loading

8.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 8.Feb.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပို့တွဲလဆန်း (၁၁)ရက်၊ စနေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၈)ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၄၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၂၉)နာရီဖြစ်ပြီး ၊ ညနေ(၅း၄၁)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ(၁၁)လုံး ကျရောက်နေတာဖြစ်ပြီး ပျော်ရွှင်ခြင်းကိုပေးတဲ့နေ့လည်း ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်း၊ကောင်းမြတ် ခြင်း၊ကြွယ်ဝခြင်းတွေကို ကိုယ်စားပြုတဲ့ နန္ဒတီထိကျရောက်တဲ့နေ့ရက်လဲဖြစ်ပါတယ်။ ဒီနေ့မှာ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ၊ မိမိကုန်ပစ္စည်းအား marketing ဆင်းပြီး အရောင်းမြှင့်တင်ခြင်းလုပ် ငန်းများဆောင်ရွက်လို့ အထူးအောင်မြင်နိုင်ပါတယ်။

            ရေနဲ့ဆက်စပ်သောရေသန့်လုပ်ငန်းများ၊ အချိုရည်၊အအေးမျိုးစုံ၊ရေထွက်ပစ္စည်းလုပ်ငန်းများ၊ ပင်လယ်စာ ရောင်းချခြင်းလုပ်ငန်းများ အဆင်ပြေအောင်မြင်မှုတွေရလာတတ်ပါတယ်။ ပျော်ပွဲရွင်ပွဲကိစ္စများ၊ ပွဲလမ်းသဘင်များ၊ show ပွဲများ၊မိတ်ဆုံစားပွဲများ၊ပါတီပွဲများစတာတွေ ကျင်းပလို့ အထူးကောင်းပါလိမ့်မယ်။

            ဒီလိုနေ့မျိုးမှာ ပြဿနာဟောင်း၊အမှုဟောင်းတွေရှိရင်လဲ ပြေလည်အောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ လုပ်ငန်း ခွင်အတွင်း customer complain များလဲ customer စိတ်ကျေနပ်မှုရအောင်ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ အိမ်မွေးတိရစ္ဆာန်များ ရောင်းချခြင်း၊ဝယ်ယူခြင်းများလဲ ဆောင်ရွက်လို့ အထူးပဲအဆင်ပြေပါလိမ့်မယ်။ အလှကုန် ပစ္စည်းဆိုင်၊အလှပြင်ဆိုင်၊ ဆံသဆိုင်များစတင်ဖွင့်လှစ်လို့အထူးကောင်းပါတယ်။ အလုပ်သစ်လျှောက်ထားခြင်း၊ အင်တာဗျူးဖြေဆိုခြင်းများလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

            အလှူမင်္ဂလာကိစ္စတွေဖြစ်တဲ့ လက်ထပ်ထိမ်းမြားခြင်း၊ စေ့စပ်ခြင်း၊ ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းများ လဲ  ကျင်းပနိုင်ပါတယ်။ဘုရားပင့်ဆောင်ခြင်း၊ ဘုရားနေကဇာတင်ခြင်းများလဲ ပြုလုပ်လို့အထူးကောင်းပါတယ်။ ငွေ ကြေးချေးငှားခြင်း၊အကြွေးယူခြင်းများလဲ ဒီနေ့မှာ ဆောင်ရွက်လို့အဆင်ပြေတတ်ပါတယ်။

ကျန်းမာရေးပတ်သက်ရင်လဲ သတိထားရမဲ့နေ့ပါပဲ။ ရောဂါဝေဒနာတွေခံစားရပြီဆိုပါက ဆေးမြီးတိုနဲ့မကု လိုက်ပါနဲ့။ နီးစပ်ရာဆရာဝန်ဆီမှာစနစ်တကျကုသပါ။ ကြီးမားတဲ့ရင်းနှီးမြုပ်နှံမှုများလဲ သတိထားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ဒီနေ့မှာ ရင်းနှီးမြုပ်မှုတွေရှောင်လိုက်ရင်အကောင်းဆုံးပါပဲ။ ပြည်ပမှ ကုန်ပစ္စည်းများဝယ်ယူခြင်းမျိုးဒီနေ့ မှာရှောင်နိုင်ရင် အကောင်း ဆုံး ပါပဲ။

            ယနေ့တွင် ကုန်ပစ္စည်းသစ်များ စတင်မိတ်ဆက်ရန် ရက်ကောင်း၊ အခါကောင်း ကျရောက်သည်။ ပြန့်ပွား လိုသော ပစ္စည်းများ မိတ်ဆက်ခြင်း၊ စတင်ဖြန့်ချီခြင်းများ ဆောင်ရွက်နိုင်ပါသည်။  ကတိစကားမတည်သောသူများနင့် ကြုံတွေ့ရတတ်သည်။ ငွေချေးငှားက ဆုံးတတ်ပါသည်။ ဌာနဆိုင်ရာနဲ့ပက်သက်ကိစ္စများ ဆောင်ရွက်လို့အဆင် မပြေနိုင်သေးပါဘူး၊ ငွေကြေးအပေးအယူ သတိရှိပါ။ အငြင်းပွားဖွယ်ရာကိစ္စများလဲ ကြုံရတတ်ပါတယ်။ ကုန်ပစ္စည်းများ စတင်သိုလှောင်ခြင်းကိစ္စများ ဒီနေ့မှာရှောင်သင့် ပါတယ်။ ဒီနေ့မှာဘာသာရေးအလုပ်၊တရားအလုပ်တွေကို အားပြု လုပ်ကိုင်ရမဲ့နေ့မျိုးပါပဲ။ တရားနဲ့မပျော်ဘဲ ကိလေ သာကာမဂုဏ်နဲ့ပျော်ပါးတဲ့သူများဆိုရင်တော့ ဒုက္ခရောက်ရ တတ်ပါတယ်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ နေ့လယ်(၁၂း၁၀)နာရီမှ နေ့လယ်(၁၃း၀၂)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ် ကြွယ်ဝလာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေး ပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ မိဂသီ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ မကာရရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် အခွင့်အာဏာဖြင့် မိမိကိုယ်မိမိ ထုတ်ဖော်ပြောဆိုသည်၊ တစ်ခါတစ်ရံ ထိုသို့ပြုရန် မရည်ရွယ်ဘဲ အခြားသူများကို ခြိမ်းခြောက်ခြင်းပြုမိတတ်သည်။ မိမိရဲ့စိတ်က ထိုးထွင်းသိမြင်မှုရှိပြီး မိမိရဲ့ဉာဏ်ရည် ဉာဏ် သွေးက အမြဲထက်မြက် နေတက်ပါတယ်။ မိမိတွင် ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်နှင့် အခြားသူများကို သိမြင်နား လည် မှု နှစ်ခုစလုံး၏ အကျိုးကျေးဇူးရှိသည်။ သူတစ်ပါးက မိမိကို အလွယ်တကူကျော်လွန်ဖို့ ခဲယဉ်းတယ်။ တစ်စုံတစ်ယောက်ကို ဂရုစိုက်တဲ့အခါ စွန့်လွှတ်အနစ်နာခံနိုင်မှု အပြည့်ရှိတယ်။ မိမိတွင် လုပ်ငန်းသဘောနှင့် စွမ်းရည်ကို သေချာပေါက် ပိုင်ဆိုင်ထားသော်လည်း မိမိတွင် ခိုင်မာသော စိတ်ကူးယဉ်ဆန်ပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာစိတ်မျိုးလဲကိန်းအောင်းနေတတ်ပါတယ်။ ဘက်လိုက်မှုရှိ သည့် သမားရိုးကျ စီးပွားရေးသမား တစ်ဦး မဟုတ်ပေ။အဂတိကင်းတဲ့သူမျိုးဖြစ်ပါတယ်။မိမိသည် ဗဟုသုတ တော် တော်များများကို စုဆောင်းနိုင်သူဖြစ် နိုင်ပါသည်။ မိမိဟာ ပုံကြီးချဲ့တွေးခေါ်တတ်တဲ့အပြင် အသေးစိတ် အချက် အလက်တွေကိုပါ သင်ယူတတ်မြောက် တယ်။ကျန်းမာရေးအားကောင်းသူတွေဖြစ်ပြီး တော်ရုံဖျားခြင်းနားခြင်း ကင်းတဲ့ သူတွေဖြစ်ပါတယ်။ အိမ်ထောင်ရေးကံ အားသာချက်ရှိကြသူမျိုးဖြစ်ပြီး ယေဘုယျအားဖြင့် ကိုယ့်ထက်သာလွန်သူများ နဲ့ အိမ်ထောင်ကျတတ်တဲ့ဇာတာမျိုးတွေ ဖြစ်ပါတယ်။

မိဂသီ နက္ခတ်သည် မင်္ဂလာပွဲ ၊ အစပြုခြင်း ၊ ခရီးများ ၊ အဆောက်အဦးများ ဆောက်လုပ်ခြင်း ၊ ဖောင်ဒေးရှင်း များအတွက် သင့်တော်ပါသည်။ ဤနက္ခတ် သည် နူးညံ့သိမ်မွေ့သောသဘောရှိသည်။ အနုပညာ၊ သင်ယူမှု၊ မိတ်ဖွဲ့မှု၊ ကာမဂုဏ် ကာမဂုဏ်၊ အလှဆင်မှု၊ လိင်ဆက်ဆံမှု၊ ဝတ်စုံသစ် ဝတ်ဆင်မှု၊ အိမ်ထောင်ပြုမှု၊ သီဆိုကခုန်မှု၊ စီတန်း လှည့်လည်မှု၊ မင်္ဂလာအခမ်းအနားများ၊ ပွဲတော်များ၊ လယ်ယာလုပ်ငန်းနှင့် ခရီးသွားလာမှုတို့အတွက် ကောင်းမွန်သည်။ ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နိက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လိမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဝေဓတ္တိယုဂ်သည် ရပ်တန့်ခြင်း၊ ဖမ်းဆီးခြင်းဟု အဓိပ္ပါယ်ရသည်။ ကံမကောင်းတဲ့ ယောဂဖြစ်သည်။ ဝဏိဇကရိုဏ်း သည် မြတ်သောယောဂ။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသော အကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံးဖြစ်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၉း၂၇)နာရီမှ နံနက်(၁၀း၅၄နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေသားသမီးများပဲဖြစ်ပါတယ်။       

ကံညံ့သော နေ့သားများကတော့ သောကြာသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေးသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ စိမ်းပြာရောင် နှင့် ရွှေအိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၀၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး တောင်အရပ်သို့ မျက်နှာမူ၍ “ဝိဇ္ဇာစရဏ သမ္ဗဒ္ဓေါ” (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရွှေထမင်း ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၃၁၅ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *