loading

7.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 7.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၀)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၆)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဗြဟ္မာ မြေခံဖြစ်၍ လာဘ်လာဘကိုပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်းလိုင်းခန်းတည်ဆောက်ခြင်းတွေ၊အိမ်ခန်းဖွဲ့တာတွေ အိမ်ပြင်တာတွေ၊မြေတူးဆွတာတွေ ဆောင်ရွက် လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။ဒါပေမဲ့ သမားညိုရက်နဲ့ တိုက်ဆိုင်နေ တာမို့ ရှောင်လိုက်တာကပိုကောင်းပါတယ်။

ဒီနေ့ဟာ ရက်ကန်းကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၀)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၀)လုံး အနေဖြင့် အေးချမ်းခြင်း၊ တည်ငြိမ်ခြင်းတွေကိုဖြစ်စေတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့နေ့ရက်ပါပဲ။ ဒီနေ့မှာခေါင်းဆေးခေါင်း လျှော် လို့အလွန်ကောင်းပါတယ်။ ထိုသို့ပြုမူခြင်းဖြင့် လူချစ်လူခင် များခြင်း၊ရောက်လေရာမျက်နှာပွင့်ခြင်းမျိုး တွေကြုံရ တတ်ပါ တယ်။

အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ပဋိပက္ခတွေကိုလဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။ အကြီအကဲတွေဆီကို ဝင်ထွက်သွားလာ ပြောဆိုတင်ပြလို့အထူးကောင်းပါတယ်။မိတ်ဆွေဖွဲ့ခြင်းများ၊ ဘာသာရေးကိစ္စ၊ပရဟိတကိစ္စများ ဆောင်ရွက်လို့အထူးကောင်းပါတယ်။အလှပြုပြင်ခြင်း၊ဆံသခြင်း၊အလှကုန်ပစ္စည်းဝယ်ယူခြင်းများဆောင်ရွက်လို့ အထူး ကောင်း ပါတယ်။

ဒီလိုနေ့ရက်မျိုးမှာ အမွေကိစ္စများ၊ ပိုင်ဆိုင်မှုနှင့်ဆိုင်သောကိစ္စများ ဆောင်ရွက်လို့အဆင်ပြေအောင်မြင်တတ်ပါ တယ်။ အထိုင်လုပ်ငန်းတွေပဲဖြစ်ဖြစ်၊ အငြိမ်မနေလှုပ်ရှားသွားလာနေရတဲ့အလုပ်ပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်ရင် အဘက် ဘက်က ချောမွေ့အောင်မြင်တတ်ပါတယ်။

အိုးအိမ်နဲ့ပတ်သက်သောကိစ္စများ၊ နေရာထိုင်ခင်းနဲ့ပတ်သက်သောကိစ္စများ ဆောင်ရွက်လို့အဆင်ပြေအောင်မြင် တတ်ပါတယ်။ သစ္စာပြုခြင်းများ၊အောင်မြေနင်းခြင်းများလဲ ဆောင်ရွက်လို့အထူးသင့်တော်ပါတယ်။ မိမိခြံမြေကို မြေ သန့်မင်္ဂလာလုပ်ခြင်းများလဲဆောင်ရွက်လို့သင့်တော်ပါတယ်။ မိမိလယ်မြေများ၊ မိမိစိုက်ပျိုးထားတဲ့ သစ်ပင်ပန်း မန်များကို ဓာတ်မြေသြဇာကျွှေးခြင်းများလဲဆောင်ရွက်နိုင်ပါ လိမ့်မယ်။ မင်းအစိုးရနှင့် ပတ်သက်သော လုပ်ငန်းများ ဆောင်ရွက်ရန် အထူးကောင်းသော ရက်ဖြစ်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၈း၂၂)နာရီမှမနက်(၀၉း၁၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ အဿလိသနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် မိမိတွင် နွေးထွေးမှု၊ ကြင်နာမှု၊ နှစ်သက်ဖွယ်ကောင်းသော ဆွဲဆောင်မှုရှိသော သူဖြစ်သည်။ ပင်ကိုယ်အားဖြင့်လဲ အနုပညာကိုယ်ရည်ကိုယ်သွေးရှိသည်။ တည်ငြိမ်မှုနှင့် စိတ်ချမ်းသာမှုသည် မိမိ အတွက် အလွန် အရေးကြီးပြီး ဒုက္ခလောကဓံတွေကို ခံနိုင်ရည်မရှိသူဘဲဖြစ်ပါတယ်။ မိမိသည် အလွန်လက်တွေ့ကျပြီး စည်းစနစ်ကျ နိုင်ပါသည်။ မိမိတွင် သိသိသာသာ အရှိန်အဟုန်ပြင်းပြင်းနှင့် စိတ်လှုပ်ရှားမှုကို တောင့်တလို စိတ် ရှိပြီး ခရီးသွားပြီး လုပ်ရတဲ့အလုပ်တွေ၊စွန့်စားရတာတွေကို အလွန်နှစ်သက်သူဖြစ်သည်။မိမိမှာ သန်မာတဲ့ စရိုက်ရှိပေမယ့် လက်တွေ့မှာ တော့ စိတ်ပျော့သူတစ်ဦးဖြစ်ပါတယ်။ လူတွေက မိမိကို စိတ်ရင်းမှန်နဲ့ ဆက်ဆံတယ်လို့ မြင်တယ်။အမှန် တော့ အနီးအနားကလူတွေက မိမိကိုအထင်မကြီးတတ်ပါ။ ဒါကြောင့် ရပ်ဝေးနဲ့ချိတ်ဆက်ရတဲ့အလုပ်တွေ၊ကုန်သွယ် မှု အလုပ် တွေ၊ အွန်လိုင်းအလုပ်တွေနဲ့သာ အကျိုးပေးတဲ့ဇာတာမျိုးတွေပဲဖြစ်ပါတယ်။ လူချစ်လူခင်များတတ်ပေမဲ့ စီးပွား ရေးအပိုင်းမှာ အေးဆေးတည်ငြိမ် စွာလုပ်တတ်တာကြောင့် ပြိုင်ဘက်တွေနဲ့လုပ်ရတဲ့အလုပ်တွေမှာ အဆင်မပြေပါဘူး ဗျ။ အသက်အရွယ်တစ်ခုရောက် သွားတဲ့အခါ ဘာသာရေး အပေါ် အာရုံအပြည့်ထည့်သွားပြီး ယောဂီ၊ရဟန်းဝတ်သွား တာတွေလဲ ကြုံရတတ်ပါတယ်။ ကျန်းမာရေးသတိထား ဖို့လိုအပ်ပြီး သူများတွေထက် ကျန်းမာရေးအားနည်းသူပါပဲ။ တစ်ခုသတိထားရမှာက လမ်းနှစ် သွယ်ကြုံလာရင် အခက်လမ်းနဲ့အလွယ်လမ်းကို ရွေးရတဲ့အခါ ခက်ခဲတဲ့လမ်းကို ရွေးမိတာ ကြောင့် ဘဝအောင်မြင်ရာ မှာ နောက်ကျ တတ်ပါ တယ်။

အသလိသ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင်အောင်မြင်ရန်၊ ဒြပ် စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက် အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇း၂၉)နာရီမှ နံနက်(၀၉း၀၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ သောကြာ ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး … ‘ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ၊ အသောကံ ဝိရဇံ ခေမံ’ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *