ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နှောင်းတန်ခူးလဆန်း(၁၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန် ကောင်းတဲ့ လဆန်းတီထိ(၁၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၄)လုံးအနေဖြင့် ဆေးစား၊ ဆေးကုပြုရန် အထူးကောင်းသော နေ့ရက်ဖြစ်နေပါတယ်။ သအားပြသခြင်း၊ ဆေးဖေါ်စပ်ခြင်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ပါတယ်။ မင်္ဂလာယူပြီး ဆောင်ရွက်သောကိစ္စများ လုပ်ကိုင်နိုင်ပါတယ်။ အလုပ်အကြံအစည်များ အောင်မြင်မည်။ ပြဿနာဟောင်းများ ပြန်လည် ဖြေရှင်းနိုင်မည်။ အရောင်းထိုင်းပစ္စည်းများ ရောင်းပန်းပွင့်မည်။ လက်မှုလက်ရာပစ္စည်းများ အရောင်းတွင်ကျယ်မည်။ ရေဆော့ကစားခြင်း မပြုပါနဲ့။ ရေးမကူးတတ် ဘဲ ရေထဲမဆင်းလိုက်ပါနဲ။ နံနက် ၉း၀၀နာရီကနေ ၁၀း၃၀နာရီအတွင်းကို မတော်တဆ ထိခိုက်မှုတွေ ဖြစ်လွယ် တဲ့အတွက် သတိနဲ့နေ့ရမဲ့အချိန်အခါပါပဲ။
မိတ်ဆုံစားပွဲကျင်းပခြင်း၊ မိတ်ဆွေသစ်တွေနဲ့တွေ့ဆုံခြင်း၊customer တွေအတွက်ပွဲကျင်းပခြင်းတွေကိုလဲ အထူး ဆောင်ရွက်လို့ကောင်းပါတယ်။ ဒီလိုနေ့ရက်တွေမှာ မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီး နှံတွေကို ပိုးသတ်ဆေးဖြန်းခြင်း၊ များဆောင်ရွက်နိုင်ပါတယ်။ အဖျော်ယမကာများ၊အရက်များ စတင်ချက်လုပ်ခြင်း များလဲ စတင်ဆောင်ရွက်နိုင်ပါ တယ်။
ကလေးကင်းပွန်းတပ်ခြင်း၊ကလေးကို အာဟာရစတင်ကျွေးခြင်းများဒီနေ့မှာလုပ်ဆောင်သွားနိုင်ပါ လိမ့်မယ်။ စပ်တူ အလုပ်များ ၊ရှယ်ယာဝင်ခြင်းများ၊အထူးအဆင်ပြေတဲ့နေ့မျိုးပါပဲ၊ ပရဟိတအလုပ်များလဲ ဒီနေ့မှာဦးစားပေး ဆောင်ရွက် သွားခြင်းဖြင့် ကံပိုမိုမြင့်မားသွားတတ်ပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်သောဆက်စပ်ပစ္စည်းများ ရောင်းပန်းဝယ်ပန်း တွေပွင့်နေတတ်ပါတယ်။ ကျောက်မျက်ရတနာ၊ရေနံ၊ဓာတ် သတ္တုများတူးဖော်ခြင်းတွေစတင် ဆောင်ရွက်လို့ အထူး ကောင်း ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၈း၀၇)နာရီမှမနက်(၀၈း၅၈)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာ ခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဥတ္တရဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မိန်ရာသီဖွားဖြစ်ပါ သည်။ယနေ့မွေးဖွားသူများသည် မယုံနိုင်လောက်အောင် ရက်ရောပြီး သူငယ်ချင်း သို့မဟုတ် ချစ်ရသူများအား ကူညီ ရန် အမြဲတမ်း ကြိုးစားပြင်ဆင်နေပါလိမ့်မည်။ မိမိဟာ တခြားသူတွေအကြောင်း “အသေးအမွှား” တွေကအစ မှတ်မိ တတ်တဲ့ သူပါ။ မိမိသည်လည်း အရာရာကို အလွန်နားလည်သဘောပေါက်ပြီး လူအများရဲ့စိတ်ကို နားလည်နိုင် ပါ သည်။ မိမိအနာဂတ်နှင့် မိမိအသက်မွေးမှုများအတွက် စီမံခန့်ခွဲနိုင်သည်။ အခြားသူများက မိမိကို ဝေဖန်ပြစ်တင် ခြင်း မပြုနိုင်စေရန် ကိုယ်တိုင် အမြဲတစေသတိထားနေတတ်သူဖြစ်ပါတယ်။ဉာဏ်ရည် ဉာဏ်သွေး မြင့်မားပြီး မိမိစိတ်ကို သတင်းအချက်အလက်အသစ်များဖြင့် အဆက်မပြတ် ဖြည့်ဆည်းပေးနေသူ ဖြစ်ပါသည်။ စည်းစိမ်ချမ်းသာနဲ့ပြည့်ဝ ကံပါပြီး မိဘက ကုန်သည်မျိုးရိုး၊ဈေးသည်မျိုးရိုးဖြစ်တယ်ဆိုရင် မိဘလုပ်ငန်း တွေကို လက်ဆင့်ကမ်းလို့ရတဲ့ ဇာတာမျိုး ပါပဲ။ နာမည်ပေးမှန်ရင်တော့ အိမ်ထောင်ရေးစိတ်မပူရပေမဲ့ နာမည်ပေးမှား ရင်တော့ မိန်းကလေး ရင်သွေးငယ် တွေမှာ အိမ်ထောင်ရေးအားနည်းတတ်ပါတယ်။
ဥတ္တရဖလဂုဏီ နက္ခတ်သည် တည်ကြည်တည်ငြိမ်သော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်းအတွက် သင့်လျော်သည်။ ဗိမာန်ဆောက်ခြင်း သို့မဟုတ် တည်မြဲခြင်း သို့မဟုတ် တည်မြဲသော အကျိုးကို လိုလားသော အခြားလုပ်ဆောင်မှု တစ်ခုခုတို့အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော် နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၃၃)နာရီမှ မွန်းလွဲ(၁၂း၀၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ နို့နှစ်ရောင် နှင့် မရမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….တရားဂုဏ်တော်… သွက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော အကာလိကော ဧဟိပဿိကော ဩပနေယျိကော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟီ တိ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လက်ဖက် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ
အောင်မှန်- အခါပေးဒိုင်ယာရီ
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း