loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(15.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(15.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် နံပါတ် 6 နှင့် သောကြာဂြိုဟ်ဖြင့် အုပ်ချုပ်သော၊ သင်သည် ရိုးရိုးရှင်းရှင်း၊ ဒဿန၊ သမဝါယမမျှတသူ၊ ထက်မြက်သူဖြစ်သည်။ သင်ဟာ ထက်မြက်တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားပြီး သင်ဟာ စာပေနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ စကားပြောဆိုမှုကို အလွန်နှစ်သက်သူဖြစ်ပေမဲ့ တစ်ခါတစ်ရံမှာ မှားယွင်းပြီး ဂရုမစိုက်တတ်တဲ့ သင့်သဘောထားကို ကန့်သတ်ထားဖို့ လိုပါတယ်။

နွေးထွေးမှု၊ စိတ်အားထက်သန်မှု၊ အကာအကွယ်ပေးမှု၊ တီထွင်ဖန်တီးမှု ရှိတဲ့သူ မျိုးတွေဖြစ်ပါတယ်။ စစ်မှန် သော ဆက်ဆံရေးကိုလိုလားပြီး တစ်ချိန်တည်းမှာပင် အခြားသူများက မိမိကို အလွယ်တကူ လေးစားကြသည်။ အမှန်တကယ် ပင် မိမိသည် စီးပွားရေးလုပ်ငန်းကို ပျော်ရွှင်မှုဖြင့် ရောနှောနိုင်ပြီး လုပ်ဖော်ကိုင်ဖက် တွေကမိမိကိုပို၍နှစ်သက် တက် သည်။ငွေကို ကောင်းစွာ စီမံခန့်ခွဲတတ်ရန် သင်ယူထားဖို့တော့လိုပါတယ်။ မှားယွင်း တဲ့ရင်းနှီးမြုပ်နှံမှုတွေကိုလုပ်မိ တတ်ပါတယ်။ ကုန်သည်ပွဲစား အလုပ်များကို လေ့လာလိုက်စားမှုများတွင် အတော်လေး အောင်မြင်နိုင်ဖွယ်ရှိသည်။ မိမိပတ်ဝန်း ကျင်မှ အချက် အလက်များစွာကို ကောက်ယူပြီး လိုအပ်သလို စီးပွားရေး အတွက်အသုံးချတတ်သူ ဖြစ်သည်။မိမိသည် ကြီးကျယ် မြင့်မြတ်သော စကားပြော ကောင်းသူဖြစ်၍ တခြားသူတွေက မိမိအနားမှာနေရတာ ပျော်စရာကောင်းသည် သတ်မှတ်နေသည့်အထိဆွဲဆောင်နိုင်ပါတယ်။သတိထားရမှာက မိဘ အုပ်ထိန်းသူစကားတွေ ကို နားထောင်နာခံတတ်ဖို့ လိုပါတယ်။

မိမိမှာ အပူအပင်ကြီးမည်၊ စိတ်အနှောင့်အယှက် ဖြစ်စရာများကို အမြဲတမ်းအဝေးမှ ရှောင်တတ်သော် လည်း အစဉ်သဖြင့် တွေ့နေရပါမည်။ ညီအစ်ကိုမောင်နှမများ အကျိုး မခံစားရပါ။ မိမိကသာ ထောက်ပံ့နေရမည်။ စိတ်တိုခြင်း၊ ဒေါသကြီးခြင်း၊ စိတ်ဒုက္ခခံခြင်း၊ ပူပင်ခြင်း၊ သူများကို ဝေဖန်ခြင်း၊ ငြင်းခုံခြင်း၊ ပြိုင်ဆိုင်ခြင်းများကို ရှောင်ပါ၊ အထူး ကောင်းစားမည်။

မိမိ၏ ဆိုးဝါးသော ချို့ယွင်းချက်မှာ မသေချာ ခြင်း၊ မတိကျခြင်း၊ မပြတ်သားခြင်းတို့ ဖြစ်ပါသည်။ စိတ်ချမ်းသာမှုကို အဓိကထားမည်။ လူများစုကို အထင်အမြင်ကြီးမည်။ ယုံကြည်လွန်းမည်။ သူများ ကို ငွေမချေးရ၊ ငွေတိုးလုပ်ငန်း မလုပ်ရ။ သူများ အတွက် တာဝန်မခံရ။ သူများအတွက် တာဝန်ခံလျှင် နောက်ဆုံး မိမိကသာ စိုက်၍လျော်ရမည်။ မိမိမှာ မေ့တတ်ပါမည်။ စိတ်များတတ်မည်။

မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်လုပ်ကိုင်တတ်ပါမည်။ စိတ်မြန်ကိုယ်မြန်ရှိသည်။ မိမိကအရာရာကို လျှို့ဝှက်တတ် မည်။ မိမိက ဖြစ်လာသော ပြဿနာကို မိမိဖာသာ ဆုံးဖြတ်လိုမည်။ စိတ်ကိုချုပ်တည်းနိုင် စွမ်းရှိသည်။ သည်းခံနိုင် စွမ်းရှိသည်။ တည်တံ့စွ အလုပ်လုပ်မည်ဆိုလျှင် အထူးအကျိုးရှိပြီး ထိပ်ထိ ကြဲအောင်မြင်နိုင်ပါသည်။ မိမိက အရာရာ ကို လျှို့ဝှက်တတ်သောကြောင့် လူများစု၏ အထင် အမြင်လွဲခြင်းများ ခံရပါမည်။ မိမိက မသိသော နားမလည်သော၊ မလေ့လာသေးသော ပညာများ၊ အယူအဆများကို လုံးဝလက်မခံတတ်ပါ။

