loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(17.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(17.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ မာဃနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် တိတ်တိတ်ဆိတ်ဆိတ်နေပေမယ့် အရည်အချင်းရှိတဲ့၊အတွေးကြီးသူ၊ စိတ်အားထက်သန်ပြီး မွေးရာပါခေါင်းဆောင်ကောင်းတစ် ယောက်ပါ။ ဘဝဖြတ်သန်းမှုပုံစံအရလျှို့ဝှက်ဆန်းကြယ်ပြီး မိမိကိုယ်တိုင်သိရန်ပင် တစ်ခါတစ်ရံ ခက်ခဲနိုင်ပါသည်။ သို့သော် လူအများစုသည် မိမိ၏ရိုးသားမှု၊ ကြင်နာမှုနှင့် နူးညံ့သောနှလုံးသားကို ခံစားကြသည်။ သေးငယ်သော တစ်ကိုယ်ကောင်းဆန်မှုသည် ယေဘုယျအားဖြင့် မိမိရင့်ကျက်မှုအောက်တွင် အနည်း ငယ်သာ ရှိတတ်သည်။ မိမိဟာ အောင်မြင်မှုကို ဦးတည်ပြီး မိမိရရှိတဲ့ အခွင့်အလမ်းတိုင်းအတွက် ကြိုးစားပါလိမ့်မယ်။ စီးပွားရေးနှင့် ပျော်ရွှင်မှုကို ရောနှောရန် မိမိအတွက် အတော်လေး လွယ်ကူသည်။ မိမိသည် တစ်ချိန်တည်းတွင် ယုတ္တိဗေဒနည်းအရ တိတိကျကျရှိပြီး အလိုလိုသိတတ်သည်၊ ဘဝတွင်စမ်းသပ်မှုများစွာနှင့် အမှားအယွင်းများစွာပြီး နောက်တွင် မိမိ၏ပင်ကိုယ် ဥာဏ်ရည်ကို ယုံကြည်ကိုးစားတတ်လာပါသည်။ ခိုင်မာသော စီးပွားရေး ဗီဇစိတ် ရှိသော်လည်း မိဘအုပ်ထိန်းသူတွေရဲ့တားမြစ်မှု တွေကြောင့် မိမိရဲ့ ကိုယ်စွမ်းကိုယ်စတွေပျောက်ဆုံးသွားတတ်ပါ တယ်။ တတ်နိုင်သမျှ မိမိအတွေးကိုချသုံးကြည့်ပါ။ ထူးခြားလက် ဆတ်ပြီးတကယ့်ဈေးကွက်မှာအသုံးဝင်နေတာတွေ့ရ တတ်ပါတယ်။မိမိနှင့် အလွန်နီးစပ်သူများကိုသာ မိမိမျှဝေနိုင် သော ထူးခြားသောစိတ်စွမ်းအားဘက်ကိုလည်း ပိုင်ဆိုင် ထားပါသည်။ တစ်ချို့က မိမိအား ကြွေတစ်လှည့် ကြက်တစ်ခုန် ကံဇာတာ တစ်ချက်ကောင်းခြင်းဟု သက်မှတ်ထားကြ သော်လည်း အမှန်တကယ်မှာ ထိုထက်ပိုသော ကံကောင်းခြင်းများကို ပိုင်ဆိုင်ထားသူ ဖြစ်ပါသည်။

မိမိက ချုပ်တီးတတ်မည်။ လျှို့ဝှက်တတ်မည်။ ရဲရင့်၍ ယောက်ျားပီသမည်၊ အောက်ခြေသိမ်းလုပ် ရင်း အောင်တတ် မည်။ အရာရာကို အောက်ခြေသိမ်း လုပ်မည်။ ဖြတ်လမ်းမှ လုပ်လျှင်လည်း အကျိုးမရှိပါ၊ အလှအပကို သဘောကျ မည်။ လိမ္မာရေးခြားရှိသော အိမ်ထောင်ဘက်ကောင်းနှင့် ရတတ်ပါသည်။ မိမိအိမ်ထောင်ဘက်အပြင်အခြားသူတွေကို မကြာခဏ စိတ်ဝင်စားမည်။ သို့သော် လက်တွေ့၌ ကြောက်တတ်မည်။

အလွန်ထက်မြက်ပြီး  …လူများစွာကို ရှေ့ဆောင်အုပ်ချုပ် …စီမံကွပ်ကဲနိုင်မယ့် ကလေးငယ်မျိုးပါပဲ။အနာဂတ်အရေး အတွက် ဘာမှ ပူပန်နေစရာမလိုတဲ့ ကလေးငယ်မျိုးတွေလို့ ဆိုနိုင်ပါတယ်။ (နာမည်ပေးပုံပေါ်တော့ မူတည်ပြီး …ကောင်းကျိုးအတိုင်းအဆ ကွာခြားပါလိမ့်မယ်)။

အရာရာ၌ လွန်ကဲသောသဘောရှိမည်။ ဝမ်းသာလျှင် လည်း လွန်ကဲစွာ ဝမ်းသာပြီး ဝမ်းနည်းလျှင်လည်း လွန်ကဲစွာ ဝမ်းနည်းမည်။ မိမိ၏ ကိုယ်နှုတ်အမူ အယာတို့မှာ လူများစုစိတ်ဝင်စားရာ ဖြစ်မည်။ မိမိမှာ ပူပင်သောက မရောက် အောင် နေထိုင်သင့်သည်။ မိမိကိုယ်ကို ယုံကြည်ပါ၊ မိမိလုပ်လျှင်ဖြစ်ရမည် ဟူသော စိတ်ထားကိုထားပါ၊ ဖြစ်ရမည် ဟူသော စိတ်မှာ မိမိအောင်မြင်ရေးဖြစ်သည်။

မိမိက လမ်းမှန်အတိုင်း သွားတတ်မည်။ စည်းစနစ်ကြီးမားမည်။ အမှား အယွင်းကို အမြဲတမ်းဆေးကြောပစ်တတ်မည်။ စိတ် ရင်းစေတနာကောင်းမည်။ မိမိမှာ စိတ်ဓာတ် ချောက်ချား၍ တွေဝေတတ်မည်။ မိမိ၌ အကူအညီ ကောင်းလိုမည်။ ရဲဘက်ကောင်းလိုသည်။မိဘတွေက ချီးမြှောက်ပေးဖို့လိုအပ်သည်။

လူတစ်ယောက်၏ အကဲကိုသိတတ် မည်။ စိတ်ရင်းကို သိနိုင်မည်။ လူတို့၏ အတွင်းစိတ် ကို ဖော်ထုတ်နိုင်သော အစွမ်းရှိသည်။ လူများစုနှင့် ဆက်ဆံရသော အလုပ်ဖြင့်ကောင်းသည်။ လူများစု၏ ယုံကြည်လေးစားမှု အားကိုးမှုများ ခံရမည်။ မိမိမှာ မကြာခဏ စိတ်ပြောင်းလဲမှုများဖြစ်မည်၊ တစ်ခါတစ်ရံ စိတ်ရှည်ပြီး တစ်ခါတစ်ရံ စိတ်တိုမည် ။လောဘကြီး မည်၊ အခွင့်အရေးကို ရအောင် သုံးတတ်မည်။ သူများ ကိုလည်း မတရားမလုပ်တတ်ပါ။

စည်းနှင့် ကမ်းနှင့် သုံးတတ်မည်။ ပွဲလမ်းသဘင် ဝါသနာပါမည် ။ လိုက်စားမည်၊ အပျော်အပါး ဝါသနာပါမည်။ စိတ် ရှည်သည်၊ သည်းညည်းခံနိုင်မည်။ အရင်းခံတရား၌ ပြည့်စုံမည်၊ လုပ်မည့်အလုပ်တစ်ခုကို ပထမအလွန် စဉ်းစားနေမည်။ အရည်အသွေးနှင့် ပြည့်ဝမည်။ မိမိကို မလိုလားသူများက ရိုးသည်၊ အသည်။ နသည်၊ လူရည်မလည် အကင်းမပါး ထုံထိုင်းမည်ဟု ထင်မြင်တတ်မည်၊ အမှန်မှာ မဟုတ်ပါ။ကျန်းမာရေးလွန်စွာမှကောင်းသည်။ အသက် ၄၀ ကျော်ရင်သာ ကျန်းမာရေးသတိထားဖို့လိုအပ်တာပါ။

အရေးပါသော ဂဏန်းများမှာ “လေး”နှင့် “ရှစ်” ဂဏန်းများ အပြင် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းအတွဲများ ဖြစ်ကြသည်။ ထို့ကြောင့် ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂ ၂၆ နှင့် ၃၁ ရက်တို့တွင် အရေး ကြီးသောကိစ္စများကို ဆောင် ရွက်သင့်လှသည်။

ညှို့ဓါတ်စွမ်းအား တိုးတက် ထက်မြက်လာစေရန်နှင့် ပိုမိုကံ ကောင်းလာစေရန် အောက်ဖော်ပြပါ အရောင်အသွေးများ ပါသည့် အဝတ်အစား အသုံးအဆောင်များကို သုံးဆောင် သင့်ပါသည်။ (ခရမ်းရောင်အရင့်၊ နက်ပြာ၊ အနက်၊ အပြာရင့်၊ နီလာရောင်နှင့် မီးခိုးရောင်)

သင့်ကို ကံကောင်းစေမည့် ရတနာများမှာ ပုလဲ၊ စိန်နှင့် နီလာတို့ဖြစ်ကြပါသည်။ဘဝတလျှောက်လုံး အရေးကြီးသော အသက်ပိုင်းများမှာ ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆၊ ၃၁၊ ၃၅၊ ၄၀၊ ၄၄၊ ၄၉၊ ၅၃၊ ၅၈၊ ၆၂၊ ၇၁နှင့် ၈ဝနှစ် တို့ဖြစ်ကြပေသည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၄၊ ၈၊ ၁၃၊ ၁၇၊ ၂၂၊ ၂၆နှင့် ၃၁ ရက်တို့၌ မွေးဖွား ကြသူများသည် သင်နှင့် နီးစပ်သူများ ဖြစ်သည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *