loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(18.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(18.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဗြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် သူငယ်ချင်း သို့မဟုတ် ချစ်ရသူအား ကူညီရန် အမြဲတမ်း အသင့်ရှိနေပေးမည့် ကြင်နာ တတ်သော စိတ်စေတနာရှိသူဖြစ်သည်။ မိမိသည် လူများကို အထူးသတိထားလေ့လာမှုရှိပြီး စစ်မှန်သော လူသားချင်း စာနာထောက်ထားမှုရှိသူဖြစ်သည်၊ လုပ်ငန်းနဲ့ပတ်သက်ရင်မည်သည့်နေရာတွင် မည်သို့ ကိုင်တွယ်လုပ်ဆောင်ရ မည်ကို ကောင်း ကောင်းသိနားလည်ပါသည်။ ပန်းတိုင်ကို ဦးတည်ပြီး အောင်မြင်မှုများရရှိရန် ကြိုးပမ်းဆောင်ရွက် ထားပါက အောင်မြင် မှု အတွက် ဖြစ်နိုင်ချေရှိသော အချက်အားလုံးနှင့် ပြည့်စုံပါသည်။ နူးညံ့ကြင်နာမှုပုံသဏ္ဌာန်ကို ပုံဖော်နိုင်ပြီး မိမိ၏ကိုယ်ပိုင်ယုံကြည်ချက်နှင့် ခံယူချက်အတိုင်း ပြုမူလုပ်ဆောင်တတ်သူဖြစ်သည်။ ထူးချွန်ပြီး အောင်မြင် တဲ့သူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး မိမိလုပ်ငန်းအတွက် အသုံးချနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ကျန်းမာရေး အထူးအားကောင်း ပြီး တော်ရုံကျန်းမာရေးအညံ့မရှိပေမဲ့ အရေပြားရောဂါတွေကို တော့ဂရုစိုက်ဖို့လိုပါ တယ်။ငွေကြေးကံအား ကောင်းကြ သူ တွေဖြစ်ပြီး သတ်လက်ပိုင်းမှာ ချမ်းသာကြသူ‌တွေဖြစ်ပါတယ်။ နေရာထိုင်ခင်း အပြောင်း အလဲများပြီး နေရာပြောင်း၊ မြို့ပြောင်း၊ရပ်ကွက်ပြောင်းလဲနေထိုင်ရသူမျိုးဖြစ်တတ်ပါတယ်။ အသက် ၄၂ ကျော် မှပဲ အိုးအိမ်အခြေကျတတ်ပါတယ်။ အားသာချက်က စန်းအားကောင်းပြီး အိမ်ထောင်ဘက်ကောင်း ရတတ် သလို လူကြီးတွေရဲ့ အပြည့်အဝတာဝန်လွှဲ ခြင်းမျိုး၊ လုပ်ငန်းတွေကို မျက်နှာလွှဲပေးအပ်တာမျိုး ကြုံရတတ်ပါ တယ်။ ကိုယ်ပိုင်စီးပွားကံအားကောင်းတာမို့ အချိန် တန် ကိုယ်ပိုင်အလုပ်ကိုအားထည့်လုပ်မယ်ဆို ထူးခြားကျယ်ပြန့်စွာ အောင် မြင်နိုင်တဲ့သူမျိုးဖြစ်လာတတ်ပါတယ်။ နာမည်ပေးတဲ့အခါ စနေအစ အင်္ဂါအဆုံးနာမည်မျိုးတော့လုံးဝမမှည့် သင့်ပါ ဘူး။

ကျန်းမာရေးအတွက်ကြည့်ရသော် သင်သည် ငယ်ရွယ်စဉ်မှစ၍ ကျန်းမာရေးကောင်းသူဖြစ်ကြောင်း တွေ့ရပါသည်။ အရွယ်ထောက် လာသောအခါ နှလုံးကျန်းမာသန်စွမ်းရေးကို ဂရုစိုက်သင့်သည်။ချစ်ခင် ညှာတာသော စိတ်ရှိ သည်။ သနားတတ်မည်၊ ကြင်နာတတ်မည်၊ အားနာလွန်း၍ ဆုံးရှုံးမှုများမည်။ အပေါင်းအသင်းနည်းနိုင် သလောက် နည်းပါ၊ မိမိဘဝ၌ ပို၍အောင်မြင်ရန်မှာ မိမိပေါ်မူတည်နေသည်။ မိမိက တစ်ခုခုကို ယတိ ပြတ်ဆုံးဖြတ်ပြီးလျှင် မည်သည့်အခါမှ ထိုဆုံးဖြတ် ချက်ကို မပြင်လိုပါ။

မိမိက ငြိမ်သက်ပိရိတတ်သည်။ တိကျသေချာစွာ အလုပ်လုပ်တတ်မည်။ မိမိ၌ စိတ်ကူးကောင်းသည်။ ဉာဏ်ပညာ ကောင်း မည်။ အတွေးအခေါ် ဆန်းသစ် သည်။ စိတ်များလွယ်သည်။ မိမိ၏ ပျော့ကွက်မှာ မကြာခဏ အပြောင်း အလဲ မြန်ခြင်းဖြစ် သည်။ မိမိက အားနာတတ်သောကြောင့် မကြာခဏ ပြောင်းလဲနေမည်။ မိမိ၌ မစ္ဆရိယစိတ်များသည်၊ သူများကို မနာလိုမည်၊ ပြိုင်ဆိုင် လိုမည်။ မိမိက သူများသြဇာပေးလျှင် သဘော မကျပါ။မိမိကသာ သြဇာပေးလိုမည်။ မိမိက သဘာဝ ခေါင်းဆောင်ဖြစ်မည်၊ အုပ်ချုပ်ကွပ်ကဲနိုင်သော် လည်း မိမိပင်ကိုယ် အရည်အချင်းညံ့လျှင် ထိရောက်စွာ အောင်မြင်လိမ့်မည်မဟုတ်ပါ။ မိမိက သူများလက် အောက်ခံ လုပ်ရမည်ဆိုလျှင် မိမိ၌ ထိရောက်စွာ မအောင်မြင်နိုင်ပါ။ မိမိက ခေါင်းဆောင်၍ လုပ်ရမှသာ အတော်ဆုံးအစွမ်းအစကိုထုတ်နိုင်ပါလိမ့်မယ်။

စကား အပြောအဆို လိမ္မာယဉ်ကျေး မည်။ နူးညံ့သိမ်မွေ.၍ အလှအပမြတ်နိုးတတ် ပါမည်။ အလှအပအနွဲ့အယဉ်များကို သဘော ကျမည်။ စာပေအနုပညာနှင့် ဘာသာရေးတွင် ကျွမ်းကျင်မည်။ ဘာသာရေးအယူသီးတတ်မည်။ မိမိမှာ လူကြီးမိဘကို ရိုသေမည်။ ဘုရားတရားကို ယုံကြည်သက်ဝင်တတ်မည်။ မိမိမှာ မဟုတ်မခံစိတ် ရှိသည်။ အထိမခံစိတ်ရှိမည်။ မိမိကလည်း မတရား မလုပ်တတ်ပါ။ မိမိကို မတရားလုပ်လျှင်လည်း မခံ တတ်ပါ။

မိမိမှာ စိတ်ဆတ်သည်။ မိမိသည် အနေအထိုင် မှန်ရန်လိုအပ်သည်။ ဖော်လံဖားသင့်သောသူကို ဖော်လံမဖားဘဲ နှိမ်ရ မည့်လူကို မျက်နှာလိုမျက်နှာရ လုပ်တတ်မည်။ မိမိက စိတ်မထင်လျှင် မထင်သလို နေမည်။ စိတ်ထိခိုက်လွယ်သည်။ အားငယ်မည် ဝမ်းနည်းမည်။ မိမိကအားတက်လျှင် အလွန်အားတက် ပြီး စိတ်ဓာတ်ကျလျှင် အလွန်စိတ်ဓာတ်ကျတတ် မည်။ မိမိမှာ စိတ်နှလုံးကောင်းသည်။ သဘော ကောင်းသည်။ စေတနာကောင်းသည်။ သူများကို ကျွေးမွေးလိုစိတ်ရှိ သည်။ ကူညီလိုစိတ်ရှိသည်။ ပေးကမ်းတတ်သော်လည်း နောက်ဆုံးတွင် မိမိမှာ ပြည့်စုံစွာ ပြန်မရတတ်ပါ။မိမိက ဖော်ရွေသည်။ အသက်အရွယ်မရွေး ခင်မင်တတ်ပါမည်။ ပျော်ရွှင်စွာ နေတတ်ပါမည်။

“ကိုး”နှင့် ၎င်းကိုဖြစ်ပေါ်စေသော ဂဏန်းအတွဲများ (ဥပမာ- ၉၊ ၁၈၊ ၂၇) တွင် သင့်ဘဝအတွက် အရေးပါသော ကိစ္စများကို ဆောင်ရွက်သင့်သည်။ ၎င်းရက်များကို ရွေးချယ်သင့်ပါသည်။၎င်းပြင် ရှစ်နှင့်လေးဂဏန်းများနှင့် ၎င်းတို့ကို ဖြစ်ပေါ်စေသော ဂဏန်းတွဲများအပြင် တနှစ်တာအတွင်း မည်သည့်လတွင်မဆို ၄၊ ဂ၊၁၃၊၁၇၊ ၂၂ နှင့် ၂၆ ရက်ဖွားများသည် သင့်ဘဝအတွက် အရေး ပါလှပါသည်။

သို့သော် များသောအားဖြင့် ရှစ်နှင့်လေးဂဏန်းကို ဖြစ်ပေါ်စေ သောဂဏန်းအတွဲများသည် သင့်အတွက် ကောင်း ကျိုးထက် ဆိုး ပြစ်ကိုဖြစ်စေသဖြင့် သတိထားရပေလိမ့်မည်။ ရှောင်နိုင်ကပို၍ကောင်း လှသည်။ညှို့ဓါတ်စွမ်းအား တိုးတက်ထက်မြက်လာစေရန်နှင့်ပိုမိုကံကောင်း လာစေရန် အနီရောင်အဆင်း အမျိုးမျိုးပါသော အဝတ်အစား အသုံး အဆောင်များကို သုံးဆောင်သင့်ပါသည်။သင့်ကို ကံကောင်းစေမည့် ရထနာများမှာ ပတ္တမြားနှင့် ကျောက်နီ-တို့ဖြစ်ကြပါသည်။

ဘဝတသက်တာတွင် အရေးကြီးသော အသက်ပိုင်းများမှာ ၉၊ ၁၈၊၂၇၊ ၃၆၊ ၄၅၊ ၅၄၊ ၆၃၊ ၇၂၊ ၈၁ နှင့် ၉ဝ နှစ်တို့ဖြစ်ပေ သည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို ၃၊ ၆၊ ၉၊ ၁၂၊ ၁၅၊ ၁၈၊ ၂ ၁၊ ၂၄၊ ၂ ၇ နှင့် ၃ဝ ရက်ဖွားများသည် သင်နှင့်နီးစပ်သူများဖြစ် ပေသည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *