ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလဆုတ် (၆)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၅၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၁)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။
ဒီနေ့ဟာ သမားညို၊ နဂါးပေါ်ရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ် လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၆)လုံး ကျရောက်နေတာဖြစ်ပြီး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့ဖြစ်ပါတယ်။ တီထိ (၆)လုံးအနေဖြင့် ပျော်ရွှင်ခြင်း၊ ကောင်းမြတ်ခြင်း၊ ကြွယ်ဝခြင်းတွေကိုပေးတဲ့ နန္ဒတီထိကျ ရောက်တဲ့နေ့လဲဖြစ်ပါတယ်။ သောကြာဂြိုဟ်တွေစိုးမိုးနေတာကြောင့် အကအခုန်များ၊ သီဆိုခြင်းများ၊ပွဲလမ်းသဘင်၊ Entertainment နှင့် ပတ်သက်သောအလုပ်ကိစ္စများ၊ ပန်းချီ၊ပန်းပုနှင့် ဥယျဉ်ခြံလုပ်ငန်းများလဲ အလွန်ပဲ အကျိုးပေးကောင်းမွန်တဲ့ နေ့ရက် ပါပဲဗျ။ဥပုသ်သီလဆောက်တည်တာ၊မိသားစုနဲ့အတူတူဘုရားဖူးတွက်တာစတဲ့အရေးကိစ္စတွေလဲ ကြုံရ တတ်ပါတယ်။ ပျော်စရာကိုရရှိနိုင်တဲ့နေ့ရက်ဖြစ်တာကြောင့် မိမိချစ်ရသူတွေ၊ မိမိမိသားစုဆွေမျိုးသားချင်းတွေနဲ့ အတူပျော်စရာအချိန် လေးတွေကို ဖန်တီးလိုက်ပါဗျာ။
ဒီနေ့မှာ ငွေကြေးကိစ္စတွေဖြစ်တဲ့ ငွေပေးခြင်း၊ငွေယူခြင်း၊ ချေးငှားခြင်းများနှင့် အာမခံလုပ်ငန်းများ၊ ဘဏ် လုပ်ငန်းများဒီနေ့မှာအလွန်ပဲ ဆောင်ရွက်လို့ကောင်းပါတယ်။ စတော့ရှယ်ယာလုပ်ငန်းများ၊ကုမ္ပဏီအစုစပ်လုပ်ငန်း များနှင့် ဖက်စပ်ရှယ်ယာလုပ်ငန်းများလဲ အထူးကောင်း တဲ့နေ့တစ်နေ့ပါပဲ။
ဒီနေ့မှာ ယာဉ်ကားဝယ်ယူခြင်း၊ ရောင်းချခြင်းမျိုးလဲ ဆောင်ရွက်လို့ အဆင်ပြေပါတယ်။ ဆေးဝါးအမျိုးမျိုး၊ အလှကုန်ပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများနှင့်အရည်နှင့်ဆိုင်သော စားသောက်ကုန် ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးခြင်းများ ဒီနေ့မှာဆောင်ရွက်လို့သင့်ပါတယ်။အချစ်ရေးကံ၊မေတ္တာရေးကံမြင့်မားနေ တာကြောင့်မိမိချစ်ရသူကို ချစ်ရေးဆိုတာ၊မိမိခံစားချက်တွေကိုရင်ဖွင့်တာ ၊ လက်ထပ်ခွင့်တောင်းတာမျိုးတွေအထူး ပဲဆောင်ရွက်သင့်ပါတယ်။
ယနေ့ ရာဇမင်းထံ ဝင်ထွက် သွားလာခြင်း မပြုရပါ။ သဗ္ဗသတ္တသိဒ္ဓိယုဂ် ရရှိမည်။ အလုံးစုံသော ကောင်းကျိုး များ ပြီးစီးအောင်မြင်မည်။ ခရီးသွား၍ အကျိုးရှိမည်။ အခက်အခဲများ ဖြေရှင်းနိုင်မည်။ အရပ်ဝေးနှင့် ဆက်စပ်သော လုပ်ငန်းများ အကျိုးပေးမည်။ အလုပ်ရှာခြင်း၊ တိုင်းတပါးနှင့် တိုက်ရိုက်ဆက်စပ်လုပ်ကိုင်ရခြင်းများ အကျိုးပေး မည်။ ပြဿနာအလုံးစုံကို ဖြေရှင်းအောင်မြင်နိုင်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၃း၂၉)နာရီမှ မွန်းလွဲ(၁၄း၂၁)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဉတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါ သည်။ယနေ့ မွေးဖွား သူများသည် စေတနာသဒ္ဓါတရားရှိ၍ စိုးရိမ်ကြောင့်ကြမှုကင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ နှစ်သက် ဖွယ်ကောင်းပြီး ဖော်ရွေသောစိတ်ရှိသော်လည်း မိမိနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာတွေကိုထုတ်ပြ လေ့မရှိသူလဲ ဖြစ်ပါသည်။ မိမိသည် နူးညံ့သိမ်မွေ့ပြီး မတရားမှုမှန်သမျှကို အလွန်ပင် မုန်းတီးရွံရှာသည်။ မိမိဘဝ လုံခြုံစိတ်ချစေရန် မိမိလုပ်တဲ့ အရာအများစုကို ထိန်းချုပ်မောင်းနှင်နိုင်သူလဲဖြစ်ပါတယ်။
မယုံနိုင်လောက်အောင် အကဲခတ်တော်သူ ၊ရိပ်မိသိရှိ လွယ်သူ ဖြစ်ပြီး အခြေအနေ (သို့မဟုတ် လူတစ်ဦး) ကို လျင်မြန်စွာ ခန့်မှန်း သုံးသပ်နိုင်သည်။ မိမိရဲ့အချစ် ရေးက မိမိအတွက် အရေးကြီးပေမယ့် မိမိရဲ့ ပေါင်းသင်း ဆက်ဆံရေဆိုင်ရာ ချစ်ခြင်းမေတ္တာသည်လည်း အတူတူပင် ဖြစ်ပါသည်။ ခိုင်မာသော တည်ရှိမှုနှင့် ကိုယ်ပိုင်ဆွဲဆောင်နိုင်မှု စွမ်းရည် သံလိုက်ဓာတ် အစုအဝေးများ ရှိသည်မှာ မိမိအား အောင်မြင်မှုနှင့် အောင်မြင်မှုဆီသို့ ကြီးမားစွာ ကူညီပေးသည့် အရည်အသွေးများပင် ဖြစ်ပါသည်။ ငွေရေး ကြေးရေးဆိုင်ရာ အောင်မြင်မှုရရှိရန် အလားအလာများ စွာရှိသည်။ ငွေလာဘ်ရွှင်သူတွေဖြစ်ပါတယ်။ ကံကောင်း တာက မိခင်၊ အဖွား၊အဒေါ် အကြီးအကဲတွေဆီကနေ အကူအညီ တွေရလာတတ်ပါတယ်။ လူချစ်လူခင်သိပ်များတဲ့ ဖွားဇာတာဖြစ်ပါတယ်။ မိန်းကလေးဆို သတိထားရမှာကအချစ်ကို ပေါ့ပေါ့သေးသေး မတွက်မိပါစေနဲ့ ။အချစ် ကြောင့်ဒုက္ခရောက်နေတတ်ပါတယ်။ အချစ်နဲ့ အရွယ်မတိုင်ခင် ကင်းကင်း နေပါ။ သေချာကြိုးစားမယ်ဆိုရင်တော့ သက်လတ်ပိုင်း အသက် ၃၀ကနေ အသက် ၄၆အတွင်း အထူးကံကောင်းနေ တယ်။
ဉတ္တရဖလဂုဏီနက္ခတ်ဖြစ်တာကြောင့် ဥတ္တရဖလဂုဏီ နက္ခတ်သည် တည်ကြည်တည်ငြိမ်သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်းအတွက် သင့်လျော်သည်။ ဗိမာန်ဆောက်ခြင်း သို့မဟုတ် တည်မြဲခြင်း သို့မဟုတ် တည်မြဲသော အကျိုးကို လိုလားသော အခြားလုပ်ဆောင်မှု တစ်ခုခုတို့အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော် နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာ ပွင့်ရာအရပ်သည် အထက်အရပ် ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။
အတိဂဿယုဂ် ကျရောက်နေသောနေ့ ဖြစ်သောကြောင့် “အတားအဆီးနှင့်အန္တရာယ်များစွာ” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ ဆောင်ရွက် လုပ်ကိုင်ရန် မသင့်တော်ပါ။
တေထိလကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှု၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ အားလုံးအတွက် အထူးကောင်း ပါတယ်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၄း၂၀)နာရီမှ ညနေ(၀၅း၅၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ စနေ၊ ရာဟုသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဖြူရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၃၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်အရပ်သို့ မျက်နှာမူကာ “ဘဂဝါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ငါးကြော် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2024
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2024
အောင်မှန်- အခါပေးဒိုင်ယာရီ2024
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2024
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2024
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း