမည်ဟု သိထားသောပရောဂျက်များပေါ်တွင် သင်၏ကြိုးစား အားထုတ်မှုကို ထားပါ။ ရွေးချယ်ထားသော ရင်းနှီးမြုပ်နှံမှုမှသာလျှင် အကျိုးအမြတ်ရရှိမည်ဖြစ်ပြီး ဘက်ပေါင်းစုံမှ ထင်ကြေးပေးမှုများနဲ့သူများပြောစကားကို ရှောင်ရှားမှသာဘဝမှာအောင်မြင်လိမ့်မယ်။ဖေဖော်ဝါရီ၊ မေလ၊ ဇူလိုင် နှင့် နိုဝင်ဘာ လများသည် မိမိအတွက်အလွန်ထူးခြားသည်။
မိမိက အလွန်လိမ္မာပါးနပ်တယ်၊ ဉာဏ်ကောင်းပြီး မိမိရဲ့ ဟာသဉာဏ်က အလွန်ပင် အင်အားကြီးမား ပါတယ်။ မိမိရဲ့ ထေ့ငေါ့တက်ခြင်းပြဿနာနှင့် ပိဿလေးနဲ့ ဘေးပစ် ပြောတတ်တဲ့အကျင့်အခြားသူများအား အလွန် အမင်း မထိခိုက်စေရန် သတိထားပါ။ ယေဘူယျအားဖြင့် မိမိသည် မိမိ၏ဉာဏ်ပညာဖြင့် အခြားသူများကို အနိုင်ယူနိုင်သည်ဟု ခံစားချက်ရှိတတ်ပါတယ်။ စီးပွားရေး လုပ်ငန်းဆောင်တာများအတွက် ထူးခြားသော အတွေးအမြင်ကောင်းများလည်း ရှိနေပါသည်။ကျန်းမာရေးအားကောင်းသူများဖြစ်ပေမဲ့မိဘတွေဆီမှာ နှလုံးရောဂါ ရှိရင် တော့ ဒီကလေးမှာနှလုံးရောဂါ ဓာတ်ခံပါလာတတ်ပါတယ်။ နေရာကောင်းရတတ်ခြင်း၊စည်းစိမ်ချမ်းသာနဲ့ နေရခြင်း။ တန်ဖိုးကြီးပစ္စည်းတွေကို သုံးစွဲခွင့် ရခြင်းတွေကြုံရတတ်ပါတယ်။ မိဘအမွေအနှစ်တွေအပြည့်အဝ ရတတ် ပေမဲ့ အိမ်ထောင်ပြုမှားရင်တော့ အိမ်ထောင် ဘက်က ကိုယ့်စည်းစိမ်ကို ထိုင်ဖြုန်းတတ်ပါတယ်။ အသက် ၂၂ကစလို့ အောင်မြင်မှုလမ်းကြောင်းကို စတင်ရောက်ရှိ တတ်ပါတယ်။
“စိတ်အခြေခံအားဖြင့် မြင့်မားသာလွန်သူ”ဖြစ်တာမို့ မိမိကိုယ်အထင် ကြီးထားသောသူ၊လေးစားအားကျသောသူနှင့် အိမ်ထောင်မကျခဲ့ပါက အိမ်ထောင် ရေးဘဝ တွင် ပဋိပက္ခများကို ကြုံရတတ်ပါသည်။ ဒါကြောင့် မိမိတပည့်၊ ငယ်ရွယ် သူနှင့် မိမိစိတ်နေ စိတ်ထားကိုသိသူနှင့်သာ အိမ်ထောင်ပြုသင့်ပါသည်။
စိတ်ပိုင်းဆိုင်ရာတည်ဆောက်မှုတွင် ထက်သန်သူဖြစ်သဖြင့် ကြီး ကျယ်သောအကြံအစည်များကို ပြုနိုင်စွမ်းရှိသူ ဖြစ် သည်။ တပါးသူ၏ အတွေးအခေါ် အကြံအစည်ကို အယုံမလွယ်ဘဲ မိမိကိုယ်ပိုင်အမြင်ကို သာ အကောင်အထည် ပေါ် အောင်ဖော်သင့်ပါသည်။
တစ်ဦးတစ်ယောက် ကောင်းစားရေးထက် အများအတွက် ကောင်းစားရေးကို ပိုမိုအားသန်တတ်သူတွေဖြစ်တယ်။ ဖော်ပြပါအကြောင်းရင်းကြောင့် တသီးပုဂ္ဂလဆန်သောမုန်းတီးမှုမျိုးကို အကျိုးတရားအဖြစ်ရလာ တတ်ပါသည်။ ပုဂ္ဂိုလ် ရေးရန်သူများပေါ်ပေါက်တတ်သည်။ကောင်းတာလုပ်ပြီး အများအကျိုးကိုလုပ်လေ၊မနာလိုမုန်းတီးကြသူတွေ ရှိကြသ လိုပေါ့ဗျာ။သင်ကိုယ်တိုင် ချမှတ်ထားသော အလုပ်များကို မနားမနေ လုပ်ကိုင် ဆောင်ရွက်တတ်သော အကျင့်ကြောင့် အာရုံ ကြောများ အရုပ်ကြိုးပြတ်သည့်နှယ် နွမ်းနယ်သည့် ဒဏ်ကို ခံရတတ် ပါသေးသည်။ အလုပ်မပြီး ရင် မအိပ်ဘူး။ နားချိန်လဲ မနားဘူးဆိုတဲ့ ဇွဲနပဲကြီးမှုတွေကို ကျန်းမာရေးလူမှုရေးတွေကို ထိခိုက်စေတာမို့သတိပြုပါ။
အကြံအစည်များနှင့် ရည်မှန်းချက်များကို အကောင်အ ထည်ဖော်ရာတွင် များစွာသောငွေကြေးကို အသုံးပြုရန် အားထုတ် သည့်အကျင့်လည်းရှိတတ်သည်။ငွေများများနဲ့ လုပ်ငန်းကို ပြီးပြည့်စုံအောင်စတင်အကောင် အထည်ဖော် ချင်တဲ့စိတ်မျိုးရှိသူဖြစ်ပါတယ်။ ဥပမာ ဈေးဆိုင်တစ်ဆိုင်ဖွင့်မယ်လို့စိတ်ကူးရင် မိမိရဲ့ စိတ်ကိုယ်က ဘာ မေးမေး ရှိတဲ့ဆိုင်မျိုးကို ဖွင့်ချင်ကြသူတွေဖြစ်ပါတယ်။မိမိဘဝအတွက် စီမံလျာထားချက်များကို လုပ်ကိုင် ဆောင်ရွက် ရာ ၌ အတော်အတန် စွန့်စွန့်စားစား လုပ်ရတတ် ပါသည်။ ငွေကိုအချောင်မရတတ်၊အချောင်လိုချင်လေ သူများ အလိမ်ခံရ လေဆိုတဲ့ဇာတာမျိုးဖြစ်ပါတယ်။ ဘဝတွင် အောင် မြင်ရန် အလားအလာရှိနေပါသည်။ ဥာဏ်ဖြင့်ယှဉ်ပြီး ခံယူတတ် ပါစေ။ စိတ်ကြီးမဝင်မိပါစေနှင့်ဟူ၍ တိုက် တွန်းလိုပါသည်။
ခန္ဓာကိုယ်တည်ဆောက်မှ ကောင်းမွန်လှသော်လည်း အလုပ်လုပ် ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ အပင်ပန်းခံခြင်းတို့ကို အဆက်မပြတ် လုပ် ကိုင်မိပါက ကျွန်းမာရေးကျဆင်းနိုင်ပါသည်။သင်၏ အရံခွန်အားကို သတိဖြင့် ပျိုးထောင်မထား ပါက နှလုံး နှင့်ပတ်သက်ပြီး ချွတ်ယွင်းတတ်ပါသည်။ ကျန်းမာရေး ညံ့ဖျင်းလာ ခြင်းသည် သင့်အပြစ်သာဖြစ်ပါသည်။ ဒါကြောင် အလုပ်များလာလေ၊ကျန်းမာရေးလိုက်စားဖို့၊gym ဆော့ဖို့အချိန်ပေးသင့်လေဖြစ်ပါတယ်။
မိမိတို့အတွက် အရေးပါသောဂဏန်းများမှာ “သုံး” နှင့် “၇” ဂဏန်းတို့ဖြစ်သည်။ ၎င်းတို့သည် ကြာသပတေးနှင့် စနေဂြိုဟ်တို့ကို အသီးသီးကိုယ်စားပြုနေကြပေသည်။ဒါကြောင့် ဆောင်ရွက်စရာ ကိစ္စများနှင့် အကြံအစည် တို့ကို ““သုံး”ဂဏန်းကို ဖြစ်ပေါ်စေသည့် ၃၊၁၂၊၂ ၁ နှင့် ၃ဝ ရက်များ တွင် လုပ်ဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်သင့်သည်။
သင်၏ ညှို့ဓါတ်စွမ်းအားတိုးတက်စေရန်နှင့် ပိုမို ကံကောင်းစေ ရန် ဝတ်စားဆင်ယင်ရာတွင် ကြာသပတေးဓါတ် အရောင်များကို အသုံးပြုသင့်သည်။ ၎င်းတို့မှာ ခရမ်းရောင် အနုဆုံးမှ အရင့်ဆုံး အထိ ပါဝင်ပေသည်။မိမိအတွက် ကံကောင်းစေမည့် ရတနာများမှာ ခရမ်းရောင်အသွေးပါသော ခရမ်းစွဲကျောက်များ၊ ပုလဲနှင့်စိန်တို့ ဖြစ်ကြပေ သည်။ဘဝ တလျှောက်တွင် အရေးကြီးသော အသက်ပိုင်းတို့မှာ ၃၊၈၊၁၂၊၁၇၊၂၁၊၂၆၊၃ဝ၊ ၃၅၊ ၃၉၊ ၄၇၊ ၄၄၊ ၅၃၊ ၅၇၊ ၆၂၊ ၆၆၊၇၁၊၇၅ နှင့်၈ဝတို့ဖြစ်ကြပါသည်။
တစ်နှစ်တာအတွင်း မည်သည့်လတွင် ဖြစ်စေ၊ သုံးဂဏန်းကို ဖြစ် ပေါ်စေသော ၃၊၁၂၊၂၁ နှင့် ၃ဝ ရက်တို့၌ မွေးဖွားသူများသည် သင့်အတွက် အဆွဲဆောင်ဆုံးသောသူများဖြစ်ပေသည်။ ရှစ် ဂဏန်း ကိုဖြစ်ပေါ်စေသော ၈၊၁၇ နှင့် ၂၆ ရက် ဖွားတို့နှင့်လည်း နီးစပ်နိုင် ပါသည်။ သို့သော်ရှစ်ဂဏန်းဟာ “သုံး”ဂဏန်းသမားများလောက် သင့်အတွက် အကျိုး မပြုတတ်ကြချေ။
ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။
#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်
09775555695