ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ရောဟဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ မိမိသည် နိုင်ငံခြားကံ အားကောင်းပြီးအဝေးသို့ ထွက်ခွာ သွားနိုင်သည်။ မိမိကိုယ်မိမိ ဆုံးမခြင်းသည် မိမိတို့ရဲ့ အကောင်းဆုံးအမှတ်သညာ တစ်ခုပဲဖြစ်ပါတယ်။ငွေကြေးကံအားကောင်းတဲ့ဇာတာမျိုးဖြစ်ပြီး လက်ထဲဘိုင်ပြတ်နေရင် တစ်နေရာရာကနေ ငွေဝင် လာတတ်ပါတယ်။ မိမိတွင် အကြံဥာဏ်များစွာနှင့် အရည်အချင်း များစွာရှိတတ်ပြီး တစ်ခုတည်းသာ ဖွံ့ဖြိုးတိုးတက်ရန် မဟုတ်ဘဲနယ်ပယ်များစွာမှာထွန်းပေါက်နိုင်ပါသည်။ မိမိနှလုံးသားမှ ခံစားချက်ကို လိုက်နာခြင်းထက် ဦးနှောက် စကားကိုလိုက်နာခြင်းက ပိုကောင်းတဲ့သူများအဖြစ်တွေ့ရှိနိုင်သည်။ မိမိ၏ ဥာဏ်ပညာ ကမိမိအတွက် စိန်ခေါ်မှုဖြစ် သည်။ ဥာဏ်ကြီးလေ ထူးခြားတဲ့အောင်မြင်မှုရလေပါပဲ။ ကံကောင်းတာ မိမိထက် ပညာ အားဖြစ်စေ၊ဓန အားဖြစ်စေ သာလွန်သောအိမ်ထောင်ဘက်ကိုရရှိတတ်ပါတယ်။ ကံအားနည်းချက်က သက်လတ်ပိုင်း ထိ နေရာထိုင် ခင်းမတည် ငြိမ်ကြသူတွေပါ။ ကြုံတဲ့နေရာနေ၊ကြုံတဲ့နေရာအိပ်ရတတ်တဲ့သူတွေဖြစ်နေတတ်ပါတယ်။

မကြာဏ ငွေရေးကြေးရေးတွင် ဒုက္ခရောက်မည်။ငွေရလွယ်သော်လည်း အဟောသိကံငွေကုန်ကြေးကျများနေမည်။ မိမိက စိတ်ဓာတ်ကျလျှင် ပြန်လည်ထူထောင်မိရန် မလွယ်တော့ပါ။ အောင်မြင်ရေးမှာ စိတ်အပေါ် မူတည်ပါသည်။ စိတ်ချမ်းသာလေ အောင်မြင်လေဖြစ်မည်။ကျန်းမာရေးအတွက် အရမ်းကြီးပူပန်စရာမလိုတဲ့သူတွေဖြစ်ပါတယ်။ မိန်းကလေးတွေဆိုရင်တော့ သွေးသားဓမ္မတာနဲ့ပတ်သက်ပြီးတော့ အားနည်းချက်ရှိကြသူတွေဖြစ်ပါတယ်။နှလုံးနှင့် အသည်းအားနည်းချက်ရှိကြတယ်။ အရက်သေစာကို စွဲစွဲမြဲမြဲသောက်ပါက အသက်တိုပါလိမ့်မယ်။
မိမိမှာ စကားပြောဝါသနာပါမည်။ အတင်း အဖျင်းဝါသနာပါမည်။ ရပ်မှုရွာရေးကိုလိုက်၍ ဆောင်ရွက်ပေးမည်။ အများဝန်ထမ်းဇာတာခေါ် ရပါမည်။ မိမိက အရာရာကို ဝါသနာပါမည်။ စူးစမ်း လေ့လာတတ်ပါမည်။ မိမိလုပ်ခဲ့ သမျှအတွက် ဂုဏ်ယူတတ်မည်။ မိမိက လူများစု၏ အထင်ကြီးမှုအလိုရှိမည်။ အမြင်ကြီးအထင်ကြီးခံလိုမည်။ မိမိက အကျိုးမရှိသော အခွင့်အရေးများကို ယူတတ်မည်။ အလွန်အကျိုးရှိ သောအလုပ်များကို မလုပ်တတ်ပါ။ စေတနာထက် သန်တတ်မည်။ တည်တည်ငြိမ်ငြိမ် မနေတတ်ပါ။ဟိုသွား သည်သွား လှုပ်လှုပ်ရှားရှားသွားသောရမှ ကျေနပ်မည်။ တစ် နေရာတည်းနေရလျှင် စိတ်မတည် ဖြစ်မည်။ မိမိက တစ်ခုခုကို လုပ်မည်ကိုင်မည်နှင့် မလုပ်ဖြစ် သည် ကများပါတယ်။
မိမိစိတ်ထင်ရာ လုပ်တတ်မည်။ ရည်ရွယ်ချက်မဲ့လုပ်တတ်မည်။ ပျော်သလိုနေတတ်မည်။ မိမိထိပ်တိုက် ရင်ဆိုင်ရတိုင်း အရှုံးပေးသယောင်ရှိပေမဲ့အရှုံး၏ နောက်ကွယ်မှနေ၍ အနိုင်ယူတတ်မည်။ ရန်ငြိုးကြီးမည်။ အနုပညာဂီတကို ဝါသနာ ပါ၍ လိုက်စားမည်။ ဂီတသမားကောင်း ဖြစ်တတ်သည်။ သို့သော်အခြားကိစ္စမများတွင်တော့မိမိက ဒါလိုလို ဟိုဟာ လိုလို ဝိုးတဝါးလိုက် စားမည်။ တစ်ခုခုကို တီးမိခေါက်မိလျှင် စွန့်လွှတ်၍ အခြားတစ်ခုခုကို စူးစမ်းလိုသော စိတ်ရှိပါ မည်။
စိတ်ကူးယဉ်သလိုလည်း လက်တွေ့လုပ်ကိုင် မည်။ စိတ်နှစ်လုပ်တိုင်းအကျိုးရှိတတ်ပါတယ်။ မိမိကလူများ စိတ်ပျက်၍ ပစ်ထားသော အလုပ်များ၊သူများ မလုပ်နိုင်သော အလုပ်များကို ပို၍လုပ်မည်။ အပြိုင်အဆိုင်သဘော လုပ်မည်။ လုပ်၍လည်းအောင်မြင်မည်။ မိမိမှာ ကံ၏ အကျိုးခံစားရမည်။ ကံကောင်းသည် ။ဒုက္ခရောက်လျှင် ကူညီသူအမြဲရှိမည်။ စိတ်မတိုပါနှင့်၊ ဒေါသမကြီးပါနှင့်၊ အလကားနေရင်း သူများကိုမတိုက် ခိုက်ပါနှင့်။
မိမိတွင် အောင်မြင်ရမဲ့ကံပါမည်။ မည်သည့် ကိစ္စ နှင့်မဆို အဆုံးစွန်းရောက်အောင် မလုပ်နိုင်ပါ။ ဆုံးခန်းတိုင်အောင် မလုပ်ချင်တတ်ပါ။ လုပ်ရင်း လုပ်ရင်းနှင့် အခြား ကိစ္စအပေါ် စိတ်ဝင်စားသွားမည်။ အာရုံစူးစိုက်မှုနည်းမည်။ မိမိက ချစ်မေတ္တာနှင့် ပတ်သက်၍ သံသယစိတ် ဝင်တတ် သည်။ စိတ်ဓာတ်အတက်အကျမြန်မည်။အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက်ကို မည်သည့် အခါမှ မယုံကြည်တတ် ပါ။ အမြဲသံသယစိတ်ဖြင့် ဆက်ဆံနေမည်။ မကောင်းပါ။
ကံကောင်းတဲ့အချက်ကငယ်ရွယ်စဉ်မှာပဲစောလျင်စွာအောင်မြင်မှုတွေရနိုင်တဲ့ဇာတာရှင်တွေဖြစ်ကြပါတယ်။ အသက် ၁၈ကနေအသက်၂၇အတွင်းကံကြမ္မာကအကောင်းဆုံးသောအခွင့်အရေးတွေ၊ကောင်းမွန်တဲ့အလုပ်တွေ၊ငွေကြေး ဥစ္စာ တွေ မိမိရှေ့မှောက်ကို လာပုံပေးတတ်ပါတယ်။
“နှစ်” “ခုနစ်”ဂဏန်းနံပတ် ရက်စွဲများကိုဖြစ်ပေါ်စေသည့် ၂၊ ၇၊၁၁၊ ၁၆၊၂၀၊ ၂၅၊ ၂၉ စသည်တို့သည် အရေးပါလှသည်။ မည်သည့်လတွင်မဆို ထိုနေ့များတွင် ဆောင်ရွက်စရာတို့ကို ဆောင့် ရွက်ပါ။
အဖြူ၊နို့နှစ်ရောင်၊အစိမ်းဖျော့၊ ဂျိုးငှက်ရောင်၊ မီးခိုးရောင်၊ အစရှိသော အရောင်အသွေးများ ပါသော အဝတ်အစား အသုံး ဆောင်များကို အသုံးပြုပေးခြင်းဖြင့် ညှို့ဓါတ်စွမ်းအားတိုးတက်ပြီး “ကံ”ကောင်းလာနိုင်သည်။
ဘဝတစ်သက်တာအတွင်း မှတ်ထင်ထင် ဖြစ်စေမည့် အသက်အပိုင်းများမှာ ၇၊ ၁၁၊ ၁၆၂၀၊ ၂၅၂၉၊ ၃၄၊ ၃၈၊ ၄၃၊ ၄၇၊ ၅၂၊ ၅၆၊ ၆၁၊ ၆၅၊ ၇၀၊ ၇၄ နှစ်တို့ဖြစ်ကြသည်။တစ်နှစ်တာမှမည်သည့်လမှမဆို ၂၊ ၇၊ ၁၁၊ ၁၆၊ ၂၀၊ ၂၅၊ ၂ ၉ရက်ဖွားများနှင့် တွေ့ဆုံရင်းနှီးရဖန် များတတ်သည်။
ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။
#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်
09775555695