ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၃)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၅၂)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၄၀)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၀)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက် သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံး ရှုံး နစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၃)လုံး ကျရောက်နေခြင်းကြောင့် အောင်မြင်ခြင်းကိုပေးတဲ့နေ့ ကျရောက် နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာစစ်တိုက်ထွက်တာ ၊ရန်သူကိုချေမှုန်းတာ၊လက်နက်ရိက္ခာ စု ဆောင်းတာမျိုးတွေ အထူး ကောင်းမွန်ပါတယ်။ စစ်လက်နက်တီထွင်တာ၊ စမ်းသပ်ဖောက်ခွဲတာမျိုးတွေလဲ ဒီနေ့မှာ အထူးပဲဆောင်ရွက်နိုင် ပါ တယ်။ စစ်ရေးလေ့ကျင့်တာ ၊စစ်သားစုဆောင်းတာမျိုးတွေ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
အင်္ဂါဂြိုဟ်ဟာ စူးစမ်းတဲ့သဘောရှိတာကြောင့် ပစ္စည်းအသစ်တစ်ခုကိုစတင်တီထွင်တာ၊ လုပ်ငန်းသစ်တစ် ခုကို မြေစမ်းခရမ်းပျိုးဆိုသလိုမျိုး စတင်လုပ်ကိုင်တာမျိုးက အလွန်ပဲကောင်းပါတယ်။ အကြပ်အတည်း အခက် အခဲကြား ရောက်နေသူတွေ ဘယ်လိုဖောက်ထွက်ကြိုးစားမလဲဆိုတဲ့ နည်းလမ်း ကောင်းတွေ အကြံဉာဏ် ကောင်း တွေရလာပါ လိမ့်မယ်။
မေတ္တာရေးကိစ္စတွေ အားကောင်းနေတာကြောင့် မိမိချစ်ရသူကို ချစ်ရေးဆိုတာ၊မိမိရင်ထဲက ခံစားချက်တွေ ကိုထုတ်ဖော်ဖွင့်ဟပြောဆိုတာ၊ မိမိကို ချစ်ရေးဆိုထားသူတွေထဲက မိမိနှစ်သက်သူကို ပြန်လည်အဖြေပေးတာမျိုး က ဒီနေ့အတွက်ကောင်းသောရလဒ်တွေကိုဖြစ်စေမှာပါ။
အနုပညာနဲ့ပတ်သက်သော သရုပ်ဆောင်ခြင်းများ၊ စာပေ၊ဂီတ၊ပန်းချီ၊ပန်းပု၊စတဲ့ကိစ္စတော်တော်များများ လဲ ဒီနေ့မှာစတင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုတွေအထူးရရှိပါလိမ့်မယ်။ လုပ်ငန်းသစ်များ၊ဆိုင်သစ်များ ဖွင့်လှစ်ခြင်း၊ အလုပ်သစ်တစ်ခုစတင်လျှောက်ထားခြင်းများလဲ ရေရှည် အတွက်ကောင်းကျိုးရရှိပါလိမ့်မယ်။
ဇေယျာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် “အောင်မြင်ခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ အရေးကြီးသော စီးပွားရေးလုပ်ငန်းများ စတင်ရန်၊ မင်္ဂလာဆောင်သောနေ့၊ ပထမဆုံး ဂီတသင်ခန်းစာ၊ ကလေး၏ ပထမဆုံး အစာကျွေးခြင်း၊ ဆောက်လုပ်ခြင်းနှင့် ဆံပင်များ၊ လက်သည်းများ ရိတ်ခြင်း၊ ညှပ်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၄၁)နာရီမှ မွန်းလွဲ(၁၄း၃၂)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ အဿလိကနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း နေ့စက်(12)နာရီ (15)မိနစ် လွန် စန်းသိဟ်ရာသီသို့ ပြောင်းသည်။ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် ထင်သာ မြင်သာရှိ၍ လူ အများကြားတွင်ထင်ပေါ်လိမ့်မယ်။ ရိပ်စားမိလွယ်သော၊ အကင်းပါးသောသူတွေဖြစ်ကြသလိုနွေးထွေးမှုနှင့် ဆွဲဆောင်မှု ရှိသော အရည်အသွေးများလဲရှိကြပါတယ်။ လူအများရဲ့ ကောင်းစွာသဘောကျနှစ်ခြိုက်ခြင်းကိုခံရတတ်ပါတယ်။ မိမိ သည် အလွန်အခြေခံကျပြီး မိမိဘဝ၏အောင်မြင်မှုနှင့် စီမံခန့်ခွဲမှုကို လိုက်ရှာရာတွင် လက်တွေ့ကျပြီး အလေး အနက်ထားဆောင်ရွက်နိုင်သည်။ မိမိပုံသဏ္ဌာန်သည် မိမိအတွက် အလွန်အရေးကြီးပြီး အမြဲတမ်း ဂျင်ဆော့ခြင်းများကို ဆောင်ရွက်သင့်တဲ့သူတွေဖြစ်ပါတယ်။မိမိကိုယ်ကို ပေါ့ပါးသော စနစ်တစ်ခုပေါ်တွင်သာ အမြဲထားရန် ကြိုးစားနေပါ လိမ့် မည်။
မိမိရဲ့ခံနိုင်ရည်နဲ့ စွမ်းဆောင်နိုင်ရည်က အထူးပင် လေးစားမှတ်သားလောက်စရာဖြစ်ပါတယ်။ မိမိရဲ့အသက် မွေးဝမ်း ကြောင်းအလုပ်က မိမိရဲ့ဖန်တီးနိုင်စွမ်းကို လွတ်လွတ်လပ်လပ်ဖော်ပြခွင့်ပြုရင် အောင်မြင်နိုင်ခြေပိုများပါတယ်။ နိမ့်ကျ သော လူပုဂ္ဂိုလ်များက မိမိအပေါ် အခွင့် ကောင်းယူခြင်းခံရနိုင်သည်။သက်လတ်ပိုင်းမှာ ထင်ရှားစွာအောင်မြင်နိုင်သူ အဖြစ်တွေ့ရတယ်။အိမ်ထောင်ရေး သောက ဒုက္ခတွေကြုံရတတ်ပြီး အချိန်တန်သောအခါ တစ်ကိုယ်တည်းနေရတာကို ပိုမိုနှစ်သက်တတ်ပါတယ်။ကျန်းမာရေးအားကောင်းသူဖြစ်ပြီးတော်ရုံအဖျားအနားကင်းကြသူတွေပဲဖြစ်ပါတယ်။ အသက် ၁၉နှစ်ထိ အနည်းငယ် အတက် အကျ ဖြစ်တတ်ပေမဲ့ အသက် ၂၀ကစလို့ အောင်မြင်မှုရဲ့ ပထမခြေလှမ်းကို လှမ်းသွား နိုင်ပါလိမ့်မယ်။ ငွေကြေး အင်အား ကောင်းသူဖြစ်ပြီး လက်ကားစီးပွားရေးတွေနဲ့ အောင်မြင်တတ်ပါတယ်။ ခရီးသွားလုပ် ငန်း၊ကားလုပ်ငန်းတွေနဲ့ တစ်သက်တာအကျိုးမပေးတာကိုတွေ့ရပါတယ်။
အဿလိကနက္ခတ်ဖြစ်တာကြောင့် အသလိသ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင်အောင်မြင်ရန်၊ ဒြပ် စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက် အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော် သည်။
ဂြဟဇာ ပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ဆောင်ရန် အထူးကောင်းမွန်ပါသည်။
အာယုသ္မာန်ယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “အသက်ရှည်ခြင်း” ဟု အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။
ဝဏိဇကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မြတ်သောယောဂဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်း ဆောင် တာများတွင် ကျယ်ပြန့် သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၄၀)နာရီမှ ညနေ(၀၃း၀၄)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရှေ့အရပ်သို့ မျက်နှာမူကာ “သတ္တာဒေဝ မနုဿာနံ” (၉)ခေါက် ရွတ် ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဧလမုန့်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း