မိမိမှာ စိတ်ဓာတ်အပြောင်းအလဲမြန် မည်၊ အဆုံးအဖြတ်မြန်မည်၊ တစ်ခုခုကို သွက်သွက် လက်လက်လုပ်တတ်မည်။ မိမိလုပ်သော အလုပ် တိုင်း အရှုံးရှိချင်ရှုံးမည်၊ အမြတ်ရှိချင် မြတ်မည်။ မိမိက ဂရုမစိုက်ပါ။ မိမိလုပ်စရာရှိသည်ကို ဆက် လုပ်တတ်သည်။ မိမိအသိဉာဏ်မှာ ဆန်းသစ်သည်။ လျင်မြန်ဖြတ်လတ်မည်။ မိမိမှာ တစ်ခုခုကို စဉ်းစား မည်၊ ဆုံးဖြတ်မည်ဆိုလျှင် အမြဲတမ်းမှန်နေတတ် သည်။ ဖြတ်ထိုးဉာဏ်၊ ထိုးထွင်းဉာဏ်ကောင်းသည်။ ရဲရင့်တည်ကြည် သည်။ လုပ်ရဲကိုင်ရဲသည်။ စိတ် အတက်အကျမြန်သည်။ ရိုသေလေးစားတတ်သည်။

အချစ်ရေးကံဇာတာမှာ ကောင်းပါသည်။ အိမ်ထောင်ဘက် ကောင်းနှင့်ရမည်။ တိုင်ပင်ဘက်ဖြစ်မည်။ မိမိကို အထင်သေးမည်။ မိမိကို မကြာခဏ အခြားသူ များနှင့် နှိုင်း၍ ပြောဆိုခြင်းခံရပါမည်။ ကံ၏အကျိုး ထက် ဇွဲနှင့် ဝီရိယအကျိုးကို ပိုခံရမည်။

ဒီလမှာ  ၁၅ ရက်နှင့် ၂၄ ရက်ဖွားများကား ဤလအတွင်း “ခြောက်” ဂဏန်းရသူများထဲတွင် ပိုမိုကံကောင်းသူများ ဖြစ်ကြပါ သည်။ အများနည်းတူ ဘဝစောစောပိုင်း၌ အတားအဆီးများရှိ တတ်သော်လည်း အခက်အခဲဟူသမျှကို လျင်မြန်စွာကျော်ဖြတ် ေအာင်မြင်နိုင်သူများဖြစ်ပေသည်။

ဇန်နဝါရီလ ၆ ရက်နေ့ဖွားများကား မည်မျှပင် ဝင်ငွေကောင်း စေကာမူ၊ စုဆောင်းထားလိုသူများ မဟုတ်ကြပါ။ ၁၅ ရက်နှင့် ၂၄ ရက်ဖွားတို့မှာမူ သူတို့၏ငွေကြေး အခြေအနေကို ဖြည်းဖြည်း လေးလေးဖြင့် တောင့်တင်းအောင်ကြိုးပမ်း တတ်သူများဖြစ်ကြပါသည်။ ၎င်းတို့သည် အနာဂတ်အတွက် ကြိုတင်စုဆောင်းတတ်သူများ ဖြစ် ကြသောကြောင့် ချမ်းချမ်းသာသာ နေနိုင်ကြမည့်သူများဖြစ်၏။

ကျန်းမာရေးကတော့ ၆ ရက်၊ ၁၅ ရက်နှင့် ၂၄ ရက်ဖွားများ၏ ဘဝတလျှောက် လုံး ကျန်းကျန်းမာမာနေရသည့်အချိန် များတတ်ပေသည်။ မီးနှင့်ပတ် သက်သောအန္တရာယ်၊ မော်တော်ကားအန္တရာယ်တို့ကိုမူ သတိထားရ ပါလိမ့်မည်။ ရေထွက်ပစ္စည်းများ၊ပင်လယ်စာများနဲ့ ဓာတ်မ တည့်သူတွေဖြစ်ပါတယ်။ ပင်လယ်စာ များများစားရင်ရောဂါရတတ် သလို၊ အရက်ကိုလဲ ဆေးဖြစ်ဝါးဖြစ်သောက်တာ ကလွဲရင် ပိုမသောက်သင့်တဲ့ဇာတာမျိုးပဲဖြစ်ပါတယ်။

အရေးပါသောဂဏန်းမှာ “၆” နှင့် ၎င်းဂဏန်းကို ဖြစ်ပေါ်စေ သော ၆၊ ၁၅နှင့် ၂၄တို့ဖြစ်ကြသည်။ ထိုရက်များ၌ သင့်အတွက် အရေးကြီးသော ကိစ္စများကို ဆောင်ရွက်သင့်လှသည်“လေးနှင့် ရှစ်ဂဏန်းကို ဖြစ်ပေါ်စေသော ၄၊ ၈၊ ၁၃၊ ၁၇၊၂၂၊ ၂၆ နှင့် ၃၁ ဂဏန်းများနှင့် ရက်များကို ရှောင်သင့်ပေ သည်။

သင်၏ ညှို့ဓါတ်စွမ်းအားတိုးတက် ထက်မြက်လာစေရန်နှင့် ပိုမို ( ကံကောင်းလာစေရန် သောကြာဂြိုဟ်၏ အရောင် များအမြဲတမ်း ဝတ်စားဆင်ယင် သုံးဆောင်သင့်သည်။၎င်းတို့မှာ အပြာ၊ခရမ်း အရောင်အသွေး အနုဆုံးမှ အရင့်ဆုံး အထိဖြစ်သည်။ သင့်ကို ကံကောင်းစေမည့်ရတနာများမှာ ‘ စိမ်းပြာနှင့် အပြာရောင်အသွေး ပါသော ကျောက်များ ဖြစ်ပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *