loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(8.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(8.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဿာဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများသည်မိမိသည် အလွန်အလိုလိုသိတတ်၊ ကူညီတတ်ပြီး သဘာဝကျသော အတွေးအခေါ်သမားတစ်ဦးလဲ ဖြစ် သည်။အပေါင်းအသင်းမှားတာနဲ့ ဘဝမှာ အခက် အခဲ များသွားနိုင်ပြီး လမ်းမှားရောက်သွားနိုင်ပါတယ်။ နာမည်အဆုံးသတ်ကို  ဗုဒ္ဓဟူးနံနဲ့ မှည့်ပေးလိုက်မယ်ဆိုရင်တော့ အရမ်းကို အဆိုးဖက်ရောက်သွားတဲ့သူမျိုးဖြစ်သွား တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အသုံးကြမ်းသူဖြစ်တာမို့ ငယ်ငယ်ကတည်းကငွေစုတဲ့အကျင့်ကို မိဘတွေက လုပ်ပေးဖို့လိုပါတယ်။ အသက် ၂၈ကနေ အသက် ၄၆အတွင်း ကောင်းသောကံတွေဖြစ်ထွန်းနိုင်တာမို့ ထိုကာလ အတွင်း ကြိုးစားမယ်ဆိုရင် သေချာပေါက် ကြီးပွားတိုးတတ်နိုင် တာကိုတွေ့ရပါတယ်။

နံပါတ် ၈ နှင့် စနေဂြိုဟ်တို့ လွှမ်း မိုး ထားသည်။ မင်းက တက်ကြွတယ်၊ တရားရှိတယ်၊ စနစ်ကျတယ်၊ သမ္မာသတိရှိပြီး နည်းလမ်းကျတဲ့လူဖြစ်တယ်။ သင့်တွင် ဆိုးရွားသောအခြေအနေများကို သတ္တိရှိရှိ တွန်းလှန်နိုင်သော မွေးရာပါအရည် အချင်း ရှိသော်လည်း တစ်ခါတစ်ရံတွင် သင်သည် အလွန်ခေါင်းမာသောအပြုအမူဖြစ်ပြီး အခြားသူများ၏ထင်မြင်ချက် ကို လျစ်လျူရှုတာဟာ သင့်အတွက်အကျိုးမရှိပေ။မိမိက စွန့်စွန့်စားစား ထမ်းဆောင်ရင်းနဲ့ သင့်ဘဏ္ဍာရေး အနေအထား တိုးတက် လာပါ လိမ့်မယ်။ မင်းရဲ့ ရှည်လျားလှတဲ့ အိပ်မက်တွေ ပြည့်စုံလာလိမ့်မယ်။ ကျန်းမာရေး၊ လက်အောက်ငယ်သားများနှင့် ဥပဒေရေးရာကိစ္စများသည် သင့်အား အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။

မနိုင်ဝန်ကိုထမ်းရသည့်နှယ် ကြီးလေးသော တာဝန်များကို ယူထားရတတ်ပါသည်။ဂ၊ ၁၇ နှင့် ၂၆ ရက်တို့တွင် ဖွားခဲ့ သော် အတား အဆီး အခက်အခဲများနှင့်ကြုံတွေ့ကျော်ဖြတ်ရတတ်ပေသည်။ ကိုယ်ဒူး ကိုယ်ချွန် ကိုယ် အားကိုယ်ကိုး ရမည့် ဇာတာဖြစ်သည်။ သူတပါး ထံမှ အကူအညီကိုရနိုင်ခဲလှပေသည်။ မည်မျှပင် အခက် အခဲတွေ့ရစေကာမူ သင့်ရည်မှန်းချက်ကား ဆုံးခန်းတိုင် သွားနိုင် လောက်အောင်စိတ်ဓာတ် ခိုင်မြဲလှပေသည်။

