ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၃)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၈)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
လူ့ပြည်ပြဿဒါးကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် မင်္ဂလာကိစ္စတွေမှန်သမျှရှောင် သင့်ပါတယ်။ လက်ထပ်ခြင်း ၊ရုံးတတ်လက်မှတ်ထိုးခြင်း၊စေ့စပ်ခြင်း၊မင်္ဂလာစကားပြောခြင်းများလဲအထူးရှောင် သင့်ပါတယ်။အရေးကြီးတဲ့ ကိစ္စတွေ ကိုရှောင်သင့်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၉)လုံး ကျရောက်နေခြင်းကြောင့် ဖယ်ရှင်းခြင်းအတွက်သုံးရန် ကောင်းတဲ့နေ့ ဖြစ်ပါတယ်။ တီထိ(၉)လုံးအနေဖြင့် မီးလက်နက်စမ်းသပ်ဖောက်ခွဲ ခြင်း၊သစ်ပင်ခုတ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ အဆောင်လက်ဖွဲ့များစတင်ဝတ်ဆင်ခြင်း၊ ဆေးပေါက်ခြင်၊ ပိုးသတ်ဆေးဖျန်းခြင်း၊ ခွဲစိပ်ကုသခြင်းများလဲ အလွန်ကောင်း မွန်တဲ့နေ့ရက်ပါပဲ။ ဒီနေ့ဟာ ရန်သဘောကိုဆောင်တဲ့ တီထိဖြစ်တာကြောင့် ရန်အလုပ်တွေဖြစ် တဲ့ ရန်သူအား တိုက် ခိုက်ခြင်း၊ အမဲလိုက်ခြင်း၊ စစ်တိုက်ခြင်း၊ စစ်လက်နက်ပြုလုပ်ခြင်း၊ ရန်သူအားဖမ်းဆီးခြင်းမျိုး ဒီနေ့မှာလုပ်ဆောင် နိုင် ပါတယ်။
ဒီနေ့မှာဘုရားနေကဇာတင်ခြင်း၊ ထီးတင်ခြင်း၊ရှင်ပြုနားသခြင်း၊ နာမည်ကင်ပွန်းတပ်ခြင်းများလဲလုပ်ဆောင် လို့ကောင်းမွန်တဲ့နေ့မျိုးပါပဲ။ ဒီနေ့မှာကြန့်ကြာနေတဲ့ငွေကြေးတွေ၊ လက်လွန်ထားတဲ့ငွေကြေးတွေအတွက် ပြန်လည် တောင်းခံလို့အကောင်းဆုံးနေ့ရက်ပါပဲ။ သံသရာကလွတ်မြောက်ကြောင်းကိစ္စတွေဖြစ်တဲ့ ဝိပဿနာ အားထုတ် ခြင်းမျိုးတွေအထူးပဲလုပ်ဆောင်သွားနိုင်ပါတယ်။
ရိတ္တာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်ရန် မသင့်ပါ။ ရန်သူများကို သတ်ခြင်း ဖျက်ဆီးခြင်းနှင့် အကြမ်းဖက်မှုများအတွက် အထူးသင့်လျော်ပါသည်။ အရေးကြီးသောလုပ်ငန်းများအတွက် ကံ မကောင်းနိုင်သော နေ့ဖြစ်သည်။ ငြင်းခုံခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ခြင်း၊ သေနတ်ပစ်ခြင်း စသည်တို့အတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၄း၁၂)နာရီမှ မွန်းလွဲ(၁၅း၀၄)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဿာဝဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများသည်မိမိသည် အလွန်အလိုလိုသိတတ်၊ ကူညီတတ်ပြီး သဘာဝကျသော အတွေးအခေါ်သမားတစ်ဦးလဲ ဖြစ် သည်။အပေါင်းအသင်းမှားတာနဲ့ ဘဝမှာ အခက် အခဲ များသွားနိုင်ပြီး လမ်းမှားရောက်သွားနိုင်ပါတယ်။ နာမည်အဆုံးသတ်ကို ဗုဒ္ဓဟူးနံနဲ့ မှည့်ပေးလိုက်မယ်ဆိုရင်တော့ အရမ်းကို အဆိုးဖက်ရောက်သွားတဲ့သူမျိုးဖြစ်သွား တတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး အသုံးကြမ်းသူဖြစ်တာမို့ ငယ်ငယ်ကတည်းကငွေစုတဲ့အကျင့်ကို မိဘတွေက လုပ်ပေးဖို့လိုပါတယ်။ အသက် ၂၈ကနေ အသက် ၄၆အတွင်း ကောင်းသောကံတွေဖြစ်ထွန်းနိုင်တာမို့ ထိုကာလ အတွင်း ကြိုးစားမယ်ဆိုရင် သေချာပေါက် ကြီးပွားတိုးတတ်နိုင် တာကိုတွေ့ရပါတယ်။နံပါတ် ၈ နှင့် စနေဂြိုဟ်တို့ လွှမ်း မိုး ထားသည်။ မင်းက တက်ကြွတယ်၊ တရားရှိတယ်၊ စနစ်ကျတယ်၊ သမ္မာသတိရှိပြီး နည်းလမ်းကျတဲ့လူဖြစ်တယ်။ သင့်တွင် ဆိုးရွားသောအခြေအနေများကို သတ္တိရှိရှိ တွန်းလှန်နိုင်သော မွေးရာပါအရည် အချင်း ရှိသော်လည်း တစ်ခါတစ်ရံတွင် သင်သည် အလွန်ခေါင်းမာသောအပြုအမူဖြစ်ပြီး အခြားသူများ၏ထင်မြင်ချက် ကို လျစ်လျူရှုတာဟာ သင့်အတွက်အကျိုးမရှိပေ။မိမိက စွန့်စွန့်စားစား ထမ်းဆောင်ရင်းနဲ့ သင့်ဘဏ္ဍာရေး အနေအထား တိုးတက် လာပါ လိမ့်မယ်။ မင်းရဲ့ ရှည်လျားလှတဲ့ အိပ်မက်တွေ ပြည့်စုံလာလိမ့်မယ်။ ကျန်းမာရေး၊ လက်အောက်ငယ်သားများနှင့် ဥပဒေရေးရာကိစ္စများသည် သင့်အား အနှောက်အယှက်ဖြစ်စေပါလိမ့်မယ်။
အဿာဝဏီနက္ခတ်ဖြစ်တာကြောင့် အသာဝဏီ နက္ခတ်သည် ခရီးသွားခြင်း၊ ကုသခြင်း၊ လက်ဝတ်ရတနာပြုလုပ်ခြင်း၊ လေ့လာခြင်းအစ၊ မော်တော်ယဉ်များ အဝယ်/ရောင်း၊ ခရီးအတွက် သင့်လျော်သည်။ ဤနက္ခတ် သည် ပေါ့ပါးပြီး လျင်မြန်သော သဘာဝရှိသည်။ အားကစား၊ အလှဆင်ခြင်းနှင့် အနုပညာ၊ ကုန်သွယ်မှု၊ ဈေးဝယ်၊ ခရီးတို၊ ကာယလေ့ ကျင့်ခန်း၊ ကျောက်မျက်ရတနာများ ဝတ်ဆင်ခြင်း၊ လုပ်ငန်းစတင်ခြင်း၊ ပညာရေးနှင့် သင်ကြားခြင်း၊ ဆေးဝါးသောက်ခြင်း၊ ပေးကမ်းခြင်း၊ ချေးငွေယူခြင်း၊ ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ ဇိမ်ခံပစ္စည်းများကို နှစ်သက်ခြင်းတို့ကဲ့သို့သော လှုပ်ရှားမှုများအတွက် ကောင်းမွန်ပါသည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာ ပွင့်ရာအရပ်သည် မြေကြီးအရပ် ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
သိဒ္ဓယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ပြီးမြောက်ခြင်း၊ ပြီးပြည့်စုံခြင်း” ဟူ၍ အဓိပ္ပာယ်ဆောင်ပါသည်။ ကောင်းသောကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။
ကောလဝါကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် (သို့မဟုတ်) ကာလရှည်ကြာ တည်မြဲနေမည့် အရာများကဲ့သို့သော ပုံသေလုပ်ထား သည့်အရာများအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၂)နာရီမှ မွန်းလွဲ(၀၁း၃၆)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အနုတ္တရော ပုရိဿ ဓမ္မသာရတိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးမုန့်ကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း