ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆန်း (၁၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၂)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်နှင့်တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၄)လုံးကျရောက်နေတာဖြစ်ပြီး ဖယ်ရှင်းခြင်းအတွက်သုံးရန် ကောင်းတဲ့နေ့ ဖြစ်ပါတယ်။ တီထိ(၁၄)လုံးအနေဖြင့် ဒီနေ့မှာ ကုန်ပစ္စည်းများဝယ်သူသိုလှောင်တာမျိုးအထူးပဲ ကောင်းမွန်ပါတယ် ။မိမိလက်ထဲမှာရှိတဲ့ကြာနေပြီဖြစ်တဲ့ လှောင်ကုန် တွေလဲရောင်းထွက်သွားတတ်ပါတယ်။ ဒီနေ့မှာအလုပ်သစ်တစ်ခု စတင် လျှောက်တာ၊ အင်တာဗျုးဖြေတာ မျိုးတွေဆောင်ရွက်လို့ အလွန်ပဲကောင်းပါတယ်။
လုပ်ငန်းအနေနဲ့ အလှပြင်ဆိုင်ဖွင့်တာ၊ ဆေးခန်း၊ဆေးရုံ၊ဆေးဆိုင်စတင်ဖွင်လှစ်တာမျိုးတွေလဲ အဆင်ပြေ အောင်မြင်တတ်ပါတယ်။ ဒီနေ့မှာ သစ်ပင်စတင်စိုက်ပျိုးခြင်း၊ မျိုးစေ့ကြဲခြင်း၊ ရိတ်သိမ်းခြင်းမျိုးတွေလဲ ဆောင်ရွက် နိုင်ပါတယ်။ ငွေကြေးကိစ္စအ၀၀လဲ အထူးဆောင်ရွက်လို့ကောင်းပါလိမ့်မယ်။ ငွေပေးငွေယူကိစ္စများ၊ အာမခံလုပ်ခြင်း များ၊ ဘဏ်ကိစ္စဆောင်ရွက်ခြင်းများဒီနေ့မှာ အဆင်ပြေအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ကျောက်မျက်ရတနာများဝယ်ယူခြင်းများ၊ ကျောက်ဖြတ်ခြင်း၊ ကျောက်သွေးခြင်းမျိုးတွေ အလွန်ပဲ အဆင် ပြေတဲ့နေ့မျိုးပါပဲ။ အဝတ်အထည်များ၊ ပွဲတတ်အဝတ်အစားများ ဝယ်ယူခြင်းချုပ်လုပ်ခြင်းမျိုးလဲ ဆောင်ရွက်လို့ အထူးပဲကောင်းမွန်ပါလိမ့်မယ်။ စက်ပစ္စည်းများဝယ်ယူခြင်း၊ ရောင်းချခြင်းများ၊ ဆောင်ရွက်နိုင်မဲ့နေ့တစ်နေ့ပါပဲ။ဖုန်း၊ ကွန်ပြူတာ၊ အခြား ဖျော်ဖြေရေးနဲ့ဆိုင်သောပစ္စည်းများ ဝယ်ယူလို့ အထူးပဲကောင်းမွန်ပါလိမ့်မယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၅၆)နာရီမှ မွန်းလွဲ(၁၄း၄၈)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ မိဂသီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အလုပ်ကြိုးစားတယ်၊ အရည်အချင်းရှိပြီး စည်းကမ်းစနစ်ရှိတဲ့သူတွေဖြစ်ပြီးမိမိတည် ဆောက်ထားတဲ့အရာကို တန်ဖိုးထားတတ်သူပါ။ စိတ်ချ ခိုင်မာပြီး လုံခြုံသည်ဟု ခံစားရခြင်းသည် မိမိအတွက် အဓိက မောင်းနှင်အားဖြစ်ပါလိမ့်မယ်။ မိမိပတ်ဝန်းကျင်တွင် ပတ်သက်ဆက်နွယ်သူအားလုံးနှင့် မိမိဆက်ဆံရေးကသဟဇာတ ဖြစ် အောင်ဆောင်ရွက်နိုင်ပါတယ်။ မိမိသည် အပြောင်းအလဲကို အနည်းငယ်ကြောက်တတ်ပြီး မိမိဘဝသည် ကံကြမ္မာ ၏ လှည့်ကွက်များကို မကြာခဏ ခံစားရတတ် သည်။ မိမိ၏အသေးစိတ်အချက်ကို အာရုံစိုက်ခြင်းသည် ထူးထူးခြားခြား ဖြစ်ပြီး မိမိသည် လက်ကားစီးပွားရေးများ တွင်လဲ ပြီးပြည့်စုံသူတစ်ဦးဖြစ်နိုင်သည်။ စိတ်အားထက်သန်မှု၊ နုပျိုမှု၊ စိတ်ပါဝင်စားမှုနှင့် စိတ်ဝင်စားဖွယ်ကောင်း သော လက်တွဲဖော်တစ်ဦးရှိလျှင် မိမိအတွက် ပို၍ပင် အကောင်းဆုံး ဖြစ်လိမ့်မည်။မိဘဝလုံခြုံမှုနှင့် ယုံကြည် စိတ်ချရမှုအတွက် စိတ်ဆန္ဒ အလွန်ပြင်းထန်စွာ ဆောင်ရွက်တတ်သူဖြစ် ပါတယ်။ ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီမှုကို လိုလားရုံသာမက ပဋိပက္ခများကို တရားမျှတစွာ ဖြေရှင်းနည်းကို အလိုလို နားလည်သဘောပေါက်သောကြောင့် မိမိသည် အကောင်းဆုံး ဖျန်ဖြေသူ သို့မဟုတ် အချင်းချင်းကြား သံတမန်နည်းကျ စေ့စပ်ညှိနှိုင်းနိုင်သူ ဖြစ်ပါသည်။ ကြားပွဲစား၊အကျိုးဆောင်၊စေ့စပ်ညှိနှိုင်းပေးသူများ ဖြစ်တတ် ပါတယ်။ မိမိသည် အလွန်အတွေများ စိတ်ကူးယဉ် တတ်သူ ဖြစ်ပြီး ထူးခြားသောဆွဲဆောင်မှုရှိသည်။
မိဂသီနက္ခတ်ဖြစ်တာကြောင့် မိဂသီ နက္ခတ်သည် မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များ အတွက် သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာ ပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
ဗြဟ္မာယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “မြင့်မြတ်ခြင်း”ဟူသော အဓိပ္ပာယ်ကိုကိုယ်စားပြုပါသည်။ ကောင်းသော ကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
တေထိလကရိုဏ်း ကျရောက်နေသောနေ့ ဖြစ်သောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုူများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၂၆)နာရီမှ ညနေ(၀၅း၅၀)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ရွှေအိုရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈၊ ၀) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူကာ “ဗုဒ္ဓံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမို အဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်ဟင်းခါးပဲကြော်ထည့်…ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
တစ်နေ့တာ အချစ်ရေး ကံတရားများ…..
တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.တစ်နေ့တာ အကျိုးပေးအရောင်များ
တစ်နေ့တာ အကျိုးပေးဂဏန်းများ
အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း