အပြင်းအထန် စိတ်ဓာတ်ကျဆင်းခြင်းနှင့် နောင်တရခြင်းကိုလည်း တခါတရံကြုံရတတ်သည်။ သို့တည်းမဟုတ် မေ့ဖျောက်ရန် ခက်ခဲလှသော ဝမ်းနည်းဘွယ်ရာများနှင့်လည်း ဆုံရတတ်ပြန်သည်။ မိသားစုသံယောဇဉ်ကြိုးများနှင့် မိမိချစ်မြတ်နိုးသူ များ ဆုံးရှုံးသောကြောင့်လည်း ပူဆွေးရဖန် များတတ်သည်။စောစောအိမ်ထောင်မကျပါက သင့် အတွက် ပို၍ကောင်းလှပါသည်။အသက် ၃၀နားနီးမှ အိမ်ထောင်ပြုလေပိုကောင်းလေပါပဲ။ ၎င်းပြင် အလောင်းအစား ပြုခြင်းနှင့် တစ်ပွဲထိုး ကံစမ်းခြင်းအပြင် တချီတည်းနှင့် အပွကြံခြင်းစသည်တို့ကို ရှောင်ရှားသင့်သည်။

ဥာဏကို ပင်ပန်းကြီးစွာအသုံးချခြင်းဖြင့်သာ တဖြည်းဖြည်း ငွေကြေးများ စုဆောင်းမိလာပါလိမ့်မည်။ မြေယာ၊ ဓာတ်သတ္တုမိုင်း တူးခြင်း၊ကွန်ကရစ်လုပ်ငန်းများ၊အဆောက်အဦကြီးများတည်ဆောက် ခြင်းစသည်တို့ကား သင့်ကို အကျိုးပေးပါလိမ့်မည်။ ထိုလုပ်ငန်းများ ကြောင့် အဆင့်မြင့်လျက် တာဝန်ကြီးသော ဘဝသို့ ရောက်နိုင် ပါသည်။

သဘာဝအရ သင်သည် စေ့စပ် သေချာသော၊စည်းကမ်းကြီးသော စိတ်ရှိသူ ဖြစ်သည်။အတွေးနက်သူတဦးဖြစ်ပြီး အခြားသူများအတွက် စီမံကိန်း များကိုလည်း ကောင်းမွန်စွာတွေးခေါ်ပေးနိုင်သူဖြစ်ပါသည်။ စကား စစ်ထိုးကောင်း တယောက်လည်း ဖြစ်လေသည်။ပြတ်သားစွာ ဆုံးဖြတ်ချက် ရှိသူဖြစ်သည်။ မူလစိတ်ဓာတ်သည် ဂုဏ်နှင့် အာဏာ မက်မောမှုကို အခြေခံခြင်းမဟုတ်ဘဲ မူမှန်သော စိတ်မနော၏ လှုံ့ဆော်ချက်ကြောင့်ဖြစ်သည်။အထူးသဖြင့် တပါးသူကို အကူအညီ ပေးရန်အတွက်လည်းဖြစ်တတ်ပါသည်။

မိမိထက် အဖက်ဖက်မှ နိမ့်ကျသူများကိုလည်း ထူးထူးဆန်းဆန်း သံယောဇဉ်တွယ်နေတတ်သောကြောင့် ပြစ်တင်ဝေဖန်ခြင်း ခံရတတ် ပါသည်။ တပါးသူတို့၏ အပြစ်ကိုမြင်တတ်သော်လည်း ခွင့်လွှတ်၍ ကြားဝင်လျက် တာဝန်ယူတတ်သော ညာဉ်လည်းရှိတတ်ပါသည်။ မည်သည့်ဘဝမျိုးသို့ ရောက်ရောက် သင်သည် ရောက်ရာပတ်ဝန်း ကျင်တွင် ပေါ်လွင်သူဖြစ်ပါလိမ့်မည်။

တခါတရံ၌ မျှော်လင့်ချက်ကုန်ခမ်းပြီး စိတ်အားငယ်ရသည့် အခြေ အနေမျိုးနှင့်လည်းကြုံရတတ်သေးသည်။ အထူး သဖြင့် မိမိ၏ ရည် မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ထိုကဲ့သို့ အဖြစ်မျိုးကို တွေ့ရတတ်ပါသည်။လွန်စွာ လျှို့ဝှက်ဖုံးကွယ်တတ်သူဖြစ်သဖြင့် ရင်တွင်း ခံစားချက်များ ကို ပတ်ဝန်းကျင်မှ သိကြလိမ့်မည်မဟုတ်ချေ။

စီးပွားရေးအခွင့်အရေး ကောင်းများကို မကြာခဏ တွေ့ရသော်လည်း စုဆောင်းထားရန် မလွယ်ကူတတ်ပါ။ အကြံ ကောင်း ဥာဏ်ကောင်း များကို သူများအတွက် ပေးတတ်သော်လည်း မိမိအတွက် ထိုအကြံ ဥာဏ်ကောင်းများကို မလိုက်နာတတ်သည့်သူမျိုးလည်းဖြစ်သည်။မိမိအတွက် တပြားမှမကျန်အောင် ပေးကမ်းစွန့်ကြဲတတ်သူလဲဖြစ်ပါ တယ်။

ကျန်းမာရေးရုတ်တရက် မမျှော်လင့်ဘဲ အနာရောဂါများ ရတတ်ပါသည်။ အတွင်းအင်္ဂါအစိတ်အပိုင်းများ ပိတ်ဆို့ သွားတတ်၍ ခွဲစိတ်ကုသခံ တတ်သည်။ သို့သော် ထိုသို့ အကုသခံရခြင်းမှလွဲလျှင် အမြဲတန် ကျန်းမာနေ တတ် ပါသည်။အစားအသောက်နှင့်ပတ်သက်ပြီး မိမိနှင့်သင့်၏မသင့်၏ကို အခြား သူများထက် လေလာထားသင့်သည်။ စွတ်စိုထိုင်းမှိုင်းသည့် မြေစိုဒေသများတွင် အမြဲတမ်းမနေအပ်ပါ။ခြေထောက်ပိုင်းနှင့် ကြောရိုးတို့တွင် ထိခိုက်မိတတ် သဖြင့် စဉ်းစား ဆင်ခြင်၍ နေထိုင်သွားလာသင့်ပါသည်။

အရေးပါသော ဂဏန်းများမှာ “လေး”နှင့် “ရှစ်” ဂဏန်းများ အပြင် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းအတွဲများ ဖြစ်ကြသည်။ ထို့ကြောင့် ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂ ၂၆ နှင့် ၃၁ ရက်တို့တွင် အရေး ကြီးသောကိစ္စများကို ဆောင် ရွက်သင့်လှသည်။

ညှို့ဓါတ်စွမ်းအား တိုးတက် ထက်မြက်လာစေရန်နှင့် ပိုမိုကံ ကောင်းလာစေရန် အောက်ဖော်ပြပါ အရောင်အသွေးများ ပါသည့် အဝတ်အစား အသုံးအဆောင်များကို သုံးဆောင် သင့်ပါသည်။ (ခရမ်းရောင်အရင့်၊ နက်ပြာ၊ အနက်၊ အပြာရင့်၊ နီလာရောင်နှင့် မီးခိုးရောင်)

သင့်ကို ကံကောင်းစေမည့် ရတနာများမှာ ပုလဲ၊ စိန်နှင့် နီလာတို့ဖြစ်ကြပါသည်။ဘဝတလျှောက်လုံး အရေးကြီးသော အသက်ပိုင်းများမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄၀၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၇၁နှင့် ၈ဝနှစ်တို့ဖြစ်ကြပေသည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆နှင့် ၃၁ ရက်တို့၌ မွေးဖွားကြသူများသည် သင်နှင့် နီးစပ်သူများ ဖြစ်သည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *