loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(14.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(14.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မကာရရာသီဖွား ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားတတ်သူဖြစ်ပြီး နာကြည်း ခြင်း၊ စိတ်တိုခြင်း၊ ဖောက်ပြန်ခြင်းများကို မထိတွေ့အောင်နေထိုင်သူများပဲဖြစ်ပါတယ်။ မိမိ၏စိတ်နှလုံးသည် ကြီးမား ပြီး အခက်အခဲ ပြဿနာများကို မည်သို့ ဖြေရှင်း လုပ်ဆောင်သင့်သည်ကို မိမိ အမှန်တကယ် တွေးတောဆင်ခြင် နိုင်သူ ဖြစ်ပါသည်။ မိမိရဲ့အကောင်းဆုံး အရည်အသွေးကတော့ မိမိဟာ ကရုဏာနဲ့ ပေးကမ်းတယ်။စိတ်တိုဒေါသ ထွက်တဲ့ အခါ တတ်နိုင်သ၍ထိန်းပေမဲ့ မထိန်းနိုင်ရင်တော့ ပိုမိုပြီးပေါက်ကွဲတတ် သူတွေ ပဲဖြစ်ပါတယ်။

ခက်ထန် သကဲ့သို့  အလွန်မာနကြီး နိုင်ပေမယ့် ခြုံငုံ ကြည့်ရင်တော့ မိမိဟာ တော်တော် ဖော်ရွေ ပြီး နူးညံ့သိမ်မွေ့သူ တစ်ယောက် ဖြစ် နေပါတယ်။တိရိစ္ဆာန်လေး တွေကို ချစ်တတ်ပြီးတော့ အမြဲတမ်းကျွေးမွေးလေ့ရှိသူ များပဲဖြစ်ပါတယ်။ ကျန်းမာရေး အားနည်းချက်ပါရှိတာမို့ သူများတွေ ထက်ပိုမိုဂရုစိုက်သင့်တဲ့ဇာတာရှင်ပဲဖြစ်ပါတယ်။ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတတ်ပေမဲ့ သက်လတ်ပိုင်း ထိ အိမ်ထောင်မကျသေးရင်လဲ လူပျိုကြီး၊အပျို ကြီးဖြစ် သွားတတ်တဲ့ဇာတာ တွေဖြစ်ပါတယ်။ 

စီးပွားရေးလုပ်ငန်းတွင် ထိပ်တန်းရောက်နိုင် သည်။ ဖြစ်လိုရာကို မိမိကြိုးစားမှုဖြင့် ရောက်ရမည် ဖြစ်သည်။ မိမိက ဟီရိသြတ္တပွတရားနှင့် ပြည့်စုံ သည်။ အရှက်အကြောက်ကြီးသည်။ ဣန္ဒြေရှိသည်မိမိကို ဆတ်ဆတ်ထိ မခံတတ်ပါ။

မိမိကလည်း မတရားမလုပ်ပါ။ မိမိကို မတရား ပြုလျှင်လည်း မခံပါ။ လူတစ်ယောက်ကို ကျေးဇူးပြု ရမည်ဆိုလျှင် ထိပ်တန်းကဖြစ်မည်။ မိမိက ကျေးဇူး တင်မခံလိုပါ။ သို့သော် အလကားလည်း ကျေးဇူး မပြုပါ။ လူတစ်ဘက်သား၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်မှုမှာ မိမိ၏အစွမ်းဖြစ်လည်း လူကြီး မိဘကို ရိုသေကိုင်းရှိုင်းတတ်သည်။

 မိဘကောင်း ဖြစ်ရတတ်သည်။ အိမ်တွင်းမှုကိစ္စများကို ဝါသနာ ပါမည်၊ စိတ်ဝင်စားမည်၊ အချက်အပြုတ် အလှအပ များကို စိတ်ဝင်စားတတ်ပါမည်။ မိမိမှာ ကိုယ်ရေး ကိုယ်တာကိစ္စများနှင့် တစ်သက်လုံး ပြဿနာ ဖြေရှင်းသွားရ တတ်သည်။ မိမိကိုယ်အတွက် မပူရတတ်ပါ။

အားနည်းချက်က မိဘတွေက ကိုယ်ကျင့်တရားစနစ်တကျမသင်ပေးထားရင် သီလကျိုးဖောက်ဖို့ ဝန်မလေးသူတွေ ဖြစ်သွား တတ်ပါတယ်။ မိဘ အသွန်အသင်ကောင်းလေ၊ ထိပ်ဆုံးရောက်အောင်မြင်လေပါပဲ။ ဒါကြောင့်ဒီကလေးရဲ့ အဆင်ပြေအောင်မြင်မှုတွေက မိဘနဲ့တိုက်ရိုက်အချိုးကျနေတာကိုတွေ့ရပါတယ်။ မိမိမှာ စိတ်သာရှင်စော ဘုရား ဟောဆို သလို မိမိစိတ်၌ လူမိုက်ဖြစ်လိုလျှင် လူမိုက်ဖြစ်ပြီး လူလိမ်မာဖြစ်လိုလျှင် လူလိမ်မာဖြစ်မည်။ မိမိပေါ် မူတည်၍ မိမိဘာသာ ပြောင်းလဲနေရမည်။ကျန်းမာရေးကတော့ ငယ်ရွယ်စဉ်အညံ့မရှိပေမဲ့ သက်လတ်ပိုင်း ကာလတွေမှာ ကျန်းမာရေး အညံ့ရှိတတ်ပါတယ်။

မိမိ သားသမီး၊အိမ်ထောင်ဘက် ဆွေမျိုးညာတိများအတွက် သာ ပူပင်ကြောင့်ကြနေတတ်သည်။ စိတ်မကောင်း ဖြစ်ရသော်လည်း ခဏသာဖြစ်မည်။ မိမိ၏ ပျော့ကွက်များကြောင့် ဘဝ၌ မိမိထင်သလောက် မအောင်မြင်တတ်ပါ။ မိမိက ကြိုးစားပါ၏။ ပင်ပန်း ခံပါ၏။ လုပ်နိုင်စွမ်းနိုင်ပါ၏။ သို့သော် မိမိက လုပ်သာလုပ်ရ၏၊ အကျိုးမရှိတတ်ပါ။ ကြီးပွား ချမ်းသာမှု အမြဲသူများနောက်လိုက်ဖြစ်နေမည်။ မိမိ သည်  ပြိုင်ဆိုင်လိုမည်၊ အတိုက်အခံပြုလိုမည်၊ အပြစ်ရှာ တတ်မည်၊ ပူပင်တတ်မည်၊ အနိုင်ယူလိုမည်၊ ယင်းတို့ကိုသာ ဖျောက်ဖျက်ပစ်နိုင်လျှင် မိမိဘဝ၌ ပထမတန်းအောင်မြင်ပါမည်။ ထိပ်တန်းရောက်ရ ပါမည်။

မိမိတို့အတွက်အရေးပါသော ဂဏန်းမှာ ငါးနှင့်၎င်းဂဏန်းကို ဖြစ်ပေါ်စေသော ၅၁၄ နှင့် ၂ ၃ တို့ ဖြစ်ပါသည် ၎င်းအပြင်လေးနှင့်ရှစ်ဂဏန်းများမှလွဲ၍ အခြားသောဂဏန်းများသည်လည်း သင့်ကိုအကျိုးပြုတတ်ပါသည်။ ထို့ ကြောင့် ၄၊၁၃၊၂၂၊ ၃၁ နှင့် ၈၊ ၁၇၊ ၂၆ တို့ကို ရှောင်သင့်ပေသည်။ မိမိတို့ဘဝ အတွက်အရေးကြီးသော ကိစ္စများကို ဆောင်ရွက်တော့မည် ဆိုလျှင် ငါးဂဏန်း နှင့် ၎င်းဂဏန်းတို့ကို ဖြစ်ပေါ်စေသော ၅၊၁၄၊၂ ၃ ရက်တို့ကို ရွေးရန် တိုက်တွန်းလိုပါသည်။

မိမိ၏ ညှို့ဓါတ်စွမ်းအား တိုးတက်ထက်မြက်လာစေရန်နှင့် ပိုမို၍ ကံကောင်း လာစေရန် မည်သည့်ကာလာဖြစ်စေ အရောင်နုများကို အတတ်နိုင်ဆုံး ဝတ်ဆင် သုံးဆောင်သင့်လှပေသည်။မိမိကိုကံကောင်းစေမည့် ရတနာမှာ စိန် နှင့်အရောင် တောက်ပ သော ကျောက်များဖြစ်သည်။

သင့်ဘဝတလျှောက် အမှတ်ထင်ထင် ဖြစ်စေမည့်. အသက်ပိုင်း တို့မှာ ၅၁၄၂၃၊ ၃၂၊ ၄၁၊ ၅၀၊ ၆၀၊ ၇၇ နှင့် ဂ၊ ၁၇၊ ၂၆၊ ၃၅၊ ၄၄၊ ၅၃၊ ၆၂၊ ၇၁ တို့ဖြစ်သည်။

တနှစ်တာအတွင်း မည်သည့်လမဆို ၅၊ ၁၄ နှင့် ၂ ၃ ရက်ဖွား များနှင့် သင် သည် အလွန်နီးစပ်သူဖြစ်ပါသည်၈၊ ၁၇ နှင့် ၂၆ ရက်ဖွားများနှင့်လည်း နီး နီးစပ်စပ် ရှိတတ်သော်လည်း သင့်အတွက် အကျိုးမရှိတတ်ချေ။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *