loading

ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(19.Jan.2025)

  • Home
  • Blog
  • ဒီနေ့မွေးရင်သွေးငယ်များအကြောင်း(19.Jan.2025)

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဉတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မကာရရာသီဖွားဖြစ်ပါ သည်။ယနေ့ မွေးဖွား သူများသည် စေတနာသဒ္ဓါတရားရှိ၍ စိုးရိမ်ကြောင့်ကြမှုကင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ နှစ်သက် ဖွယ်ကောင်းပြီး ဖော်ရွေသောစိတ်ရှိသော်လည်း မိမိနှင့်ပတ်သက်သော ကိုယ်ရေးကိုယ်တာတွေကိုထုတ်ပြ လေ့မရှိသူလဲ ဖြစ်ပါသည်။ မိမိသည် နူးညံ့သိမ်မွေ့ပြီး မတရားမှုမှန်သမျှကို အလွန်ပင် မုန်းတီးရွံရှာသည်။ မိမိဘဝ လုံခြုံစိတ်ချစေရန် မိမိလုပ်တဲ့ အရာအများစုကို ထိန်းချုပ်မောင်းနှင်နိုင်သူလဲဖြစ်ပါတယ်။

မယုံနိုင်လောက်အောင် အကဲခတ်တော်သူ ၊ရိပ်မိသိရှိ လွယ်သူ ဖြစ်ပြီး အခြေအနေ (သို့မဟုတ် လူတစ်ဦး) ကို လျင်မြန်စွာ ခန့်မှန်း သုံးသပ်နိုင်သည်။ မိမိရဲ့အချစ် ရေးက မိမိအတွက် အရေးကြီးပေမယ့် မိမိရဲ့ ပေါင်းသင်း ဆက်ဆံရေဆိုင်ရာ ချစ်ခြင်းမေတ္တာသည်လည်း အတူတူပင် ဖြစ်ပါသည်။ ခိုင်မာသော တည်ရှိမှုနှင့် ကိုယ်ပိုင်ဆွဲဆောင်နိုင်မှု စွမ်းရည် သံလိုက်ဓာတ် အစုအဝေးများ ရှိသည်မှာ မိမိအား အောင်မြင်မှုနှင့် အောင်မြင်မှုဆီသို့ ကြီးမားစွာ ကူညီပေးသည့် အရည်အသွေးများပင် ဖြစ်ပါသည်။ ငွေရေး ကြေးရေးဆိုင်ရာ အောင်မြင်မှုရရှိရန် အလားအလာများ စွာရှိသည်။ ငွေလာဘ်ရွှင်သူတွေဖြစ်ပါတယ်။ ကံကောင်း တာက မိခင်၊ အဖွား၊အဒေါ် အကြီးအကဲတွေဆီကနေ အကူအညီ တွေရလာတတ်ပါတယ်။ လူချစ်လူခင်သိပ်များတဲ့ ဖွားဇာတာဖြစ်ပါတယ်။ မိန်းကလေးဆို သတိထားရမှာကအချစ်ကို ပေါ့ပေါ့သေးသေး မတွက်မိပါစေနဲ့ ။အချစ် ကြောင့်ဒုက္ခရောက်နေတတ်ပါတယ်။ အချစ်နဲ့ အရွယ်မတိုင်ခင် ကင်းကင်း နေပါ။ သေချာကြိုးစားမယ်ဆိုရင်တော့ သက်လတ်ပိုင်း အသက် ၃၀ကနေ အသက် ၄၆အတွင်း အထူးကံကောင်းနေ တယ်။

သင်သည် လွယ်လွယ် စိတ်မလျှော့တက်ပေမယ့် သူတစ်ပါး ထိခိုက်စေမည့် အကြောင်းအရာများနှင့် ကြုံတွေ့လာရ ပါက ချက် ချင်းပင် အလျှော့ပေး ဆောင်ရွက်တက်ကြပါသည်။အများအားဖြင့် လူအများရဲ့ အကူအညီတွေရလွယ်ကြ ပါတယ်။ တစ်ခု အားနည်းချက်က ဆွေမျိုးသားချင်းတွေရဲ့ ဒုက္ခပေးခြင်းကိုခံရတတ်ပါတယ်။ ဒီနေ့မွေး ရင်သွေး များဟာ မိန်း ကလေးဖြစ်မယ်ဆိုရင်တော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရေးကံအားသာချက်ရှိကြတဲ့သူ တွေအဖြစ် တွေ့ရပြီး တစ်သက်တာ အိမ်ထောင်ရေးအတွက်ရင်အေးရပါ လိမ့်မယ်။

ကလေးငယ်ဟာနယ်ပယ်သစ် ရှာဖွေဖောက်ထွက် ရာမှာ….သော်လည်းကောင်း၊ စွန့်စားလုပ်ကိုင်ရာမှာ သော်လည် ကောင်း…၊ စနစ်ဟောင်းတွေကို ချိုးဖောက်ပြီး စနစ် သစ်တော်လှန်ပြောင်းလဲ မှု ပြုရာတွင်သော် လည်း ကောင်း… အလွန်အင် မတန် စွမ်းအားရှိသော …ဖွားဇာတာရှင် ကလေး ငယ် ပါပဲ။အချိန်တန် အရွယ်ရောက်တာနဲ့ ဆွေမျိုး သွေးသား အသိုက်အဝန်းကို စွန့်ခွာပြီး….မထင်မှတ်ထားတဲ့ အဆင့်တစ်ခုဆီကို ..စွန့်စား ဖောက်ထွက် …အောင်မြင် သွားနိုင်သော ..ဇာတာရှင်လို့လည်း ဆိုနိုင်ပါတယ်။

ဆက်ဆံရေးမှာ ဟိတ်ဟန်မရှိပေမယ့် ပတ်ဝန်းကျင်နဲ့ ‘အုတ်ရောရော ကျောက် ရောရော’ မနေဘူး။ ရည်မှန်းချက် ကြီးပြီး၊ ရည်မှန်းချက်အတိုင်း ဖြစ်အောင် လည်း စွမ်းဆောင်နိုင်တယ်။အချုပ်အားဖြင့် ဆိုရင်တော့ ဒီနေ့မွေးသူများဟာ ဘယ်တော့မှ နောက်လိုက်ဖြစ်မှာမဟုတ်ဘူး။ ဦးစီးခေါင်းဆောင်ဘဲ ဖြစ်မယ်။ ဘ၀မှာနိမ့်ပါး ဆင်းရဲရမယ့်သူလည်း ဖြစ်မှာမဟုတ်ဘူး။ အောင်မြင်ချမ်းသာတဲ့ သူပဲဖြစ်မှာပါ။ ပညာအဆင့်အတန်းကိုတော့ ဘာမှ အထူးဟောနေစရာ မလိုဘူး။ မိဘဆွေမျိုးအသိုင်းအဝန်းရဲ့ ဂုဏ်ကိုမြှင့်တင်မယ့်သူတစ်ယောက် ဖြစ်ပါလိမ့်မယ်။

ဇန်နဝါရီလတွင်မွေးဖွားသော တစ်ဂဏန်းသမားများဟာ လွတ်လပ်မှုကိုအလေးထားသူဖြစ်သလိုဆန္ဒများတွင်လည်း ပင်ကိုယ်ဖန်တီးနိုင်စွမ်း ပြည်ဝ လျက်ရှိပေသည်။ဘဝအောင်မြင်ရေးနှင့်ပတ်သက်လျက်ဆိုရပါမူအသက်၂၀ကနေ အသက်၃၁ထိအထူးအားကောင်းကြတာတွေ့ရပါသည်။ မမျှော်လင့် သောအခြေအနေတို့ကြောင့်လည်း စောစီး စွာ အောင် မြင်တတ်သည်။မည်သို့ပင်ဖြစ်စေ ဘဝတွင် အောင်မြင်မည်သာဖြစ်သည်။ လွန်စွာ တွေးတွေးဆဆ ဂရုတစိုက် လုပ်ကိုင်တတ်သည့်ညာဉ်ရှိပြီးမည်သည့်ကိစ္စတွင်မဆို စေ့စပ်လွန်းတတ်ပါသည်။ လက်တွေ့ဆန်လျက် တည်ငြိမ်စွာ တွေးခေါ်တတ်သဖြင့် တစုံ တယောက်၏ ထင်မြင်ချက်ကြောင့် လွယ်လင့်တကူ တွေဝေယိမ်းယိုင်ရန် ခက်လှသည်။

မိမိအကြံအစည်များ၏ နောက်ကွယ်တွင်“ခိုင်မာသည့်စိတ်ပြဋ္ဌာန်းချက်ရှိသည့်အကြောင်းရင်း” ရှိနေတတ်ပါသည်။ ဘဝအခက်အခဲ များ ကြောင့် စိတ်ဓါတ်ကျမည့်သူမျိုးမဟုတ်ချေ။အလွန်ရက်ရောတတ်သော်လည်း .. တပါးသူ၏ အမိန့်နှင့် စေခိုင်း ခြင်းကို ခံပြင်းစွာ ငြင်းဆန်တတ်ပေသည်။ သို့သော် ကိုယ်နည်းကိုယ်ဟန်ဖြင့် လှူဒါန်းပေးကမ်းတတ် သူဖြစ်သည်။

ဘဝရည်မှန်းချက်ကို ခိုင်မြဲစွာ ချမှတ်ထားတတ်သူ ဖြစ်သဖြင့် အသိုင်းအဝန်းနှင့် သင့်မိသားစုကို ကျော်လွန်ပြီး တစ်မိ ပေါက်တစ်ယောက်ထွန်း ထိုးတက်သွားပါ လိမ့်မည်။ဘဝလမ်းတလျှောက်၌ မြောက်မြားစွာသော အခက်အခဲများနှင့် ရင်ဆိုင်ကောင်း ရင်ဆိုင်ရပေလိမ့်မည်။ သို့သော်လည်း မိမိ၏ သည်း ခံစိတ်နှင့် ခိုင်မာသောစိတ်တို့ကြောင့် ကျော် လွှားနိုင်ပါလိမ့်မည်။ အတားအဆီးအားလုံးကို ကျော်ဖြတ်နိုင်မည်။

သူတစ်ပါးကို ဆွဲဆောင်နိုင်တဲ့ သံလိုက်ဓါတ် ညှို့အားတစ်မျိုးကိုမွေးရာပါ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ မိမိတို့ရဲ့ သံလိုက်ဓာတ်ညို့အားဟာ ရုပ်ရည်ရူပကာနဲ့ မဆိုင်ပါဘူး၊ ရုပ်ချောတဲ့သူလည်း သံလိုက်ဓာတ်ညို့အား ရှိချင်မှရှိတာပါ။ ရုပ်ဆိုးပေမယ့်လည်း သံလိုက်ဓာတ်ညို့အား ရှိတတ် တာပါပဲ။ အဲဒီသံလိုက် ဓာတ်ညို့အားရှိတဲ့ လူဆိုတာ လူတစ်ထောင်မှာ တစ်ယောက်တောင်မရှိပါဘူး။ သံလိုက်ဓာတ်ညို့အားရှိတဲ့လူကိုမြင်သူတိုင်းက လေးစားတယ်။ ချစ်ခင်တယ်။ ယုံကြည်မှုရှိတယ်။ အဲဒီ သံလိုက် ဓာတ်ညို့အား အကြောင်းကို ရှင်းပြနေရင်တော့ တော်တော်နဲ့ ပြီးမှာ မဟုတ်ဘူး။ ကောင်းမွန်တဲ့ စွမ်းအားတစ်မျိုးလို့ဘဲ မှတ်ထား လိုက်ပါ။

ဇန်နဝါရီလ ၁၊ ၁၀၊ ၁၉၊ သို့မဟုတ် ၂၈ရက် ဖွားခဲ့သော်၊ မူးယစ်စေတတ်သော ဆေးဝါးနှင့် အရက်သေစာ သောက် စားခြင်း မရှိလျှင် လွန်စွာ ကျန်းမာရေးကောင်းသူဖြစ်လိမ့်မည်။

မကြာခဏဆိုသကဲ့သို့ပင် အအေးမိခြင်း၊ အကြောအခြင် ကိုက်ခဲ ခြင်း စသည်တို့ကို ခံစားရတတ်ပါသည်။ ထိုရောဂါ မျိုးကို ရှောင်ရှား လိုပါက ခြောက်သွေ့ သောရာသီဥတုနှင့် ကုန်းမြင့်ဒေသတို့ကို ရွေး ချယ်၍ နေထိုင်သင့်ပါသည်။

တနင်္ဂနွေဂြိုဟ် (နေမင်း) နှင့် ယူရေးနပ်စ်ဂြိုဟ်အသီးသီးကို ကိုယ် စားပြုသော ““တစ်”နှင့် “လေး” တို့သည်. .သင့်အတွက် အရေးပါ သော ဂဏန်းများဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်လ၌မဆို ၁၊၄၊ ၁၀၊ ၁၃၊ ၁၉၊၂၂ ၊ ၂၈ နှင့် ၃၁ရက်တို့မှ တရက်ရက်တွင် ကိုယ့် အတွက် အရေးကြီးသည့်ကိုစ္စများကို ဆောင်ရွက်သင့်လှပေသည်။

မိမိ၏ညှို့ဓါတ်စွမ်းအား တိုးတက်စေရန်နှင့် ပိုမိုကံကောင်းစေရန်ဝတ်စားဆင်ယင်ရာတွင် တနင်္ဂနွေဂြိုဟ်နှင့် ယူရေးနပ်စ်ဂြိုဟ်တို့နှင့်သက်ဆိုင်သော အောက်ပါအရောင်များကို ရွေး၍အသုံးပြုပါ။

#တနင်္ဂနွေဂြိုဟ်– ရွှေရောင်၊ ရွှေညိုရောင်၊ ကြေးနီရောင်နှင့် အဝါ ရောင်။

#ယူရေးနပ်စ်ဂြိုဟ်– နီလာရောင်၊အပြာရောင်၊ မီးခိုးရောင်နှင့်အဖြူရောင်

ကိုယ့်အတွက် ကံကောင်းစေမည့် ရတနာများမှာ စိန်၊ နီလာနှင့်ပယင်းတို့ဖြစ်သည်။

သင့်ဘဝတွင် အမှတ်ထင်ထင် ဖြစ်စေမည့်. အသက်ပိုင်းများမှာ ၁၀၊ ၁၉၊ ၂၀၊ ၃၇၊၄၆၊ ၅၅၊ ၆၄၊ ၇၃နှစ်နှင့် ၄၊၁၃၊ ၂၂၊ ၃၁၊ ၄၀၊ ၄၉၊ ၅၈၊ ၆၇၊ ၇၆ နှစ်တို့ဖြစ်ပါသည်။တနှစ်တာအတွင်း မည်သည့်လ၌မဆို “တစ်”နှင့် “လေး”ဂဏန်း များကို ဖြစ်စေသော ရက်များ (ဥပမာ−၁၊ ၄၊ ၁၀၊ ၁၃၊ ၁၉၊ ၂၂၊ ၂၈နှင့် ၃၁) ရက်များတွင် ဖွားမြင်သူများနှင့် ဘဝတလျှောက်လုံး ရေစက်ဆုံနေပါလိမ့်မည်။

ဒီနေ့မွေးရင်သွေးငယ်များအားလုံး ကျန်းမာချမ်းသာ၊အသက်ရှည်ပြီး၊ဥာဏ်ပညာနှင့်ပြည့်စုံသော သားသားမီးမီးများဖြစ် ကြပါစေ။မိဘကအားကိုးရသော၊တိုင်းပြည်က အားကိုးရသော ရတနာလေးတွေ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။

#ဩဘာမိုး -ရင်သွေးအမည်ပေးသီးသန့်

09775555695

Leave a Reply

Your email address will not be published. Required fields are marked *