ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလပြည့်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ကန်း၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရသေ့ကျော်ရက် ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ လပြည့်တီထိ ကျရောက်နေတာဖြစ်ပြီး ပြည့်ဝခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ လပြည့်တီထိ အနေဖြင့် ကြာသပတေးဂြိုဟ်စိုးမိုး နေတဲ့နေ့ရက် ဖြစ်တာ မျိုးကြောင့် ဆရာတစ်ယောက်ဆီမှာတပည့်ခံခြင်း၊ သင်တန်း များ ဖွင့်ခြင်း၊ တပည့်မွေးပြီး ပညာပေး ဝေသင်ကြားခြင်းတွေ အလွန်ပဲကောင်းမွန်ပါတယ်။
ဒီနေ့မှာ အားကစားရုံများ၊ အားကစားခန်းမများစတင်ဖွင့်လှစ်ခြင်း၊ အားကစားပွဲများကျင်းပခြင်းကိစ္စတွေ အလွန်ပဲ ဆောင်ရွက်လို့ကောင်းပါတယ်။ စာပေများ၊သတင်းစာများ၊စာပေတိုက်များ၊ မီဒီယာလုပ်ငန်းများ၊ စတင်ရောင်း ချခြင်း၊ ဖွင့်လှစ်ခြင်းကိစ္စတွေ အလွန်ပဲကောင်းပါတယ်။
နည်းပညာနှင့်ပက်သက်ပြီး အသစ်အဆန်းတီထွင်ခြင်း၊သုတေသနလုပ်ငန်းများ လုပ်ကိုင်ခြင်းများလဲ အဆင် ပြေအောင်မြင်တတ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီရောင်းချသူများဒီနေ့မှာ promotion လုပ်ခြင်း၊ ကံ စမ်းမဲဖောက်ခြင်းစတာတွေလဲ လုပ်ဆောင်လို့ အလွန်ပဲအောင်မြင်ပါလိမ့်မယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းစတဲ့အလှူအတန်းကိစ္စများလဲ အဆင်ပြေအောင်ဆောင်ရွက်နိုင်ပါလိမ့် မယ်။ ထီကံစမ်းခြင်း၊ ထီထိုးခြင်းများ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ သေချာစီစဉ်ထားပြီး ထိုးတာမျိုးမဟုတ်ဘဲ ခရီးသွားဟန်လွဲ ထီထိုးတာမျိုးက ပိုမိုကောင်းမွန်ပါတယ်။
ခရီးကိစ္စတွေ အစဉ်ပြေပေမဲ့ ညကိုးနာရီနောက်ပိုင်း ခရီးသွားခြင်းနဲ့ တောင်အရပ်ကိုခရီးသွားခြင်းမျိုးဒီနေ့ မှာသတိ ထားပြီး ရှောင်စေချင်ပါတယ်ဗျာ။ ယနေ့ ကာမ မကြူးအပ်ပါ။ လုပ်ကိုင်လက်စ လုပ်ငန်း ရေးရာတို့ကို ရှေ့တိုးဆောင် ရွက်နိုင်ပါသည်။ငွေကြေးကိစ္စအ၀၀နဲ့ပက်သက်ပြီးတော့ ငွေပေးငွေယူကိစ္စတွေ ၊ ငွေကြေးချေးငှားခြင်း၊ ငွေကြေး ရင်းနှီး မြုပ် နှံခြင်းကိစ္စတွေ သတိထားပြီးဆောင်ရွက်သွားစေချင်ပါတယ်။ ဗိုက်အောက်ဗိုက်နာဖြစ်တတ်တဲ့နေ့ဖြစ်တာကြောင့် ၇ရက်သားသမီးများအားလုံးအနေအထိုင်အစား အသောက်ဆင်ခြင်ပါ။ အစာအိမ်ရောဂါရှိသူများအထူးသတိထားပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၅၃)နာရီမှ မွန်းလွဲ(၁၄း၄၄)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ဓနုရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည်အလွန်ဆွဲဆောင်မှုရှိသော၊ လျင်မြန်သောဉာဏ်ရှိသူ၊ ပုဂ္ဂိုလ်ရေးဆန်သော၊ သံလိုက် စွမ်း အား ကို ပိုင်ဆိုင်သူဖြစ်သည်။ မိမိတွင် ယေဘူယျသဘောကောင်းပြီး သဘောကျနှစ်သက်ဖွယ် ကောင်းသော အရည် အသွေးရှိပြီး လူတွေက မိမိကို နူးညံ့သိမ်မွေ့တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် သတ်မှတ်ထားလေ့ရှိပါတယ်။ မိမိက အတော်လေး ပီပြင်ပြီး ဆွဲဆောင်မှုရှိတဲ့ စကားပြောဆိုတတ်သူပါ။ မိမိဟာ အချစ်ရေးမှာ အရမ်းစံပြဖြစ်ပါတယ်။ အချစ်ကိုတန်ဖိုးထားသည်။အချစ်ဦးမှမရရင် တစ်ကိုယ်တည်း single life ဘဝနဲ့နေသွားချင်သူတွေဖြစ်ပါ တယ်။ ကိုယ်ရည်ကိုယ်သွေးပိုမိုကောင်းမွန်ရန် အရမ်းစိတ်အားထက်သန်နေတတ််ပါ တယ်။ဒါကြောင့် ပဲ အလုပ်ခွင်မှာ ခေါင်းဆောင်၊မန်နေဂျာနဲ့ လူအများကိုအုပ်ချုပ်နိုင်သူဖြစ်လာတတ်ပါ တယ်။ငယ်ရွယ် စဉ် အခါတွင် မိမိသည် အလွန် စိုးရိမ်ပူပန်ပြီး သက်လတ်ပိုင်းရောက်ရင်တော့ ဆုံးဖြတ်ချက်ပြတ်သားသူဖြစ်သွားပါ လိမ့်မယ်။ ဒါပေ မယ့် ဘဝအတွေ့ အကြုံတွေရလာတာနဲ့အမျှ ပြောင်းလဲမှုတွေကို လက်ခံဖို့ သင်ယူတတ်သူဖြစ်ပါတယ်။ လုပ်ငန်းစီးပွား အားကောင်း ပေမဲ့ အလုပ်ကြောင့် အိမ်မကပ်ရတဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ကျန်းမာရေးအားကောင်းပေမဲ့ အရေပြားနဲ့ ပတ် သက် တဲ့ရောဂါလေးတွေဂရုစိုက်ပေးပါ။အထိုင်များသူဆို လိပ်ခေါင်းရောဂါဖြစ်စေနိုင်တာကိုတွေ့ရပါ တယ်။ အနုပညာပိုးပါ လာသူတွေဖြစ်ပါတယ်။ အနုပညာနယ်ပယ်တစ်ခုခုမှာပေါက်မြောက်အောင်မြင်တတ်ပါတယ်။
အဒြနက္ခတ်ဖြစ်တာကြောင့် အဒြနက္ခတ်သည် ရန်သူများနှင့်တိုက်ခိုက်ခြင်း၊ အဆိပ်၊ မီး၊ တစ္ဆေအမဲလိုက်ခြင်းများ အတွက် သင့်လျော်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိပြီး စစ်ပွဲတွင် အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားနတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များနှင့် အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ခရီးသွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာ ပွင့်သောအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များကို ပြုလုပ်ဆောင်ရွက်နိုင်ပါသည်။
ဣန္ဒယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “သိကြားမင်း(အကြီးအကဲ)” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြု သည်။ ကုသိုလ်ကောင်းမှုအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။
ဗိဌိကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ် အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်လျော် စေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၈း၀၂)နာရီမှ နံနက်(၀၉း၂၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင် နှင့် စိမ်းပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅၊ ၄) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး မြောက်အရပ်သို့ မျက်နှာမူကာ “သမ္မာသမ္ဗုဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ကောက်ညှင်းကျည်တောက် ဘုရားကပ် လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
#ကိုးကားစာအုပ်စာရင်း
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း