ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၇)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၅)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်နှင့်မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ သမားညို ကျရောက်နေတာမို့ အချိန်အခါရွေးပြီးဆောင်ရွက်ပါ။
ဒီနေ့ဟာ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၆)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၆)လုံး အနေဖြင့် ကျော်ကြားမှုကိုပေးစွမ်းသော တီထိဟု သက်မှတ်ပြီး အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ မြေနှင့်ပတ် သက်သော လုပ်ငန်းများ၊ လူမှုရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်ကြော်ငြာများ၊ ကုန်သွယ်ခြင်း၊ အရောင်း အဝယ်၊ အနုပညာ၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများ စစ်ရေးနှင့်ပတ်သက်သည်များ၊ ကျောက်မျက်ရတနာ၊ အဝတ်အစား ဒီဇိုင်း၊ ဆီနှင့်နှိပ်နယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းနှင့် ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ပါသည်။ တီထိ(၆)လုံး ရက်တွင် နန်းတက် ဘိသိပ်ခံခြင်း၊ အစိုးရများ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်များ အတွက် သင့်တော်ပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ကိုယ်စားပြုသော နန္ဒာ တီထိဖြစ်သဖြင့် အဝတ်အစား၊ အက၊ အခုန်၊ သီချင်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ၊ အလှအပနှင့် အဝတ်တန်ဆာ ဆင်ယင်ခြင်း လုပ်ငန်းများ၊ ပျော်ရွှင်ခြင်းနှင့် ပတ်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။
နန္ဒာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် ချမ်းသားခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ နန်းတက်ပွဲ၊ ဆောက်လုပ် ရေး၊ အိမ်ခြံမြေနှင့်ဆက်စပ်သော လုပ်ငန်းများ၊ လက်ဝတ်ရတနာ ပြုလုပ်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု စတင်ခြင်း၊ စစ်ပွဲများ စတင်ခြင်းများ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ အိမ်ထောင်ရေးအတွက် ကံမကောင်းစေတက်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၄း၂၄)နာရီမှ မွန်းလွဲ(၁၅း၁၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်းညနေ(၄)နာရီ(၂၄)မိနစ်လွန် စန်းမိန်ရာသီသို့ ပြောင်းသည်။ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အနုပညာစွမ်းရည်တွေ အထူး ပြင်းပြတဲ့ မွေးနေ့ပိုင်ရှင်ပါ။ မိမိဘဝအတွေ့အကြုံများ သည် ပိုမိုကြီးမားသောအသိဥာဏ်နှင့် ပင်ကိုယ်စွမ်းအားကိုပိုမို မြင့်မားစေသည်။ မိမိတွင် လိင်ဆွဲဆောင်မှုအားကောင်း ပြီး အချစ်ရေးတွင် အလွန်ဆွဲဆောင်မှုရှိသည်။ အကြံဉာဏ်၊ အကူအညီနှင့် နှစ်သိမ့်မှုများအတွက် အခြားသူများကို မိမိထံ အလိုလိုဆွဲဆောင် သိမ်းသွင်းနိုင်ပါတယ်။ မိမိ၏ ပင်ကိုယ်ဥာဏ်သည် သူတစ်ပါးထက် ကောင်းမွန်စွာ ဖွံ့ဖြိုးနေပြီး အကန့်အသတ်မရှိဟု ထင်ရသည်။မိမိ၏ စိတ်ကူး စိတ်သန်းမှာလည်း ထိုနည်းလည်းကောင်းပင်။ မိမိက နည်းနည်းတော့ ထိလွယ်ရှလွယ်ရှိသော်လည်း၊ မည်သည့် ကိစ္စကိုမဆို မိမိကိုယ်တိုင်လုပ်ရန် မကြောက်ပါ။
ကြိုးစာရင် ကြိုးစား သလောက် လုပ်ငန်းပိုင်းအောင်မြင်မှုမြင့်မားပြီး ဆိုင်ခွဲပေါင်းများစွာဖွင့်နိုင်သည်အထိအောင်မြင် တတ်သူ ဖြစ်ပါတယ်။ နိုင်ငံခြားကံ အကျိုးပေး အားကောင်းပြီး မွေးရပ်မြေရဲ့အဝေးမှာ အခြေချနေထိုင်နိုင်ကြသူတွေလဲ ဖြစ်ပါတယ်။ မိခင်စွမ်း အား ကောင်းသူဖြစ်တာမို့ မိခင်အကြီးအကဲတွေနဲ့ပတ်သက်သော ကံကောင်းမှုမျိုးကိုရရှိတဲ့ သူတွေဖြစ်ပါတယ်။ အသက် ၂၂ကနေ အသက် ၂၉နှစ်အတွင်း လိင်ကိစ္စရှုပ်ထွေးမှုတွေများပြားပြီးတော့ အခန့် မသင့်ရင် အချစ်ရေး အိမ် ထောင်ရေးကြောင့်ပဲ နာမည်ပျက်လွယ်တဲ့ကာလတွေပဲဖြစ်ပါတယ်။ မိန်းကလေး ဇာတာရှင် များအထူး သတိပြုရမဲ့ နှစ် အပိုင်းအခြားပဲဖြစ်ပါတယ်။
နံပါတ် ၅ နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ အုပ်ချုပ်သည်။ သင်သည် လက်တွေ့ကျကျ၊ ထက်မြက်သူ၊ ဂုဏ်သိက္ခာရှိသော၊ ထိလွယ် ရှလွယ်သူ၊စီးပွားရေးမှာပြောင်မြောက်သော ပုဂ္ဂိုလ်ဖြစ်သည်။ သင်သည် ဖော်ရွေပြီး အလွန်အကူအညီပေးတတ် သော်လည်း တစ်ခါတစ်ရံတွင် စိတ်မရှည်ခြင်းနှင့် ခေတ္တခဏအမူအကျင့်ကို ထိန်းချုပ်ရန် လိုအပ်ပါသည်။
သင်သည် မူလဇာတာအရ ရင်းနှီးမြုပ်နှံမှုတွေမှာ ဂရုတစိုက် ရင်းနှီးမြုပ်နှံသင့်သည်။ ဖေဖေါ်ဝါရီ၊ဧပြီ၊အောက်တိုဘာလ များသည် ထင်ရှားလိမ့်မည်။
ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်ဖြစ်တာကြောင့် ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ခြင်း၊ ရှေ့တိုးခြင်း၊ မကောင်းမှု၊ လှည့်ဖြားခြင်းနှင့် ပဋိပက္ခများ၊ ရန်သူများကို ဖျက်ဆီးခြင်း၊ ထောင်ကျခြင်း၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ ခြင်း၊ တိုက်ပွဲ၊ မီးညှိခြင်း၊ ဖျက်ဆီးခြင်းများ၊ ဂုဏ်သတင်းကျော်ကြားမှုနှင့် ရက်စက်ကြမ်း ကြုတ် ခြင်းစသည့် လုပ်ရပ်များ အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာ ဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်း ခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော် သည်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းသောကိစ္စရပ်များအားလုံး ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
ဗျာတိပါတယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ဘေးဉပါဒ်” ဟူးသောအဓိပ္ပာယ်ကို ဆောင်ပါသည်။ ကောင်း သောကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။
ကောလဝါကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် (သို့မဟုတ်) ကာလရှည်ကြာစွာ တည်မြဲနေမည့်အရာများ ကဲ့သို့သော ပုံသေလုပ်ထားသည့်ကိစ္စရပ်များအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၂၂)နာရီမှ ညနေ(၀၅း၄၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ကြာသပတေး၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၃၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူကာ “ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခရမ်းချဉ်သီးသုပ်ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း