loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(13.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(13.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည်အလွန်ဆွဲဆောင်မှုရှိသော၊ လျင်မြန်သောဉာဏ်ရှိသူ၊ ပုဂ္ဂိုလ်ရေးဆန်သော၊ သံလိုက် စွမ်း အား ကို ပိုင်ဆိုင်သူဖြစ်သည်။ မိမိတွင် ယေဘူယျသဘောကောင်းပြီး သဘောကျနှစ်သက်ဖွယ် ကောင်းသော အရည် အသွေးရှိပြီး လူတွေက မိမိကို နူးညံ့သိမ်မွေ့တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ထားလေ့ရှိပါတယ်။ မိမိက အတော်လေး ပီပြင်ပြီး ဆွဲဆောင်မှုရှိတဲ့ စကားပြောဆိုတတ်သူပါ။ မိမိဟာ အချစ်ရေးမှာ အရမ်းစံပြဖြစ်ပါတယ်။ အချစ်ကိုတန်ဖိုးထားသည်။အချစ်ဦးမှမရရင် တစ်ကိုယ်တည်း single life ဘဝနဲ့နေသွားချင်သူတွေဖြစ်ပါ တယ်။

 ကိုယ်ရည်ကိုယ်သွေးပိုမိုကောင်းမွန်ရန် အရမ်းစိတ်အားထက်သန်နေတတ််ပါ တယ်။ဒါကြောင့် ပဲ အလုပ်ခွင်မှာ ခေါင်းဆောင်၊မန်နေဂျာနဲ့ လူအများကိုအုပ်ချုပ်နိုင်သူဖြစ်လာတတ်ပါ တယ်။ငယ်ရွယ် စဉ် အခါတွင် မိမိသည် အလွန် စိုးရိမ်ပူပန်ပြီး သက်လတ်ပိုင်းရောက်ရင်တော့ ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်သွားပါ လိမ့်မယ်။ ဒါပေ မယ့် ဘဝအတွေ့ အကြုံတွေရလာတာနဲ့အမျှ ပြောင်းလဲမှုတွေကို လက်ခံဖို့ သင်ယူတတ်သူဖြစ်ပါတယ်။ လုပ်ငန်းစီးပွား အားကောင်း ပေမဲ့ အလုပ်ကြောင့် အိမ်မကပ်ရတဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းပေမဲ့ အရေပြားနဲ့ ပတ် သက် တဲ့ရောဂါလေးတွေဂရုစိုက်ပေးပါ။အထိုင်များသူဆို လိပ်ခေါင်းရောဂါဖြစ်စေနိုင်တာကိုတွေ့ရပါ တယ်။ အနုပညာပိုးပါ လာသူတွေဖြစ်ပါတယ်။ အနုပညာနယ်ပယ်တစ်ခုခုမှာပေါက်မြောက်အောင်မြင်တတ်ပါတယ်။

မိမိ၏ ပျော့ကွက် အားနည်းချက်တို့ကို ပြင်ဆင် မှုမပြုလျှင် မိမိအစွမ်းအစများ အလိုလိုပပျောက်သွားမည်။ နှောင့် နှေးစွာ အောင်မြင်ပါမည်။ ငွေရေး ကြေးရေး အရလွယ်သလောက် သာကုန်လွယ်မည်။ မကြာခဏ စုပုံစုလိုက်ရမည်။ လာဘ်လာဘရွှင်မည်။သို့သော် ပြီးစလွယ်လုပ်မည်။ ကြိုးစားမှုသည် မိမိအောင်လံဖြစ်သည်။

မိမိစိတ်ညစ်ရတိုင်း၊ စိတ်ဒုက္ခရောက်ရတိုင်း၊ ပြဿနာများတွေ့ ရတိုင်း မည်သူ့ကိုမှ အပြစ်မတင် ပါနှင့်၊ မိမိ အားနည်းချက်သာ ဖြစ်ပါသည်။ မိမိမနေတတ် မထိုင်တတ်မှု၏ အကျိုးမှာ မိမိဒုက္ခရောက်စေခြင်း ဖြစ်ပါသည်။ မိမိက အထူးအဆန်း ဝါသနာပါသည်။ သစ်လွင်ဆန်းသစ်မှုကို သဘောကျမည်။ အလုပ် လုပ်ရာ၌ မပျင်းပါနှင့်၊ စိတ်ကူးယဉ်လွန်းမနေပါနှင့်။ အလုပ်လုပ်ပါ။ ကြိုးစားပါ။ အပင်ပန်းခံပါ ။ အောင် ရပါမည်။

မိမိအပေါင်းအသင်းများက မိမိကို ကျေးဇူး တုံ့ပြန်တတ်သူမဟုတ်ပါ၊ မိမိရှေ့၌ မိမိကို ချီးကျူး ပြီး မိမိကွယ်ရာ၌ မိမိ အတင်းအဖျင်း ပြောခြင်းခံရ မည်။ မိမိ မိတ်ဆွေများမှာ ပေးတုံးယူ ကျွေးတုံးစား နောက်ရန်သူဟူသော လူစားမျိုးဖြစ်သည်။ မိမိမှာ အရာရာတိုင်း၌ အစကောင်းသော်လည်း အဆုံး၌ ပြဿနာအမျိုးမျိုးနှင့် တွေ့ ရမည်။ မိမိမှာ စိတ် အနှောင့်အယှက်တွေ့ ရလေ အောင်မြင်လေဖြစ်သည်။ အတိုက်အခံနှင့် တွေ့ ရလေ အောင်မြင်လေဖြစ်မည်။ မိမိက ပြီးစလွယ် ပေါ့ပေါ့ဆဆလုပ်မည်ဆိုလျှင် မအောင်မြင်နိုင်ပါ။ မိမိက သေချာစွာ လုပ်ပါ၊ သေသပ်စွာ လုပ်ပါ၊ လေး နက်စွာ လုပ်ပါ၊ တိကျစွာ လုပ်ပါ၊ အောင်မြင်ပါမည်။ မိမိက လွတ်လွတ် လပ်လပ် နေထိုင်စားသောက်လိုမည်။ စည်းကမ်းမရှိ ဖြစ်မည်၊ မကြာခဏ ချုပ်ချယ်မှုများ အနှောင်အဖွဲ့ တွေ့ ရတတ်သည်။

မိမိမှာ စိတ်ဓာတ်ခိုင်မာသည်၊ တည်ကြည် သည်၊ ရိုးသားသည်၊ လူကြီးလူကောင်းစိတ်ရှိသည်၊ မိမိက အရာရာကို ကြီးစိုးလိုမည်။ ချုပ်ချယ်လိုသည်။ လွတ်လပ်မှုကို သဘောကျမည်။ လူတိုင်းကို မယုံ ကြည်တတ်ပါ။ မိမိစေတနာကောင်းသလို မိမိအပေါ် စေတနာကောင်းသူ ရှားပါးမည်။ ညီညွတ်ရေးနှင့် စုရုံးရေးကို အထူးဝါသနာ ပါမည်။ မိမိလက်ရှိဘ၀ ထက် ပို၍ပို၍ တိုးတက်အောင်၊ အောင်မြင်အောင် ကြိုးစားပါ။ မိမိဘဝမျှော်လင့်ချက် ပန်းတိုင်သို့ မရောက်ရောက်အောင် သွားပါ။

မိမိက မည်မျှကောင်းသော်လည်း မိမိ၌ မိတ်ကောင်း ဆွေကောင်းနည်းပါးမည်။ မိမိထံမှ ညာစားပြီး မိမိကို ချောက်တွန်းသူများ၊ မကောင်းကြံသူများနှင့်တွေ့နေ ရမည်။ မိမိမှာ စိတ်ရှည်သည်၊ မဖြစ်မနေ လုပ်တတ် မည်၊ တစ်ခါတစ်ရံသာ ပင်ပန်းခံ၍ တစ်ခါတစ်ရံ ပျင်းရိထိုင်းမှိုင်းနေမည်။ကျန်းမာရေးကတော့ အရွယ်သုံးပါးမှာ ပထမအရွယ်မှာ ကျန်းမာရေးကောင်းရင်၊တတိယအရွယ်အလွန်ညံ့တယ်။ ပထမအရွယ် ကျန်းမာရေးအလွန်ခြူခြာပါ က အိုမင်းချိန်တွင်ကျန်းမာရေးအညံ့နည်းမယ်။သင်ယူလွယ်၊တတ်မြောက်လွယ်သည်။ စိတ်ချမ်းသာပြီး ပျော်စရာ ကောင်းတဲ့ကျောင်းကိုတက်ရပါက တိုးတတ်မယ်။ဖိအားများတဲ့ ကျောင်းတွေ၊တင်းကြပ်လွန်းတဲ့ကျောင်းတွေထားရင် ပညာအပေါ်စိတ်နှစ်လို့မရနိုင်တော့ပါ။ မိဘတွေဆင်ခြင်နိုင်ဖို့ပါ။

၄ဂဏန်း၊၁ဂဏန်းနှင့် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းနံပတ်၊ ရက်စွဲများ (ဥပမာ-၁၊ ၄၊ ၁၀၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈၊ ၃၁) သည် အကျိုးပေးတတ်သဖြင့် ကိစ္စကြီးငယ်ရှိလျှင် ၎င်းတို့နှင့် တိုက် ဆိုင်မိအောင် ကြံစည်စောင့်ဆိုင်း၍ လုပ်ကိုင်သင့် သည်။

၈ဂဏန်းနှင့်၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းနံပတ်၊ ရက်စွဲများ၊ (ဥပမာ-၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃)နှင့် ကြုံရပါများလေ ရှိသော်လည်း တတ်နိုင်သမျှ ရှောင်သည်။ အကျိုး မပေး တတ်ပါ။အဝါ၊ရွှေရောင်၊ကြေးနီရောင်၊ မီးခိုးရောင်၊ အဖြူ ရောင်ပါသော အရောင်များ၊ နီလာရောင် စသည်တို့ကို အဝက်အစား အသုံး အဆောင်တွင် ပါဝင်အောင် အသုံးပြု ပေးနိုင်လျှင် ကံဇာတာနှင့်ညို့ဓာတ်စွမ်းအင် ထက်မြက် လာနိုင်သည်။

စိန်၊ ဥဿဖယား၊ နီလာ၊ ပုလဲနက်စသော ကျောက်မျက် ရတနာ များကို အသားနှင့်ထိလျက် ဆင်မြန်းထားနိုင်ပါက ပိုမိုကံကောင်း လာနိုင်သည်။ဘဝတစ်သက်တာဝယ် အမှတ်မထင်ဖြစ်နေသည့် အသက်ပိုင်းများ မှာ ၁၀၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈၊ ၃၁၊ ၃၇၊ ၄၀၊ ၄၆၊ ၄၉၊ ၅၅၊ ၅၈၆၄၊ ၆၇ နှစ်တို့ဖြစ်ကြသည်။ အသက် ၂၈၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃နှစ်တို့တွင် အရေးကြီးသော ဖြစ်ရပ်များနှင့် ကြုံရ တတ်သည်။

မည်သည့်လမှမဆို ၁၊ ၄၊ ၁ဝ၊၁၃၊ ၁၉၊ ၂၂၊ ၂၈၊ ၃၁ရက် ဖွားများနှင့် ရင်းနှီးလွယ်တတ်သည်။ ၈၊ ၁၇၊ ၂၆၊ ရက် ဖွားများနှင့် လည်း တွေ့ဆုံ အကျိုးပြုမည့် သူများ မဟုတ်ချေ။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *