ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၅)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။
ဒီနေ့ဟာ.ရက်ရာဇာ၊ အမြိတ္တစုတ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၅)လုံး ကျရောက်နေတာဖြစ်ပြီး ပြည့်ဝခြင်းကိုပေးတဲ့နေ့ ဖြစ်ပါတယ်။ တီထိ(၅) လုံး အနေဖြင့် ဒီလိုနေ့မျိုးမှာတော့ အေးချမ်းတည်ကြည်မှု၊ စိတ်လက်ချမ်းသာမှုကို ပေးစွမ်းနိုင်တဲ့နေ့ရက် မျိုးပါပဲ၊ စိတ် ကောင်းထားပြီး နေနိုင်ရင်တော့ အလွန်ကောင်းမဲ့နေ့မျိုးပါပဲ။ ဘုရားသွား၊ ကျောင်းတတ်ပြီးနေထိုင် သင့်သလို အလုပ်စီးပွားအနေနဲ့ကလဲ သမ္မာအာဇီ၀ ကျတဲ့အလုပ်လေးတွေကို ဦးစားပေးလုပ်စေချင်ပါတယ်။
အချစ်ရေးအတွက် ကံကောင်းစေမဲ့ယတြာအစီအရင်များ၊ ငွေကံကောင်းစေမဲ့ ယတြာအစီအရင်များ ပြုလုပ် လို့ကောင်းမဲ့နေ့ရက်ပါပဲ။ ကြာသပတေးဂြိုဟ်အားကောင်းတာကြောင့် ပညာရေးနဲ့ပတ်သက်သော ကိစ္စများ စာပေ ပတ်သက် သောကိစ္စများလဲ အဆင်ပြေအောင်မြင်မှုတွေရလာတတ်ပါတယ်။ ကြိုးစားထားသမျှ ဒီနေ့မှာ ပြည့် ဝအောင် မြင်မှုတွေရလာတတ်ပါတယ်။ ရေရှည်အတွက် လုပ်ရမဲ့အလုပ်များ၊ ဒီနေ့မှာtarget ထားပြီးကြိုးစားခြင်း ဖြင့် အောင်မြင် မှုတွေရသွားတတ်ပါတယ်။
အလှကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ အရည်နှင့် ဆိုင်သော စားသောက်ကုန်ပစ္စည်းများ၊ ရောင်းခြင်း၊ဝယ်ခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ အထူးပဲကောင်းမွန်နေတတ်ပါတယ်။ အရပ်ဝေးနှင့် ဆက်သွယ်မှုများ ဆောင်ရွက်ရန် ရက်ကောင်းရက်မြတ် ကျရောက်သည်။ နံနက် (၁၀း၅၄)နာရီမှ နေ့လည် (၁း၁၂)နာရီ အတွင်း အရေးကြီးသော ကိစ္စများကို ဆောင်ရွက်နိုင်ပါသည်။
ငွေကြေးကိစ္စအ၀၀ဖြစ်တဲ့ ငွေချေးငှားခြင်း၊ ငွေပေးခြင်း၊ငွေယူခြင်း၊ ကိစ္စများ ၊အာမခံကိစ္စများ ဘဏ်ကိစ္စ များ ဆောာင်ရွက်လို့ အထူးအဆင်ပြေနေတတ်ပါတယ်။ယနေ့တွင် မင်္ဂလာအခါမပေးရပါ။ ဆောင်ရွက်လက်စ လုပ်ငန်းတို့ကို ရှေ့တိုးလုပ်ကိုင်နိုင်ပါသည်။ အခက်အခဲများ ဖြေရှင်းနိုင်သည်။ ရပိုင်ခွင့်များ ပြန်လည်တောင်းဆို နိုင်သည်။
ပုဏ္ဏာတီထိ ကျရောက်နေသောနေ့ဖြစ်သောကြောင့် မည်သည့်အလုပ်ကိုမဆို ပြီးမြောက်အောင်မြင်စေရန် အထူး ကောင်းပါသည်။ အဆိပ်များကို ဖယ်ရှားခြင်းနှင့် ခွဲစိတ်ကုသခြင်းများအားလုံးအတွက် အထူးကောင်းပါသည်။ အရေးကြီးသောလုပ်ငန်းကိစ္စများ၊ မင်္ဂလာပွဲများ၊ ကုသခြင်းများကို စတင်ရန် အထူးကောင်းပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၃၃)နာရီမှ မွန်းလွဲ(၁၄း၂၅)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဗြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် သူငယ်ချင်း သို့မဟုတ် ချစ်ရသူအား ကူညီရန် အမြဲတမ်း အသင့်ရှိနေပေးမည့် ကြင်နာ တတ်သော စိတ်စေတနာရှိသူဖြစ်သည်။ မိမိသည် လူများကို အထူးသတိထားလေ့လာမှုရှိပြီး စစ်မှန်သော လူသားချင်း စာနာထောက်ထားမှုရှိသူဖြစ်သည်၊ လုပ်ငန်းနဲ့ပတ်သက်ရင်မည်သည့်နေရာတွင် မည်သို့ ကိုင်တွယ်လုပ်ဆောင်ရ မည်ကို ကောင်း ကောင်းသိနားလည်ပါသည်။ ပန်းတိုင်ကို ဦးတည်ပြီး အောင်မြင်မှုများရရှိရန် ကြိုးပမ်းဆောင်ရွက် ထားပါက အောင်မြင် မှု အတွက် ဖြစ်နိုင်ချေရှိသော အချက်အားလုံးနှင့် ပြည့်စုံပါသည်။ နူးညံ့ကြင်နာမှုပုံသဏ္ဌာန်ကို ပုံဖော်နိုင်ပြီး မိမိ၏ကိုယ်ပိုင်ယုံကြည်ချက်နှင့် ခံယူချက်အတိုင်း ပြုမူလုပ်ဆောင်တတ်သူဖြစ်သည်။ ထူးချွန်ပြီး အောင်မြင် တဲ့သူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး မိမိလုပ်ငန်းအတွက် အသုံးချနိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ကျန်းမာရေး အထူးအားကောင်း ပြီး တော်ရုံကျန်းမာရေးအညံ့မရှိပေမဲ့ အရေပြားရောဂါတွေကို တော့ဂရုစိုက်ဖို့လိုပါ တယ်။ငွေကြေးကံအား ကောင်းကြ သူ တွေဖြစ်ပြီး သတ်လက်ပိုင်းမှာ ချမ်းသာကြသူတွေဖြစ်ပါတယ်။ နေရာထိုင်ခင်း အပြောင်း အလဲများပြီး နေရာပြောင်း၊ မြို့ပြောင်း၊ရပ်ကွက်ပြောင်းလဲနေထိုင်ရသူမျိုးဖြစ်တတ်ပါတယ်။ အသက် ၄၂ ကျော် မှပဲ အိုးအိမ်အခြေကျတတ်ပါတယ်။ အားသာချက်က စန်းအားကောင်းပြီး အိမ်ထောင်ဘက်ကောင်း ရတတ် သလို လူကြီးတွေရဲ့ အပြည့်အဝတာဝန်လွှဲ ခြင်းမျိုး၊ လုပ်ငန်းတွေကို မျက်နှာလွှဲပေးအပ်တာမျိုး ကြုံရတတ်ပါ တယ်။ ကိုယ်ပိုင်စီးပွားကံအားကောင်းတာမို့ အချိန် တန် ကိုယ်ပိုင်အလုပ်ကိုအားထည့်လုပ်မယ်ဆို ထူးခြားကျယ်ပြန့်စွာ အောင် မြင်နိုင်တဲ့သူမျိုးဖြစ်လာတတ်ပါတယ်။ နာမည်ပေးတဲ့အခါ စနေအစ အင်္ဂါအဆုံးနာမည်မျိုးတော့လုံးဝမမှည့် သင့်ပါ ဘူး။
ဗြုဗ္ဗာဖလဂုဏီ နက္ခတ်ဖြစ်တာကြောင့် ပြုပ္ဗဖလဂုဏီနက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်း ကြုတ်ခြင်းတို့ကြောင့် ကောင်းမှု မင်္ဂလာကိစ္စများအတွက် မသင့်တော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်း ခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာ ပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်း ဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များအားလုံးကို ဆောင်ရွက်နိုင်ပါသည်။
သောဘဏယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “ခမ်းနားခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များအားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။
ကောလဝါကရိုဏ်းကျရောက်နေသောနေ့ဖြစ်သောကြောင့် မင်္ဂလာဆောင်၊ သတို့သမီးရွေးချယ်၊ သူငယ်ချင်း၊ အချစ်ရေး၊ အလှဆင်ရန်၊ ချစ်ကြည်ရင်းနှီးမှု၊ သဘောတူညီချက် (သို့မဟုတ်) ကာလရှည်ကြာစွာ တည်မြဲနေမည့်အရာများ ကဲ့သို့ သော ပုံသေလုပ်ထားသည့်အရာများအတွက် အထူးကောင်းပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၉း၂၇)နာရီမှ နံနက်(၁၀း၅၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ စနေသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၆၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူကာ “ဝိဇ္ဇာစရဏ သမ္မန္နော” (၉)ခေါက် ရွတ်ဆို သွားပါ။ ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အာလူးကြော်ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း