ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလပြည့်ကျော် (၂)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၀)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ လူ့ပြည်ပြဿဒါး၊ အမြိတ္တစုတ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၂)လုံးကျရောက်နေတာ ဖြစ်ပြီး ကောင်းကျိုးဖြစ်ထွန်းစေခြင်းကိုပေးတဲ့ တီထိ ဖြစ်ပါတယ်။ တီထိ (၂)လုံး အနေဖြင့် အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း၊ မင်းအစိုးရ၊ အုပ်ချုပ်သူတို့နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာများ ဘဏ္ဏာရေးလုပ်ငန်း၊ စစ်တပ်နှင့် ပတ်သက်သောလုပ်ငန်းများ၊ ခရီးသွားလာခြင်း၊ တီးမှုတ် ကခုန်ခြင်း၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများနှင့် အိမ်ထောင်ပြု မင်္ဂလာတို့အတွက် ကောင်းသော တီထိကာလ ဖြစ်သည်။
ဘုရားဆင်းတုတော်၊ဘုရားကားချပ်များ၊ ရဟန္တာကိုယ်တော်မြတ်ကြီးရဲ့ ပုံတော်ရုပ်ထုများအား စတင်ပူဇော် တာမျိုး တွေဒီနေ့မှာ အလွန်ပဲမြင့်မြတ်ကောင်းမွန်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးလုပ်တာ၊ အလှပြင်တာ၊ ပွဲနေပွဲထိုင် အတွက် အဝတ်အစားဝယ်ယူတာ၊ စတင်ပြီးအပ်ချုပ် ဆိုင်အပ်တာ မျိုးတွေဒီနေ့မှာကောင်းပါတယ်။
ဘဏ္ဍာရေးနဲ့ပက်သက်သော ကိစ္စတွေ စစ်ဘက်ဆိုင်ရာနဲ့ပက်သက်သောကိစ္စတွေ၊ လမ်းသစ်ဖောက်ခြင်းတွေ၊ ဒီနေ့မှာ စတင်ဆောင်ရွက်လို့ အလွန်ပဲကောင်းမွန်ပါတယ်။ မိမိလုပ်ငန်းနယ်ပယ်မှာ ကုန်ပစ္စည်းအသစ်တစ်ခု ဖန်တီးတာ၊ ဈေးကွက်အသစ်တစ်ခု စတင်planချဆောင်ရွက်တာ မျိုးတွေ အလွန်ပဲကောင်းမွန်ပါလိမ့်မယ်။
သတ္ထုတူးဖော်ခြင်းကိစ္စများ၊ ဆည်မြောင်း၊တာတမံတူးဖော်ခြင်းများနဲ့ ရေတွင်းရေကန်တူးဖော်ခြင်းများလဲ ဒီနေ့မှာစတင် လို့ အလွန်ကောင်းပါတယ်။အချစ်ရေးကံကောင်းမွန်နေတဲ့နေ့ရက်ဖြစ်တာကြောင့် မိမိချစ်ရသူကို ချစ်စကားပြော တာမျိုး ကအလွန်ပဲကောင်းပါတယ်။
ဘဒြာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် အလုပ်သစ်တစ်ခု စတင်လုပ်ဆောင်ရန် အထူးကောင်းပါသည်။ စက်ရုံနှင့် အခြားအရာများ၏ အုတ်မြစ်ချရန် အလွန်ကောင်းပါသည်။ မင်္ဂလာပွဲ၊ အလုပ်စလုပ်ခြင်း၊ တာဝန်တစ်ခုခု၊ အလုပ်တစ်ခုခုရဲ့အစ၊ လက်ဝတ်ရတနာတွေ စတင်ဝတ်ဆင်ဖို့အတွက် အထူးအဆင်ပြေစေပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၄၅)နာရီမှ မွန်းလွဲ(၁၄း၃၆)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွား တာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ နံပါတ် 6 နှင့် သောကြာဂြိုဟ်ဖြင့် အုပ်ချုပ်သော၊ သင်သည် ရိုးရိုးရှင်းရှင်း၊ ဒဿန၊ သမဝါယမ၊ ထက်မြက်သူဖြစ်သည်။ သင်ဟာ ထက်မြက်တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားပြီး သင်ဟာ စာပေနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ စကားပြောဆိုမှုကို အလွန်နှစ်သက်သူဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာ မှားယွင်းပြီး ဂရုမစိုက်တတ်တဲ့ သင့်သဘောထားကို ကန့်သတ်ထားဖို့ လိုပါတယ်။
ဖုသျှနက္ခတ်ဖြစ်တာကြောင့် ဖုသျှ နက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီး အားကစား၊ ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုံသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှုများ၊ အလှဆင်ခြင်း၊ အနု ပညာ လက်ရာများ လေ့ကျင့်ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ် သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာ ပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
ပီတိယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ချစ်ခြင်းမေတ္တာ၊ ကျေနပ်ခြင်း” ဟူ၍ အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ မြတ်သောယောဂဖြစ်သည်။ ကောင်းမွန်သော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
တေထိလကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအားလုံးအတွက် အထူးကောင်းမွန် ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၅)နာရီမှ မွန်းလွဲ(၀၁း၃၉)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၄၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့မြောက်အရပ်သို့ မျက်နှာမူကာ “အရဟံ အောင်သိဒ္ဓိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းရည်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း