loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(10.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(10.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ မိမိတွင် နူးညံ့သိမ်မွေ့သော၊ ငြိမ်းချမ်းသောအမူအရာရှိသည်။ ဉာဏ်ရည်ထက်မြက်ပြီး ခွဲခြမ်းစိတ်ဖြာတတ်သူဖြစ်သည်။ ကောင်းမွန်သော ရည်ရွယ်ချက်များအတွက် အခြားသူများကို အတင်းအကြပ် ခိုင်းစေသော်လည်း မိမိ၏ထင်မြင်ယူ ဆချက်များသည် လွဲမှားခြင်းမရှိ အလွန်ခိုင်မာသည်။ ယေဘူယျအားဖြင့် တိတ်ဆိတ်ပြီး နှစ်သက်ဖွယ်ဖြစ်သော်လည်း မိမိတွင် အခြားသူများခံစားနိုင်သော စရိုက်လက္ခဏာတစ်ခုရှိသည်။အဲဒါကတော့ အနုပညာခံစားချက်ရှိတဲ့အချက်ပါပဲ။

 မိမိတွင် ရိုးရှင်းသောပုံစံရှိသော်လည်း၊ မိမိသည် အလွန်ဆွဲဆောင်နိုင်သော သံလိုက်ဓါတ်နှင့် အသံဩဇာရှိသူဖြစ်သည်။ အချစ်တွင် စံပြဆန်သောအချစ်သူရဲကောင်းတွေဖြစ်ပါတယ်။ မိမိဟာ အလွန်အရည်အချင်းရှိသူ၊ စိတ်ဓာတ်ခိုင်မာ သူဖြစ်ပါတယ်။ မိမိကိုယ် ရည်ကိုယ်သွေးနဲ့ မတူတဲ့ သူတွေကိုလဲ နားလည်အောင်ပေါင်းသင်းနိုင်တဲ့သူဖြစ်ပါတယ်။ အားသာချက်က သံလိုက်ဓာတ်ရှိကြသူတွေဖြစ်ပြီး လူအများရဲ့ ချစ်ခင်ခြင်းကိုခံရသူဖြစ်ပါတယ်။ ချွေးနံမနံအောင်၊ ခံတွင်းနံမနံအောင် နေသင့်တဲ့သူဖြစ်ပါတယ်။ရေမွှေးကောင်းကောင်းသုံးပြီး နေထိုင်တာကလဲ ပိုပြီးစန်းအားကောင်း စေတဲ့ ဇာတာပါ။

မိမိမှာ အရာရာကို စူးစမ်းလေ့လာတတ်မည်။စိတ်နှလုံးကြည်ပြုံး၍ ရွှင်မြူးစွာနေတတ်မည်။  ပျော်ပျော်နေ သေခဲ သမား ဖြစ်မည်။ လိုက်လျောရမည် သို့ ဆိုလျှင်လည်း အစွမ်းကုန်လိုက်လျောတတ်သလို၊ န်အတိုက်အခံပြုရမည် ဆိုလျှင်လည်း ထိပ်ဆုံးက အတိုက်ခံလိုတတ်မည်။ မိမိ မိသားစုအပေါ်ပတ်ဝန်းကျင်အပေါ် အထူးသံယောဇဉ်ကြီးမည်။ လူတိုင်းကို မယုံကြည်တတ်ပါ။ မည်သူ့ကိုမဆို အားမလိုအားမရနှင့် ပြောဆိုတတ်မည်။ အထင်ကြီး တတ်သော်လည်း မည်သူကိုမဆို မိမိက ဗြောင်ပြော မည်။ ပွင့်လင်းစွာပြောမည်။

မိမိက အေးအေးနေချင်မည်။ သူများပြဿနာ မရှုပ်တတ်ပါ။ လူတိုင်းနှင့် သင့်မြတ်အောင် ပေါင်း၊ သင်းတတ်မည်။ မိမိကသာ အေးဆေးတုံ့နှေးနေလျှင် ဘဝ၌ ထင်သလောက်အောင်မြင်မှုမရတတ်ပါ။ အရာရာကို သွက်လက်စွာ လုပ်ကိုင်ပါ။ မြန်ဆန်စွာ ကိစ္စပြီးအောင် ကြံစည်ပါ။ အထူးအောင်မြင်ပါမည်။ အပြောင်းအလဲမြန်ခြင်း၊ သေချာတိကျမှု နည်းခြင်း၊ ခိုင်မြဲမှုမရှိခြင်းများဖြစ်ပါလျှင် ဘဝတစ်ခုလုံး အောင်မြင်မှုနည်းပါးပြီး အမျိုးမျိုးဆုံးရှုံးမှုများ တွေ့ နေရပါမည်။ မိမိက လူတစ်ဘက်သားကို စေတနာမေတ္တာထားတတ်မည်၊ သူများကိုခင်မင် လိုက်လျောလွန်းတတ် သောကြောင့် သူများက မိမိကို ခုတုံးလုပ်လျက် အခွင့်အရေးများ ယူသွားမည်။ မိမိကို ချောက်တွန်းကြမည်။ အခွင့်အခါ ကောင်းများ ယူသွားတတ်မည်။

မိမိက အစိုးရအလုပ်ဖြစ်စေ၊ကိုယ်ပိုင်အလုပ်ဖြစ်စေလုပ်နိုင်သည်။အစိုးရ အလုပ်၌ ထိပ်တန်းရောက်နိုင်သည်။ ပါတီလုပ်ငန်း၊ နိုင်ငံရေးလုပ်ငန်းများနှင့် နာမည်ကြီး သတင်းကြီး ခံရမည်။ ဘဝ၌ သူတစ်ပါးကိစ္စနဲ့ဆက်စပ်ပြီး ရုံးဂါတ်ရောက်တတ်မည်။ မိမိက ရသမျှနှင့် တင်းတိမ်တတ်မည်။ စိတ်ထဲက လောဘကြီးမည်။ လိုချင် တပ်မက် မော မည်။ သို့သော် ရသမျှ ကုသိုလ်ကံဟူ၍ ကံကိုပုံချတတ်မည်။ အများအကျိုး ကို ဆောင်ရွက်တတ်မည်။ အများအကျိုး ဆောင်မှ ကိုယ်အကျိုးအောင်မည်ဟူသော အယူအဆကို လက်ခံရတတ်မည်။ မိမိက တစ်ယောက်တည်း တာဝန်ခံ၍ မလုပ်ချင်ပါ။ ဝိုင်းလုပ်ဝိုင်းစားလုပ်ချင်သည်။တာဝန်ကိုကြောက်သော်လည်း ပေးသောတာဝန်ကို သူများထက်ပို၍ ကျေပွန်အောင် ဆောင်ရွက်တတ် မည်။ မိမိမိသားစုတို့ကို အထူး ချစ်ခင်ပါသည်။

#ကျန်းမာရေး

ဇန်နဝါရီလ ၁၊ ၁၀၊ ၁၉၊ သို့မဟုတ် ၂၈ရက် ဖွားခဲ့သော်၊ မူးယစ်စေတတ်သော ဆေးဝါးနှင့် အရက်သေစာ သောက်စားခြင်း မရှိလျှင် လွန်စွာ ကျန်းမာရေးကောင်းသူဖြစ်လိမ့်မည်။ အရက်၊ဝိုင်၊ပင်လယ်စာ၊အချိုရည်၊ဟော့ပေါ့ စတဲ့အစားအသောက်တွေနဲ့မတည့်ပါဘူး။မကြာခဏဆိုသကဲ့သို့ပင် အအေးမိခြင်း၊ အကြောအခြင် ကိုက်ခဲ ခြင်း စသည်တို့ကို ခံစားရတတ်ပါသည်။ ထိုရောဂါမျိုးကို ရှောင်ရှား လိုပါက ခြောက်သွေ့ သောရာသီဥတုနှင့် ကုန်းမြင့်ဒေသတို့ကို ရွေး ချယ်၍ နေထိုင်သင့်ပါသည်။ အပူဒဏ်ခံနိုင်ပေမဲ့ အအေးဒဏ်ကိုမခံနိုင်ကြတဲ့ဇာတာမျိုးတွေ ဖြစ်ပါတယ်။

တနင်္ဂနွေဂြိုဟ် (နေမင်း) နှင့် ယူရေးနပ်စ်ဂြိုဟ်အသီးသီးကို ကိုယ် စားပြုသော ““တစ်”နှင့် “လေး” တို့သည်..သင့်အတွက် အရေးပါ သော ဂဏန်းများဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်လ၌မဆို ၁၊၄၊ ၁၀၊ ၁၃၊ ၁၉၊၂၂ ၊ ၂၈ နှင့် ၃၁ရက်တို့မှ တရက်ရက်တွင် ကိုယ့် အတွက် အရေးကြီးသည့်ကိုစ္စများကို ဆောင်ရွက်သင့်လှပေသည်။

  မိမိ၏ညှို့ဓါတ်စွမ်းအား တိုးတက်စေရန်နှင့် ပိုမိုကံကောင်းစေရန်ဝတ်စားဆင်ယင်ရာတွင် တနင်္ဂနွေဂြိုဟ်နှင့် ယူရေးနပ်စ်ဂြိုဟ်တို့နှင့်သက်ဆိုင်သော အောက်ပါအရောင်များကို ရွေး၍အသုံးပြုပါ။

#တနင်္ဂနွေဂြိုဟ်- ရွှေရောင်၊ ရွှေညိုရောင်၊ ကြေးနီရောင်နှင့် အဝါ ရောင်။

ယူရေးနပ်စ်ဂြိုဟ်- နီလာရောင်၊အပြာရောင်၊ မီးခိုးရောင်နှင့်အဖြူရောင်

 ကိုယ့်အတွက် ကံကောင်းစေမည့် ရတနာများမှာ စိန်၊ နီလာနှင့်ပယင်းတို့ဖြစ်သည်။

  သင့်ဘဝတွင် အမှတ်ထင်ထင် ဖြစ်စေမည့်. အသက်ပိုင်းများမှာ ၁၀၊ ၁၉၊ ၂၀၊ ၃၇၊၄၆၊ ၅၅၊ ၆၄၊ ၇၃နှစ်နှင့် ၄၊၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇၊ ၇၆ နှစ်တို့ဖြစ်ပါသည်။

 တနှစ်တာအတွင်း မည်သည့်လ၌မဆို “တစ်”နှင့် “လေး”ဂဏန်း များကို ဖြစ်စေသော ရက်များ (ဥပမာ−၁၊ ၄၊ ၁၀၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈နှင့် ၃၁) ရက်များတွင် ဖွားမြင်သူများနှင့် ဘဝတလျှောက်လုံး ရေစက်ဆုံနေပါလိမ့်မည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *