loading

14.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 14.Jan.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၅း၂၉)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကိတ်မြေခံတဲ့နေ့ဖြစ်ပါတယ်။ ကိတ်မြေခံအရ အလုံးစုံသော စည်းစိမ်ဉစ္စာ၊ ရတာနာတို့ကို အလွယ်တကူ ရရှိပိုင်ဆိုင်ခွင့်များ ရရှိစေသောကြောင့် ခိုင်ခန့်သောအဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိတစ်လုံးကျရောက်နေပြီး ပျော်ရွှင်ခြင်းကိုပေးတဲ့ တီထိလည်း ဖြစ်ပါတယ်။ တီထိ(၁)လုံးသည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပြု၊ မင်္ဂလာဆောင်ခြင်း၊ အိမ်ဆောက်၊ အိမ်ပြင်ခြင်း၊ အိမ်တက်မင်္ဂလာပြုခြင်း၊ ဆံသ၊ ဆံဖြတ်ခြင်း၊ မွေးကာစ ကလေးငယ်ကို ရေချိုးမင်္ဂလာပြုခြင်း၊ ရဟန်းခံရှင်ပြုခြင်း၊ အေးချမ်း၍ တိုးတက်အောင် ပြုလုပ်ရသော လုပ်ငန်းမျိုးများ၊ လယ်ယာ စိုက်ပျိုးရေး၊ မေ့ဆေးပေးခြင်း၊ ဆေးဝါးဖေါ်စပ်ခြင်း၊ ဆီးလိမ်းကျံခြင်း၊ အိပ်ယာ၊ ကုတင်၊ ဧည့်ခန်း၊ ဆိုဖာ၊ ကုလားထိုင်များ ဝယ်ယူအသစ်လဲခြင်း၊ ပန်းပုထုခြင်း၊ သစ်ပင်ခုတ်ဖြတ်ခြင်း၊ အမွှေးနံ့သာ၊ ပန်းမာလာများ စီခြယ်သော Decoration များ ပြုလုပ်နိုင်ပါသည်။

နန္ဒာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ချမ်းသားခြင်း”ကို ကိုယ်စားပြုသည်။ ဘာသာရေးနှင့် ကောင်းသော အခမ်းအနားများ၊ ပွဲတော်များ၊ ခရီးများ၊ မင်္ဂလာဆောင်များ၊ တပ်ဆင်ခြင်း၊ ကတိသစ္စာပြုခြင်း၊ ဂုဏ်ပြုခြင်း သို့မဟုတ် ရာထူးလက်ခံခြင်း၊ အိမ်ခြံမြေနှင့် ဆံပင်ဖြတ်ခြင်းဆိုင်ရာ လှုပ်ရှားမှုအမျိုးအစားအားလုံးအတွက် မင်္ဂလာဖြစ်သည်။

ဆိုတော့ကာ အဖိုးတန်ရတနာများဝယ်ယူခြင်းတွေ ၊ရောင်းချခြင်း တွေလုပ် ဆောင်နိုင်ပါတယ်။ ရှင်ပြုခြင်း၊နားသခြင်း များ၊ ရဟန်းခံခြင်း၊ အခြားအလှူအတန်းပေးခြင်းနှင့် ဘာသာရေး နဲ့ဆိုင်သော ကိစ္စများကိုဆောင်ရွက်နိုင်ပါတယ်။

            စာပေကိစ္စများ၊ စာပေဟောပြောပွဲ ၊စာတမ်းဖတ်ပွဲ၊ စာနယ်ဇင်းကိစ္စ၊ စာပေထုတ်ဝေဖြန့်ချီခြင်းများဒီနေ့မှာ အလွန်ပဲကောင်းပါတယ်။ ဒီနေ့မှာကျန်းမာရေးနဲ့ပက်သက်ပြီးတော့ medical checkup လုပ်ခြင်းဖြင့် တိကျ သေချာတဲ့ result တွေကို ရရှိပါလိမ့်မယ်။ ဆေးခန်းဖွင့်ခြင်း၊ဆေးဖော်ခြင်း၊ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ခြင်းများလဲ ဒီနေ့မှာကောင်းပါတယ်။

            ကိစ္စတစ်ခု ပြဿနာတစ်ခုအတွက် စုပေါင်းအဖြေရှာတာမျိုးတွေ သိချင်တဲ့ကိစ္စတွေကို စူးစမ်းရှာဖွေ တာမျိုးတွေ ဒီနေ့မှာလုပ်ဆောင်လို့အလွန်မှကောင်းပါလိမ့်မယ်။ အားကစားပွဲတွေ ကျင်းပလို့အထူးပဲကောင်းပါ တယ်။ ပြည်ပအလုပ်အကိုင်နဲ့ပက်သက်တဲ့ ကိစ္စတွေ၊ ပြည်ပသို့တင်ပို့ရောင်းချခြင်းတွေ ၊နိုင်ငံခြားသွားဖို့ အင်တာဗျူး ခြင်းတွေ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၄၉)နာရီမှ မွန်းလွဲ(၁၄း၄၀)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မကာရရာသီဖွား ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားတတ်သူဖြစ်ပြီး နာကြည်း ခြင်း၊ စိတ်တိုခြင်း၊ ဖောက်ပြန်ခြင်းများကို မထိတွေ့အောင်နေထိုင်သူများပဲဖြစ်ပါတယ်။ မိမိ၏စိတ်နှလုံးသည် ကြီးမား ပြီး အခက်အခဲ ပြဿနာများကို မည်သို့ ဖြေရှင်း လုပ်ဆောင်သင့်သည်ကို မိမိ အမှန်တကယ် တွေးတောဆင်ခြင် နိုင်သူ ဖြစ်ပါသည်။ မိမိရဲ့အကောင်းဆုံး အရည်အသွေးကတော့ မိမိဟာ ကရုဏာနဲ့ ပေးကမ်းတယ်။စိတ်တိုဒေါသ ထွက်တဲ့ အခါ တတ်နိုင်သ၍ထိန်းပေမဲ့ မထိန်းနိုင်ရင်တော့ ပိုမိုပြီးပေါက်ကွဲတတ် သူတွေ ပဲဖြစ်ပါတယ်။

ခက်ထန် သကဲ့သို့  အလွန်မာနကြီး နိုင်ပေမယ့် ခြုံငုံ ကြည့်ရင်တော့ မိမိဟာ တော်တော် ဖော်ရွေ ပြီး နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ် နေပါတယ်။တိရိစ္ဆာန်လေး တွေကို ချစ်တတ်ပြီးတော့ အမြဲတမ်းကျွေးမွေးလေ့ရှိသူ များပဲဖြစ်ပါတယ်။ ကျန်းမာရေး အားနည်းချက်ပါရှိတာမို့ သူများတွေ ထက်ပိုမိုဂရုစိုက်သင့်တဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတတ်ပေမဲ့ သက်လတ်ပိုင်း ထိ အိမ်ထောင်မကျသေးရင်လဲ လူပျိုကြီး၊အပျို ကြီးဖြစ် သွားတတ်တဲ့ဇာတာ တွေဖြစ်ပါတယ်။ 

နံပါတ် 5 နှင့် Mercury ဂြိုဟ်ဖြင့် အုပ်ချုပ်ထားသောကြောင့် သင်သည် သန်မာသူ၊ လက်တွေ့ကျသော၊ တက်ကြွသော၊ စီးပွားရေးစိတ်ထားရှိပြီး သံတမန်ဆက်ဆံရေးရှိသူဖြစ်သည်။ သင်၏လက်ရာနှင့် ရိုးသားမှုကို အခြားသူများက တန်ဖိုးထားသော်လည်း သင်၏ အလွန်အကျွံနှင့် မဆင်မခြင်ပြုခြင်းသည် တစ်ခါတစ်ရံတွင် ကြီးမားသော ဝေဖန်မှုများကို ဆွဲဆောင်ပါသည်။

ပုဏ္ဏဖုသျှနက္ခတ်ဖြစ်တာကြောင့် ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ်ခြင်း၊ သူငယ်ချင်းများနှင့် လည်ပတ်ခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဂြဟဇာ ပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်း စသော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝီသကုမ္ဘာယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “အဆိပ်အိုး”ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကံမကောင်းတဲ့ ယောဂဖြစ်သည်။ ကောင်းသောကိစ္စရပ်များအားလုံး လုပ်ဆောင်ရန် မသင့်ပါ။

ဗလဝကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မာဏ၊ မွန်မြတ်သောအကျင့် ဝိဉာဉ်ရေးရာလွန်ကဲပြီး ကောင်းမွန်သောလုပ်ရပ်များနှင့် အချိန်များအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၀၃)နာရီမှ ညနေ(၀၄း၂၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။        

ကံညံ့သော နေ့သားများကတော့ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ စိမ်းပြာရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၂၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူကာ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွား ပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မရမ်းယိုဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024

အောင်မှန်- အခါပေးဒိုင်ယာရီ2024

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *