ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ နှောင်းတန်ခူးလပြည့်နေ့၊ စနေ နေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာ နဂါးပြည်ပြဿဒါး၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လပြည့်တီထိ ကျရောက်နေတာ ဖြစ်ပါတယ်။ လပြည့်တီထိအနေဖြင့် ပြည့်ဝခြင်းကိုပေးတဲ့နေ့အဖြစ်သို့ ပြောင်းလဲကျရောက်နေ တာ ဖြစ်ပါတယ်။ အေးချမ်းမှုတွေ၊ တည်ကြည်မှုတွေကိုပေးတဲ့ ပုဏ္ဏတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ကြန့် ကြာ နေတဲ့ကိစ္စမှန်သမျှအဆင်ပြေပြီးမြောက်သွားပါလိမ့်မယ်။ အရောင်း ထိုင်းနေတဲ့ပစ္စည်း၊မူလလက်ဟောင်း ပစ္စည်း များအရောင်းသွက်ပါလိမ့်မယ်။ အလှကုန်ပစ္စည်းများစတင်၍ ဈေးကွက် ထဲကိုဖြန့်ချီခြင်းတွေဆောင်ရွက်လို့ကောင်းပါ တယ်။
အထည်ချုပ်လုပ်ငန်းတွေ၊ စက်ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ၊ရွှေနှင့်ရတနာပစ္စည်းရောင်းချခြင်း လုပ်ငန်းတွေ အဆင်ပြေတိုးတတ်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ခံစားချက်နှင့်လုပ်ရသော အတွေးအခေါ်ဦးစားပေးလုပ်ရ သောအလုပ်များပိုမိုအဆင်ပြေတတ်ပါတယ်။
ပညာရေးနှင့်ပတ်သက်သောဟောပြောပွဲများ၊ တရားပွဲများ၊ အောင်မြင်ရေးနှင့်ဆိုင်သောဟောပြောပွဲများ ကျင်း ပ လို့အထူးကောင်းတဲ့နေ့ရက်ပဲဖြစ်ပါတယ်။ ကြာသပတေးပိုင်တဲ့တီထိဖြစ်တာကြောင့် ကြီးကျယ်သော ကိစ္စတွေ၊ အရေးကြီးသောကိစ္စတွေကို အထူးပဲဆောင်ရွက်နိုင်ပါတယ်။ စာပေရေးသားခြင်း၊ ကဗျာစပ်ခြင်းများ စတင်ရေးသား ခြင်း ဖြင့် စာကောင်းတစ်ပုဒ်ရလာတတ်ပါတယ်။
ကုန်ပစ္စည်းဝယ်ယူသိုလှောင်ခြင်းများလဲဆောင်ရွက်နိုင်ပါတယ်။ ထီဝါသနာပါသူများလဲ ထီကံစမ်း သင့်တဲ့ နေ့ရက်ပါ။ ၃ဂဏန်း၊၄ဂဏန်း၊ဝဂဏန်းပါတဲ့ ထီလက်မှတ်ကို ရွေးချယ်ကံစမ်းလိုက်ပါ။ လမ်းပြုပြင်၊တံတားပြုပြင် ခြင်းများ ဆောင်ရွက်နိုင်ပါတယ်။မိမိလိုချင်တဲ့တန်ဖိုးကြီးတဲ့အသုံးအဆောင်ပစ္စည်း တွေကိုဝယ်ယူစုဆောင်းနိုင်ပါ လိမ့် မယ်။ကိုယ်ပိုင်စီးပွားပဲဖြစ်ဖြစ်လခစားဝန်ထမ်းအလုပ်ပဲဖြစ်ဖြစ် အလုပ်နဲ့ပတ် သက် ပြီးအဆင်ပြေချော မွေ့တာများ ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၈း၀၃)နာရီမှမနက်(၀၈း၅၄)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ မိန်ရာသီဖွားဖြစ်ပါသည်။ ယနေ့မွေးဖွားသူများသည် သန်စွမ်းကျန်းမာသူ၊ မိမိကိုယ်မိမိ အားကိုးရပြီး ရှေ့တန်းတင်သော ကိုယ်ရည် ကိုယ်သွေးရှိ သူဖြစ်ပါတယ်။ ပို၍သန့်စင်ကောင်းမွန်အောင် နှိမ့်ချပြီး ကူညီတတ်သူလည်းဖြစ်ပါသည်။ အလွန် အလုပ်ကြိုးစားသည်၊ မိမိသည် အများစုထက် အလုပ်ချိန်ပို၍ မိမိပါဝင်ကူညီရမည့် အရာများစွာကို အလွန်ဂရုစိုက် လုပ်တတ်သူဖြစ်သည်။ မိမိသည် ဝန်ဆောင်မှုနယ်ပယ်တွင်သာမက မိမိကိုယ်ပိုင်လုပ်ငန်းတွင်ပါ အကောင်းဆုံးလူသား ဖြစ်တတ်သည်။ မိမိသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသော အလုပ်တွင်သာမက မိမိကိုယ်တိုင်ရော မိမိအတွက်ပါ အကောင်း ဆုံးတည်ဆောက်နိုင်သူပါ။ ပြီးပြည့်စုံစွာဖြင့် အရာအားလုံးကို ဦးဆောင်ကြီးကြပ်ရတာကို ကြိုက်နှစ်သက်တတ်ပါတယ်။ မိမိဟာ ငွေကို စနစ်တကျစီမံခန့်ခွဲတတ်ပြီး ငွေကြေး စီးပွားရှာဖွေခြင်းဆိုင်ရာ စိတ်ကူး စိတ်သန်းကောင်းတွေကို တီထွင်နိုင်စွမ်းလည်း ရှိပါတယ်။ မိမိသည် စွယ်စုံရ ဖြစ်သော်၍ အလွန်အေးဆေးတည်ငြိမ်စွာ နေထိုင်တတ်သူ ဖြစ်သည်။ အေးတိအေးစက်နေတတ်ပြီးတော့ အများအား ဖြင့်ကုပ်ကမြင်းတွေလို့ ပြောလို့ရသူတွေလဲ ဖြစ်ပါတယ်။ အရက်သောက် ရင် တောင် ခွက်ပုန်းသောက်သူတွေဖြစ်ကြပါ တယ်။ မိန်းကလေးဆိုလဲ အေးဆေးပြီး ဗိုင်းကောင်းကျောက်ဖိလို့ ထင်ရ ပေမဲ့ ရည်းစားပွေရှုပ်သူတွေဖြစ်နေတတ်ပါ တယ်။
ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင် မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၉း၀၀)နာရီမှ နံနက်(၁၀း၃၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင် နှင့် နံ့သာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဘဂဝါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဒိန်ချဉ် ဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ
အောင်မှန်- အခါပေးဒိုင်ယာရီ
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း