loading

၁၃၈၇ ခုနှစ်အတွက် တနင်္လာသားသမီး တစ်နှစ်စာဟောကိန်း

  • Home
  • Blog
  • ၁၃၈၇ ခုနှစ်အတွက် တနင်္လာသားသမီး တစ်နှစ်စာဟောကိန်း

✅နိဒါန်း

                        တနင်္လာသားသမီးတွေဟာ ၂၀၂၅ ခုနှစ်မှာ ကံညံ့တဲ့အထဲတော့ မပါဘူးဗျ။ အကျိုးစီးပွားကို ဖြောင့် တန်းစွာရှာဖွေနိုင်စွမ်းမြင့်မားကြပါလိမ့်မယ်။ ဒါအပြင် အများအကျိုးသယ်ပိုးရတာမျိုးတွေ၊အများနဲ့ဆက်စပ်ပြီး ပရ ဟိတဆန်ဆန်ဆောင်ရွက်ပေးရတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်တော့ စိတ်လက် ကြည်လင်ချမ်းသာဖို့က အဓိကပါ။ စိတ်မကြည်ရင် ဘဝမကြည်လင်တဲ့နှစ်ပါပဲ။ စိတ်ချမ်းသာအောင်နေပါ။ ဖိအား တွေကို လျှော့ချပါ။မနိုင်ဝန်တွေကို မထမ်းမိပါစေနဲ့။ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုတဲ့စကားအတိုင်းပဲ အများအကျိုးကို သယ်ပိုးလေ …အောင်မြင်လေပါပဲ။ ခရီးကိစ္စတွေ ကြုံလာပြီဆိုရင်တော့ ကောင်းသောခရီး အဆင် ပြေသောခရီး၊အကျိုးစီးပွားဖြစ်ထွန်းမဲ့ခရီးတွေဖြစ်နေနိုင်တာကို တွေ့ရပါတယ်။

👍စီးပွားရေး

            အကျိုးစီးပွားနဲ့ ပတ်သက်ရင် မကောင်းတဲ့အနေအထားတော့ မဟုတ်ပေမဲ့ အနည်းငယ်တော့ ကြိုးစားဖို့ တော့ လိုအပ်ပါတယ်။ ဆင်ခြင်တုံတရားရှိတဲ့ သက်လတ်ပိုင်း၊သက်ကြီးပိုင်းတွေကတော့ အလုပ်ဖြစ်လေ..ကြိုးစား လေဆိုပေမဲ့ လူငယ်တွေဆို ခပ်ပေါ့ပေါ့နေပြီး အချိန်ဖြုန်းတဲ့ဘက်ကိုရောက်သွားတာကိုအထူးတွေ့ရပါတယ်။ ရည် ရွယ်ချက်တွေတဖြည်းဖြည်းပြည့်မြောက်လာနိုင်တာမို့ မိမိသာ ကြိုးစားမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်တစ်ခုကိုတော့ သေချာပေါက်ရောက်သွားနိုင်တာကို ကြုံရလိမ့်မယ်။ တော်ရုံအကြပ်အတည်းအတားအဆီးတွေ မတွေ့ရဘဲ လုပ်ကိုင်တဲ့ ကိစ္စရပ်တိုင်း လွယ်လင့်တကူဖြစ်နေတာကိုတွေ့ရပါတယ်။ ခရီးသွားလုပ်ငန်း၊ သင်ကြားရေးလုပ်ငန်း၊ ကလေးငယ်တွေနဲ့ ဆက်စပ်သောလုပ်ငန်း၊ရေလုပ်ငန်း၊အလှအပရေးရာလုပ်ငန်း၊ကားလုပ်ငန်းလုပ်ကိုင်ကြသူတွေကို သိသာထင်ရှားစွာအောင်မြင်တတ်ကြပါတယ်။ စနေဂြိုဟ်နဲ့ မတည့်တာမို့ ဘာသာစကားလုပ်ငန်း၊ Second hand လုပ်ငန်း၊ ဟိုးအရင်လုပ်ဖူးတဲ့အလုပ်ဟောင်းတွေပြန်လုပ်ခြင်း၊နိုင်ငံခြားနဲ့ဆက်စပ်သောလုပ်ငန်းတွေကတော့  ခက်ခဲ လွယ်တဲ့နှစ်လို့ပဲပြောချင်ပါတယ်။ အနီးကပ်ဆုံး မိတ်ဆွေ၊သူငယ်ချင်း၊ဆွေမျိုးတွေနဲ့ ရှယ်ယာစပ်ပြီးလုပ်ကြတဲ့ အလုပ်တွေလဲ အောင်မြင်လွယ်တာကိုအထူးတွေ့ရပါတယ်။

💵ငွေရေးကြေးရေး

            ငွေကြေးကံ ကောင်းနေတဲ့ကာလလို့ပြောရပါလိမ့်မယ်။ ငွေကြေးရလွယ်သလို ကုန်လွယ်တာကိုလဲတွေ့ရပါ တယ်။ အထူးသဖြင့် လိုချင်တာတွေကို စိတ်မထိန်းနိုင်ဘဲဝယ်မိနေတာကြောင့် ကုန်ရခြင်းဖြစ်ပါတယ်။ လိုချင်တာနဲ့ လိုအပ်တာတွေကို နားလည်ဖို့လိုပါတယ်။ အသက်၄၁ကနေ အသက် ၅၀အတွင်း ကိုရောက်နေတဲ့ တနင်္လာသားသမီး တွေက‌တော့ ငွေဝင်ပေမဲ့ ငွေကို ပင်ပင်ပန်းပန်းရှာရတတ်ပါတယ်။ အသက်  ၂၁၊၂၈၊၃၅၊၄၂၊၄၉၊၅၆၊၆၃၊၇၀ အတွင်း ရောက်နေတဲ့ တနင်္လာသားသမီးတွေ ငွေကြေးအကြပ်အတည်းဖြစ်ရတတ်ပြီး ငွေချေးလိုက်ရင်ပြန်မရတာမျိုးတွေ ကြုံရတတ်သလို…ကိုယ်လိုလို့ သွားချေးမိရင်လဲ ပြန်ဆပ်ဖို့ ခက်ခဲနေတတ်ပါတယ်။ ငွေကြေးကြောင့်အမှုရင်ဆိုင်ရ တာမျိုးတွေဖြစ်တတ်တာကိုတွေ့ရပါတယ်။ ငွေအမောက်အများအပြားရှိလို့ အိမ်ခြံမြေ၊တိုက်ခန်းဝယ်ချင်သူများ ဝယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

🤝လူမှုရေး

            လူမှုရေးမှာတော့ အနည်းငယ်သတိထားရမဲ့ အချက်ရှိပါတယ်။ ပုံမှန်ခင်နေကြ သူငယ်ချင်းတွေ မိတ်ဆွေ တွေနဲ့ လူမှုဆက်ဆံရေးအဆင်ပြေကောင်းမွန်တိုးတက်ပေမဲ့ ကိုယ့်ဆီက တစ်ခုခုကို လိုချင်လို့ ချဉ်းကပ်လာသူတွေ ကိုတော့ သတိထားရပါလိမ့်မယ်။ ကိုယ့်ဆီက လိုချင်တာရှိလို့ မိတ်လာဖွဲ့ထားသူတွေနဲ့ အဆင်မပြေဖြစ်ရနိုင်တာကို လဲ တွေ့ရပါတယ်။ လူမှုရေးကဏ္ဍမှာတော့  အထူးသဖြင့် မိသားစုဝင်ငွေ၊သားသမီးတွေနဲ့ အဆင်မပြေတာမျိုးတွေ အလွန်ဖြစ်ရတတ်ပါတယ်။ နိုင်ငံခြားရောက်နေသူတွေ၊နိုင်ငံခြားကုမ္ပဏီမှာ ဝင်လုပ်တဲ့သူတွေ အထက်လူကြီး၊ အလုပ်ရှင် နိုင်ငံခြားသားတွေနဲ့ အဆင်မပြေဖြစ်တတ်တာကိုလဲတွေ့ရပါတယ်။

❤️အချစ်ရေး

            အချစ်ရေးကံကောင်းတဲ့ ကာလအဖြစ် မြင်မိပါတယ်။ အချစ်ရေးမှာ ကိုယ့်ဘက်ကသာမှန်နေပါစေ..အချစ် ရေးအဆိုးမရှိနိုင်ပါဘူး။ ကိုယ့်ဘက်က စဖောက်ရင်တော့ ဘာမှအကောင်းမရှိတော့ပါ။ ငါးရံနှစ်ကောင်ဖမ်းချင်ရင် နှစ်ကောင်စလုံးနဲ့လွတ်သွားနိုင်တာကိုတော့သိထားသင့်ပါတယ်။ တတ်နိုင်သလောက် ပွေတာရှုပ်တာမျိုးကိုတော့ အားမပေးပါဘူး။ လူမျိုးခြား၊ဘာသာခြား၊တစ်စိမ်းတစ်ရံတွေနဲ့ ပိုမိုနီးစပ်လွယ်တာကိုတော့ သိထားသင့်ပါတယ်။ ဒါအပြင် မုဆိုးဖို၊မုဆိုးမ၊တစ်ခုလတ်တွေနဲ့လဲ ကင်းကင်းနေစေချင်ပါတယ်။ဒါမှမဟုတ်မလွတ်လပ်သူတွေနဲ့လဲ ငြိစွန်း လွယ်တာကို တွေ့ရပါတယ်။ ဒီလိုနှစ်ပိုင်းရောက်လာပြီဆိုရင်‌ ခရီးသွားရင်းနဲ့ ချစ်သူရတာမျိုးတွေ အလွန်ပဲကြုံရ တတ်ပါတယ်။ အချစ်ရေးအပေါ်မှာ အမြင်မကြည်လင်တဲ့ကိစ္စတွေဖြစ်နေပြီဆိုရင်တော့ ဒီကာလဟာ သံသယတွေနဲ့ ပိုမိုဆိုးရွားလာတတ်ပါတယ်။ မင်္ဂလာပွဲကြီးတွေကျင်းပခွင့်ရတာမျိုးတွေ၊ မိသားစုဝင်တွေထဲမှာလဲ မင်္ဂလာ အခမ်း အနား တွေကြုံလာရတတ်ပါတယ်။ မင်္ဂလာဆောင်ဖို့ငွေစုနေတယ်ဆိုရင်တော့ ဒီနှစ်က ငွေပြည့်လာတာမျိုးတွေ ကြုံ ရတတ်ပါတယ်။ ဒါမှမဟုတ် ချစ်သူနဲ့အတူတကွ ငွေစတင်စုတာမျိုးတွေကြုံရတတ်ပါတယ်။

👪အိမ်ထောင်ရေး

            အိမ်ထောင်ရေးကံကတော့ ထင်သလောက် မကောင်းဘူးဗျ။  အိမ်ထောင်ဘက်က မြို့ခြား၊နိုင်ငံခြားနေရသူ တွေ ဆိုရင်တော့အိမ်ထောင်ရေးပြဿနာ သိပ်မများပေမဲ့  အတူတူနေတဲ့ လင်မယားတွေကတော့ တကျက်ကျက် ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာ သည်းခံနိုင်ဖို့လိုပါတယ်။ တတ်နိုင်သ၍ အိမ်ထောင်ဘက်ကို အပြစ်မတင် ဖို့လိုပါတယ်။ အပြစ်ရှာနေမိရင်ရှောင်ပါဗျ။ တစ်ယောက်အပြစ်၊တစ်ယောက်ပြောနေရင် အဆင်ပြေလာဖို့ မရှိပါဘူး။ ငွေကြေးကြောင့်တော့ အိမ်ထောင်ဘက်နဲ့အဆင်မပြေတာမျိုး မဖြစ်ပါဘူး။ နိုင်ငံရပ်ခြားရောက်နေသူများ နီးစပ်သူ နဲ့ ငြိစွန်းနိုင်တာမျိုးမို့ အိမ်ထောင်သည်တွေအဝေးရောက်နေရင် ကိုယ့်ဘာသာကိုထိန်းသိမ်းပါ။ အိမ်ထောင်ဘက်နဲ့ အတူတူ စီးပွားလုပ်မဲ့သူတွေ အလွန်ပဲစီးပွားဖြစ်မဲ့ကာလပါပဲ။ အိမ်ထောင်ဘက်နဲ့အတူတူ စိတ်တူသဘောတူ အိမ်ခြံ မြေဝယ်မယ်ဆိုရင် အလွန်ကောင်းပါတယ်။

💥ကျန်းမာရေး

            ကျန်းမာရေးအားကောင်းနေချိန်မို့ ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ စိတ်ပူစရာမရှိပါဘူး။ တော်ရုံရောဂါဝင် မဲ့ လက္ခဏာလဲ မမြင်ပါဘူး။ ကျန်းမာနေချိန်၊စိတ်လက်ကြည်လင်နေချိန် ဖြစ်တာမို့ လုပ်ချင်တာကို စိတ်ရောကိုယ်ပါ လုပ်ခွင့်ရပါလိမ့်မယ်။ မူလဖွားဇာတာအရ ညံ့နေသူကလွဲရင်ကျန်းမာရေးအဆိုးမတွေ့ရပါဘူးဗျ။ အနည်းငယ်သတိ ပေးရမယ်ဆိုရင်တော့..အရိုးကျီးပေါင်းရောဂါတွေ၊ ကိုယ်လက်ကိုက်ခဲညောင်းညာတာမျိုးတွေ အလွန်ဖြစ်တတ်ပါ တယ်။ ကိုယ်ဝန်ဆောင်သည်ဆိုရင် အသွားအလာဆင်ခြင်ပါ။ အလေးအပင်တွေ မ,မပါနဲ့။ ကိုယ်ဝန် လရင့်နေချိန် ခရီးဝေးသတိထားသွားပါ။ တတ်နိုင်သ၍ သွေးမတိုးပါစေနဲ့။  အာရုံကြောထိခိုက်နိုင်တဲ့ကိစ္စတွေကို တတ်နိုင်သ၍ ရှောင်ကြဉ်ပါလို့မှာချင်ပါတယ်

☯️ယတြာ

            တတ်နိုင်သလောက်တော့ ဖိနပ်အစုတ်အပြတ်အဟောင်းတွေ မသုံးတော့ရင် စွန့်ပစ်ပါ။ ဒီနှစ်မှာ သန့်သန့် ပြန့်ပြန့်နေပါ။ ခန္ဓာကိုယ်က ချွေးနံ့ မရအောင်ထားပါ။ နှုတ်ကနေ ခံတွင်းနံ့ဆိုးသူများ အနံ့ဆိုးမထွက်အောင် ထားပါ။ ဖိုသီဖတ်သီ မနေပါနဲ့။ သပ်သပ်ရပ်ရပ်ဝတ်စားပါ။ ရဟန်းသံဃာတွေကို ဖိနပ်၊ကုလားထိုင်၊အခင်း၊နေကထိုင်လှူပါ။ သီလရှင်ဆရာလေးတွေကို ကြက်သွန် အနီ/အဖြူလှူပါ။ တတ်နိုင်သ၍ သူတစ်ပါးကို ဒုက္ခမပေးပါနဲ့။ သူတစ်ပါးကို ဒီနှစ်ပေးလိုက်တဲ့ဒုက္ခက အချိန်မဆိုင်းဘဲ ကိုယ့်ဆီကို အဆိုးအဖြစ် နှစ်ဆ ပြန်ရောက်လာတတ်ပါတယ်။ မှန်လိုပဲ ကိုယ်ပြုံးနေရင် ပတ်ဝန်းကျင်ကလဲ လိုက်ပြုံးနေမှာပါ။ ကိုယ်ကောင်းနေရင် ကံလဲကောင်းနေမယ်ဆိုတဲ့သဘောပါ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉ ၇၇ ၅၅၅၅ ၆၉၅

Leave a Reply

Your email address will not be published. Required fields are marked *