ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ပြာသိုလကွယ်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၄၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၅း၃၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေပေါ များ ခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါ တယ်။
ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ(၁၄)လုံး ဖယ်ရှင်းခြင်းအတွက်သုံးရန် အထူးကောင်းတဲ့နေ့ဖြစ်နေပါတယ်။ တီထိ(၁၄)လုံးအနေဖြင့် ရက်စက်ကြမ်းကြုတ်မှုတွေကိုပေးတဲ့ ရိတ္တာတီထိ ကျရောက်တဲ့နေ့ပါပဲ။ စနေအုပ်စိုး တဲ့နေ့ရက် ဖြစ်တာကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာဖြစ်စေ၊ အရေးပြာပေါ်မှာ ရှိစေဖြစ်ပေါ်နေတဲ့အနာရောဂါတွေကို ခွဲစိပ်ကုသမယ် ဆိုရင်တော့ ဒီနေ့မှာကုသလို့ အောင်မြင်ပါလိမ့်မယ်။
အနိဌသဘောဆောင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဓားလှံလက်နက်များထုတ်လုပ်တဲ့အလုပ်များ၊ ခဲယမ်းမီး ကျောက်နဲ့ပတ်သက်သောအလုပ်များ၊ ပိုသတ်ဆေးဖြန်းခြင်းများဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။ ရန်သူအား ဖမ်းဆီး ခြင်း၊ လက်နက်သုံးစွဲခြင်းများပြုလုပ်နိုင်တဲ့နေ့တစ်နေ့ပါပဲ။
ဒီလိုနေ့မျိုးမှာတော့ လုပ်ငန်းသစ်စတင်ခြင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းအတွက် အင်တာဗျူးခြင်း များ၊ပြည်တွင်းပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများဖွင့်လှစ်ခြင်းတွေ အထူးကောင်းပါတယ်။
ကုန်ရောင်းကုန်ဝယ်အလုပ်များ ၊အိမ်ခြံမြေရောင်းဝယ်ခြင်းကိစ္စများ၊အထူးအဆင်ပြေတတ်ပါ တယ်။ကလေးနာမည် ပေး ကင်ပွန်းတပ်ခြင်းများလဲ ဒီနေ့မှာဆောင်ရွက်နိုင်ပါတယ်။ဒီနေ့မှာရင်းနှီးမြုပ်နှံမှုတွေမှားတတ်ပါတယ်။ စီးပွားရေး နဲ့ ပတ် သက်ပြီး အကြီးစားရင်းနှီးမြုပ်နှံမှုတွေရှောင်လိုက်စေချင် ပါတယ်။
ယနေ့သည် ဆေးစား၊ ဆေးကုပြုရန် ရက်ကောင်းဖြစ်သည်။ သမားပြခြင်း၊ ဆေးရုံ၊ ဆေးခန်းသွားခြင်းများလည်း ပြုလုပ်နိုင်ပါသည်။ ရိတ္တာတီထိ ကျရောက်နေသောနေ့ ဖြစ်သောကြောင့် ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်ရန် မသင့်လျော်ပါ။ ဒြပ်စင်များနှင့် အဆိပ်ကို စီမံရန်၊ ဝိဉာဉ်များကို ခေါ်ယူခြင်းအတွက် အထူးသင့်လျော်ပါသည်။ အရေးကြီးသောစီးပွားရေးလုပ်ငန်းများ အတွက် ကံမကောင်းသောနေ့တစ်နေ့ ဖြစ်နေပါသည်။ ပုံမှန်အလုပ်သာလုပ်ပါ။ ခရီးသွားခြင်း၊ ဆံပင်ညှပ်ခြင်း၊ လက်သည်းညှပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မွန်းလွဲ(၁၂း၅၄)နာရီမှ မွန်းလွဲ(၁၃း၄၅)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ် ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်း များ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ပြုဗ္ဗသာဠ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အလုပ်တာဝန်များစွာကို မိမိရဲ့ပခုံးပေါ်မှာ ဦးဆောင်ဦးရွက်ကောင်းကောင်းနဲ့ သဘောထား ကြီးပြီး တာဝန်သိတတ်သူတစ်ယောက်ဖြစ်ပြီး လူအများကို လုံခြုံအေးချမ်းစေရာ “အိမ်” လို့ပင် ခေါ်ဆိုနိုင် ပါတယ်။ မိမိတွင် ကျက်သရေရှိပြီး မိမိ၏ကိုယ်ပိုင်ကျော်ကြားမှုသည် မိမိ၏စိတ်ခွန်အားလောက်မဟုတ်သော်လည်း မိမိဘ၀တွင် အမြဲပင် အကူအညီများ ပေးနိုင်သည်။ ဘဝလက်တွဲဖော်သည် မိမိအတွက် အရေးကြီးပြီး မိမိတို့၏ ဆက်ဆံရေးကို လူအများစုထက် ပိုတန်ဖိုးထားပါသည်။ မေတ္တာတရားပရဟိတကသာ မိမိကမ္ဘာကို လည်ပတ်စေနိုင် ပါတယ်။ မိမိရဲ့ စိတ်ကူးက ကန့်သတ်ချက်မရှိလွတ်လပ် ကျယ်ပြန့်နေတတ်ပါတယ်။ မိမိက စိတ်ကူးယဉ်ဆန်ဆန် ပုံပြင်ပြောသူ ကောင်းတစ်ယောက်ဖြစ်ပြီး မိမိရဲ့ပင်ကိုယ်က ယေဘုယျအားဖြင့် မိမိကို အကောင်းမွန်ဆုံး ဝန်ဆောင်မှု ပေးနိုင်ပါတယ်၊ အိပ်မက်ကြီးကြီးမက်တယ်။တစ်ကိုယ်တည်းနေရတာကိုပိုကြိုက်သူဖြစ်ပါတယ်။ သို့သော် တိရစ္ဆာန်လေးတွေကို ချစ်တတ်ပြီးတော့ အားနည်းသူတွေကို သနားကိုယ်ချင်းစာတတ်သူပဲဖြစ်ပါတယ်။ သတိထားရ မှာက အရမ်းအားနာ တတ် တဲ့အကျင့်ကြောင့် အဲစိတ်ကိုခုတုံးလုပ်ပြီး မိမိဆီက ရသမျှနွှာယူမဲ့သူတွေနဲ့လဲကြုံတွေ့ ရတတ်ပါတယ်။ မိဘတွေ ဆီက ရောဂါတွေ Generation လိုက်ပြီးမိမိဆီပါလာတတ်တာမို့ အများအားဖြင့် ကျန်းမာရေး ခြူခြာအားနည်းသူ လို့ဆိုနိုင်ပါတယ်။ မိမိပြောမည့်အရာ၏ ထိရောက်မှုကို တိတိကျကျမသိမချင်း ဘယ်သောအခါမှ တစ်ခုခုအကြောင်း မပြောတတ်ပါ။ မိမိရဲ့ ပင်ကိုယ်ဥာဏ်က ထူးထူးခြားခြားပါပဲ၊ မိမိ အဲဒါကို ယုံကြည်ရန်သင်ယူဖို့ပဲလိုတယ်။ပညာဥာဏ် အတွေးအခေါ်ကြောင့်ပဲ မိမိဘဝကမြင့်မားသွားနိုင်ပါတယ်။
ပြုဗ္ဗသာဠ်နက္ခတ်ဖြစ်တာကြောင့် ပြုဗ္ဗသာဠ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်ဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်၊ မီးရှို့မှု၊ တိုက်ပွဲ၊ မီးတင်၊ ဖျက်ဆီးခြင်း၊ ဂုဏ်သိက္ခာမဲ့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့အတွက် သင့်လျော်သည်။ ကောင်းသော ကိစ္စရပ်များအတွက် မသင့်လျော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉ္စာ၌ သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဂြဟဇာ ပွင့်ရာအရပ်သည် မြေကြီးအရပ်ဖြစ်သည်။ ဂြဟဇာ ပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။
ဝဇီရယုဂ် ကျရောက်နေသောနေ့ဖြစ်သောကြောင့် “မိုးကြိုးသွား”ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များအတွက် မသင့်လျော်ပါ။
ဗိဌိကရိုဏ်း ကျရောက်နေသောနေ့ဖြစ်သောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ် အားဖြင့် ရန်သူကိုတိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် အထူးသင့်လျော်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၀၃း၀၉)နာရီမှ ညနေ(၀၄း၃၄)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ မီးခိုးရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၀၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အနောက်တောင်အရပ်သို့ မျက်နှာမူကာ “ဓမ္မံပူဇေမိ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နှမ်းမနဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
တစ်နေ့တာ အချစ်ရေး ကံတရားများ…..
တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.တစ်နေ့တာ အကျိုးပေးအရောင်များ
တစ်နေ့တာ အကျိုးပေးဂဏန်းများ
အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ
အောင်မှန်- အခါပေးဒိုင်ယာရီ
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း