loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(12.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(12.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အလုပ်ကြိုးစားတယ်၊ အရည်အချင်းရှိပြီး စည်းကမ်းစနစ်ရှိတဲ့သူတွေဖြစ်ပြီးမိမိတည် ဆောက်ထားတဲ့အရာကို တန်ဖိုးထားတတ်သူပါ။ စိတ်ချ ခိုင်မာပြီး လုံခြုံသည်ဟု ခံစားရခြင်းသည် မိမိအတွက် အဓိက မောင်းနှင်အားဖြစ်ပါလိမ့်မယ်။ မိမိပတ်ဝန်းကျင်တွင် ပတ်သက်ဆက်နွယ်သူအားလုံးနှင့် မိမိဆက်ဆံရေးကသဟဇာတ ဖြစ်  အောင်ဆောင်ရွက်နိုင်ပါတယ်။ မိမိသည် အပြောင်းအလဲကို အနည်းငယ်ကြောက်တတ်ပြီး မိမိဘဝသည် ကံကြမ္မာ ၏ လှည့်ကွက်များကို မကြာခဏ ခံစားရတတ် သည်။

မိမိ၏အသေးစိတ်အချက်ကို အာရုံစိုက်ခြင်းသည် ထူးထူးခြားခြား ဖြစ်ပြီး မိမိသည် လက်ကားစီးပွားရေးများ တွင်လဲ ပြီးပြည့်စုံသူတစ်ဦးဖြစ်နိုင်သည်။ စိတ်အားထက်သန်မှု၊ နုပျိုမှု၊ စိတ်ပါဝင်စားမှုနှင့် စိတ်ဝင်စားဖွယ်ကောင်း သော လက်တွဲဖော်တစ်ဦးရှိလျှင် မိမိအတွက် ပို၍ပင် အကောင်းဆုံး ဖြစ်လိမ့်မည်။မိဘဝလုံခြုံမှုနှင့် ယုံကြည် စိတ်ချရမှုအတွက် စိတ်ဆန္ဒ အလွန်ပြင်းထန်စွာ ဆောင်ရွက်တတ်သူဖြစ် ပါတယ်။ ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီမှုကို လိုလားရုံသာမက ပဋိပက္ခများကို တရားမျှတစွာ ဖြေရှင်းနည်းကို အလိုလို နားလည်သဘောပေါက်သောကြောင့် မိမိသည် အကောင်းဆုံး ဖျန်ဖြေသူ သို့မဟုတ် အချင်းချင်းကြား သံတမန်နည်းကျ စေ့စပ်ညှိနှိုင်းနိုင်သူ ဖြစ်ပါသည်။ ကြားပွဲစား၊အကျိုးဆောင်၊စေ့စပ်ညှိနှိုင်းပေးသူများ ဖြစ်တတ် ပါတယ်။ မိမိသည် အလွန်အတွေများ စိတ်ကူးယဉ် တတ်သူ ဖြစ်ပြီး ထူးခြားသောဆွဲဆောင်မှုရှိသည်။

အားနည်းချက်ကကပ်စေးနည်းတတ်တာ ကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ကြသူတွေလဲဖြစ်ပါ တယ်။ ငွေကို ဘယ်လိုချွေတာရမလဲဆိုတာကို ကျွမ်းကျင်ပေမဲ့ ..ဘယ်လိုတိုးပွားအောင်လုပ်မလဲ ဆိုတဲ့အပိုင်းကျတော့ ရင်းနှီး မြုပ်နှံရာတွင်လက်တွန့်နေတာကြောင့် ထင်သလောက်မတိုးတတ်တာမျိုးမြင်ရပါတယ်။ အိမ်ထောင်ရေးမှာ တော့ အထိုက်အလျောက်ကံကောင်းကြတဲ့သူ တွေဖြစ်ပေမဲ့ အရမ်းကြီးစိတ်တိုင်းကျတဲ့အိမ်ထောင်ဘက်ကိုတော့ ရဖို့ ခက်ခဲ ပါ တယ်။

အများ အကျိုး သည်ပိုးဆောင်ရွက်တတ်ပါသည်။ မိမိ ကိုသာ တစ်စုံတစ်ယောက်က မတရားလုပ်ထားလျှင် မိမိက နှစ်ဆပြန်လက်စားချေရမှ သဘောကျမည်။ မိမိကို အပ်နှင့် လာထွင်းလျှင် မိမိက ပေါက်ဆိန်နှင့် ပြန်ပေါက်လိုသော စိတ်ရှိမည်။ မိမိက မိမိ ပတ်ဝန်းကျင်အတွက်သော် လည်းကောင်း၊ တိုင်းပြည် အတွက်သော်လည်းကောင်း ကောင်း ကျိုး တစ်ခုကို ဆောင်ရွက်ခဲ့တတ်မည်။

မိမိမှာ ထည်ဝါခံ့ညားစွာ နေထိုင်ရသော ကံဇာတာ ပါပါသည်။ မိမိက မည်မျှစေတနာနှင့် ဆက်ဆံ၍ လုပ်ကိုင်သော် လည်း မိမိတွင် မည်သည့် အခါမှ ကျေးဇူးတင်မခံရတတ်ပါ။ မိမိမှာ ထူးခြားသော ဘဝ အသိဉာဏ်ရှိပါသည်။ တစ်ခုခု ကိုတွေးလျှင်၊ စဉ်းစားလျှင်၊ ဆုံးဖြတ်လျှင် အမြဲတမ်း မှန်ကန်နေ တတ်ပါသည်။ အရာရာတိုင်းမှာ ကောင်းကောင်း၊ မကောင်းကောင်း မိမိ၌ နှစ်ဆပြန်၍ ဖြစ်ပျက်ကြုံတွေ့ ခံစားရပါမည်။

မိမိမှာ မွေးရပ်ဇာတိမြေဖြင့် အကျိုး မပေးပါ။ မိမိက လျင်မြန်ဖျတ်လတ်မည်။ သွက်လက် ချက်ချာမည်။ မိမိနှင့် တွေ့ သော သူတိုင်း မိမိကို ချက်ချင်းသဘောကျသွားအောင် ပြောဆိုလုပ်ကိုင် တတ်ပါမည်။ မိမိက တစ်ခုကို ဆုံးဖြတ် ထားလျှင် မဖြစ်မနေ လုပ်တတ်မည်။ ဇွဲသတ္တိဝိရိယနှင့် ပြည့်စုံ ပါသည်။ အစားကြီးမည်။ အရသာခံတတ်မည်။ အဝတ် အစားများ သေသပ်မှ သဘောကျမည်။ သပ်သပ် ရပ်ရပ် နေထိုင်စားသောက်တတ်ပါမည်။ မိမိက တစ်ယောက်တည်း နေလိုမည်။ အေးအေးဆေးဆေး စဉ်းစား၍ စိတ်ကူးပြီးနေလိုတတ်မည်။ ပျော်ရွှင်စွာ နေမည်။ မိမိမှာ ကိုယ်ပိုင် အလုပ်ဖြင့် အကျိုးပေးမည်။

လွတ်လပ်မှုကို သဘောကျမည်။ မိမိလုပ်နေရင်းနှင့် အနှောင့်အယှက်ပေးလျှင် အလွန် စိတ်တိုမည်။ ဒေါသကြီးမည်။ မိမိက မာနကြီးပါ သည်။ မိမိလုပ်သမျှဖြစ်ရမည်ဟူသော စိတ်ရှိမည်။ မဖြစ်မနေလုပ်နိုင်သော အစွမ်းရှိပါသည်။ မိမိတို့အတွက် အရေးပါသောဂဏန်းများမှာ “၃” နှင့် “၇” ဂဏန်းတို့ဖြစ်သည်။ ၎င်းတို့သည် ကြာသပတေးနှင့် စနေဂြိုဟ်တို့ကို အသီးသီးကိုယ်စားပြုနေကြပေသည်။ဒါကြောင့် ဆောင်ရွက်စရာ ကိစ္စများနှင့် အကြံအစည် တို့ကို ““သုံး”ဂဏန်းကို ဖြစ်ပေါ်စေသည့် ၃၊၁၂၊၂ ၁ နှင့် ၃ဝ ရက်များ တွင် လုပ်ဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်သင့်သည်။

သင်၏ ညှို့ဓါတ်စွမ်းအားတိုးတက်စေရန်နှင့် ပိုမို ကံကောင်းစေ ရန် ဝတ်စားဆင်ယင်ရာတွင် ကြာသပတေးဓါတ် အရောင်များကို အသုံးပြုသင့်သည်။ ၎င်းတို့မှာ ခရမ်းရောင် အနုဆုံးမှ အရင့်ဆုံး အထိ ပါဝင်ပေသည်။မိမိအတွက် ကံကောင်းစေမည့် ရတနာများမှာ ခရမ်းရောင်အသွေးပါသော ခရမ်းစွဲကျောက်များ၊ ပုလဲနှင့်စိန်တို့ ဖြစ်ကြပေ သည်။ဘဝ တလျှောက်တွင် အရေးကြီးသော အသက်ပိုင်းတို့မှာ ၃၊၈၊၁၂၊၁၇၊၂၁၊၂၆၊၃ဝ၊ ၃၅၊ ၃၉၊ ၄၇၊ ၄၄၊ ၅၃၊ ၅၇၊ ၆၂၊ ၆၆၊၇၁၊၇၅ နှင့်၈ဝတို့ဖြစ်ကြပါသည်။

တစ်နှစ်တာအတွင်း မည်သည့်လတွင် ဖြစ်စေ၊ သုံးဂဏန်းကို ဖြစ် ပေါ်စေသော ၃၊၁၂၊၂၁ နှင့် ၃ဝ ရက်တို့၌ မွေး ဖွားသူများသည် သင့်အတွက် အဆွဲဆောင်ဆုံးသောသူများဖြစ်ပေသည်။ ရှစ် ဂဏန်း ကိုဖြစ်ပေါ်စေသော ၈၊၁၇ နှင့် ၂၆ ရက် ဖွားတို့နှင့်လည်း နီးစပ်နိုင် ပါသည်။ သို့သော်ရှစ်ဂဏန်းဟာ “သုံး”ဂဏန်းသမားများလောက် သင့်အတွက် အကျိုး မပြုတတ်ကြချေ။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *