loading

၁၃၈၇ ခုနှစ်အတွက် အင်္ဂါသားသမီး တစ်နှစ်စာဟောကိန်း

  • Home
  • Blog
  • ၁၃၈၇ ခုနှစ်အတွက် အင်္ဂါသားသမီး တစ်နှစ်စာဟောကိန်း

✅နိဒါန်း

            မနှစ်ကတော့အခက်အခဲတွေများပြီး စိတ်ပင်ပန်း၊လူပင်ပန်းခဲ့ရတဲ့ကာလဖြစ်ပါလိမ့်မယ်။ တကယ်လဲ သောကဒုက္ခများခဲ့တာကို သတိထားမိကြပါလိမ့်မယ်။၁၃၈၇ မှာတော့ အညံ့အဆိုးတွေတော်တော်များများလွှင့်စင် သွားတာကိုတွေ့ရပါတယ်။ စိတ်ချမ်းသာရမယ်၊တော်ရုံကြီးမားတဲ့စိတ်ညစ်ရာကိစ္စတွေလဲ လျော့နည်းသွားနိုင်ပါ တယ်။ ခေတ်နဲ့အညီ လိုက်လျောညီထွေနေတတ်ပြီးတော့ ခေတ်ရေစီးကြောင်းနဲ့အညီ နေထိုင်၊လုပ်ကိုင်နိုင်ရင် ဒီနှစ် ဟာတိုးတက်ဖို့ ရာခိုင်နှုန်းအလွန်များပါတယ်။ အကောင်းဆုံး အကြိုက်ဆုံးကတော့ ဆင်ခြင်တုံတရားအားကောင်း လာခြင်း၊အနုစိတ်အသေးစိပ်လုပ်နိုင်ခြင်း၊ အရိပြလို့ အကောင်မြင်ခြင်းနှင့် ဖြန့်ကြန့်တွေးတောနိုင်ခြင်းစွမ်းရည်တွေ ဒီကာလမှာ သေချာပေါက်မြင့်မားလာနိုင်တာကို အထင်အရှားတွေ့ရပါတယ်။

👍စီးပွားရေး

            လုပ်ငန်းစီးပွားနဲ့ပတ်သက်ရင်တော့ ဝန်ထမ်းနှင့် ကိုယ်ပိုင်အလုပ်ကို ၂မျိုးခွဲပြောမှရပါလိမ့်မယ်။ ဝန်ထမ်း ဆိုရင်တော့ ရာထူးတိုးပြီး နယ်ကိုအပို့ခံရတာမျိုးတွေဖြစ်တတ်ပါတယ်။ နယ်စွန်နယ်ဖျားတွေ မရောက်ဘူးတဲ့ဒေသ တွေမှာ သွားရောက်တာဝန်ထမ်းဆောင်ရတတ်ပါတယ်။ မသွားချင်တဲ့သူအတွက်ကတော့စိတ်ညစ်စရာဆိုပေမဲ့ နယ် ရောက်ရင် သေချာကြိုးစားပြမယ်ဆိုသူအတွက်ကတော့ သေချာပေါက် ရလဒ်ကောင်းတွေရလာနိုင်တာကိုတွေ့ရပါ တယ်။ နိုင်ငံရပ်ခြားသို့ သွားဖို့စောင့်ဆိုင်းနေရသူတွေဆိုရင်တော့ သိသာစွာပဲ ခေါ်စာရောက်တာမျိုးတွေ၊ နိုင်ငံခြားသို့ သွားဖို့ ကြိုးစားသူများ လွယ်လင့်တကူအဆင်ပြေခြင်းများ ကြုံရတတ်ပါတယ်။ လက်ရှိအလုပ်မှာ ထွက်ချင်တဲ့သူ တွေအတွက်တော့ ထွက်ဖို့လွယ်ကူတာမျိုးတွေ၊အလုပ်သစ်ရှာနေသူများ လွယ်လင့်တကူအလုပ်ရတာမျိုးတွေ၊ နယ်ဘက်ထွက်ပြီး အလုပ်လုပ်ရင်အဆင်ပြေတာမျိုးတွေကြုံရတတ်ပါတယ်။ ဒီလိုနှစ်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်သူတွေအနေနဲ့ နယ်ပယ်သစ်ချဲ့ထွင်တာမျိုးတွေဆိုင်သစ်ဖွင့်တာမျိုးတွေ ဆောင်ရွက်နိုင်ပါတယ်။ ကိုယ့်ဒေသ မငြိမ်းချမ်းလို့ အဆင်ပြေမဲ့နေရာသစ်သွားပြီးလုပ်ငန်းသစ်ပြန်စမယ်ဆိုရင် ထူးထူးခြားခြားအောင်မြင်နိုင်ပါတယ်။ ကိုယ့်မြို့မှာလုပ်ငန်းအောင်မြင်နေသူများ  အခြားမြို့တွေကို လုပ်ငန်းချဲ့ချင်ရင် တိုးတက်လွယ်တာကိုတွေ့ရပါတယ်။ အချို့တွေ အလုပ်တစ်ဖက်နဲ့ ကိုယ်ပိုင်စီးပွားရေးကို မြေစမ်းခရမ်းပျိုး အစပျိုးချင်တယ်ဆိုရင် ဒီကာလမှာ လခစား ဝန်ထမ်းလုပ်ရင်နဲ့ ကိုယ်ပိုင်စီးပွားကို အားလပ်ချိန်မှာ တွဲလုပ်ကြည့်စေချင်ပါတယ်။

💵ငွေရေးကြေးရေး

            ငွေကြေးနဲ့ပတ်သက်ရင် အဝင်များနိုင်တာကိုတော့ သိထားရမယ်။ ဝင်လာတဲ့ငွေကို စီမံတဲ့နေရာမှာတော့ လွဲ ချော်နေသေးတယ်လို့ မြင်ပါတယ်။ ငွေကြေးကံအားကောင်းပြီး ငွေသီးသန့်ရှာနေသူအတွက်ကတော့ အကြောင်း မဟုတ်ပေမဲ့ ဝင်လာတဲ့ငွေကို  အတိုးရင်းပွားပေးထားချင်တာမျိုး၊ သူများအလုပ်ရှယ်ယာထည့်ချင်တာမျိုးတွေကို တော့ အနည်းငယ်သတိထားဖို့တော့ လိုပါတယ်။ လခစားဝန်ထမ်းတွေအနေနဲ့ လုပ်ခလစာတွေ တိုးလာတတ်ပါ တယ်။ ကိုယ်ပိုင်စီးပွားများ ဝင်ငွေတိုးလာဖို့ရှိနေပါတယ်။ အွန်လိုင်းငွေကြေးတွေ ဝယ်ထားတာမျိုးတွေ၊ အွန်လိုင်း Trading လုပ်တာမျိုးတွေကတော့ အထူးအပ်စပ်လာတဲ့နှစ်ဖြစ်တာကို အထင်အရှားတွေ့ရပါတယ်။ သားသမီးတွေရဲ့ ပညာရေးအတွက် ငွေကုန်ရတာမျိုး၊ သားသမီးအလုပ်တွေအတွက် ငွေရင်းနှီးပေးတာမျိုး၊သားသမီး အိမ်ထောင်ပြု လို့ ငွေကုန်ရတာမျိုးတွေကိုလဲ ကြုံရတတ်ပါတယ်။ ငွေအပိုရှိလို့ အိမ်ခြံမြေဝယ်မယ်ဆိုရင်တော့ ပိုင်ဆိုင်မှုမသေချာ တာမျိုးတွေ၊ ဇာတ်ရှုပ်နေတဲ့ မြေတွေကို ဝယ်မိတတ်ပါတယ်။

🤝လူမှုရေး

            လူမှုဆက်ဆံရေးနယ်ပယ်မှာတော့ မိမိကိုယ်တိုင်က ဒီနှစ်မှာ အပေါင်းအသင်းမများချင်တော့မျိုး၊ လူ အများကြီးနဲ့ မဆက်ဆံချင်တော့တာမျိုးတွေဖြစ်နေတတ်ပါတယ်။ တတ်နိုင်သ၍ တစ်ချောင်ချောင်မှာ တစ်ယောက် ထဲနေချင်စိတ်ဖြစ်နေတတ်ပါတယ်။ မကောင်းတဲ့မိတ်ဆွေ၊သူငယ်ချင်းတွေကိုလဲ တစ်ခါတည်း ဘလော့လုပ်ချင်စိတ်  မျိုး၊ဆက်ဆံချင်စိတ်ကုန်ခမ်းသွားတာမျိုးတွေဖြစ်နေတတ်ပါတယ်။ သူ့အကျိုး၊ကိုယ့်အကျိုးကို လိုလားတဲ့မိတ်ဆွေ ကောင်းတွေနဲ့သာ ဆက်လက်နေထိုင်ချင်စိတ်မျိုးဖြစ်နေတတ်ပါတယ်။ လူမှုဆက်ဆံရေးကိစ္စ၊သာရေး၊နာရေး ရပ်ရေး ရွာရေးတွေမှာလဲ ဦးဆောင်ချင်စိတ်ကုန်ခမ်းသွားတတ်တာကိုတွေ့ရပါတယ်။

❤️အချစ်ရေး

            အချစ်ရေးမှာတော့ သံယောဇဉ်တွေ လျော့နည်းလာတတ်တာကိုတွေ့ရပါတယ်။ ကိုယ်တိုင်က ချစ်သူအပေါ် တွဲကပ်ချင်စိတ်နည်းသွားပြီး တစ်ယောက်မကောင်းတစ်ယောက်ဂျောင်း ဆိုတဲ့စိတ်မျိုးရှိနေတတ်ပါတယ်။ မကောင်း တဲ့ချစ်သူအပေါ် သည်းခံပြီးဆက်တွဲလိုစိတ်မရှိတော့ပါဘူး။ သာယာတဲ့ ချစ်ခရီးလမ်းကို လျှောက်လှမ်းနေရတဲ့ ချစ် သူတွေကတော့ အချစ်ရေးကံအဆိုးအညံ့ကင်းနေနိုင်ပေမဲ့ …အမြဲတမ်း စကားများ၊ရန်ဖြစ်၊နောက်ကွယ်မှာ ပွေချင် ရှုပ်ချင်တဲ့သူ ချစ်သူစုံတွဲတွေကတော့ လမ်းခွဲခြင်းနဲ့ အဆုံးသတ်ရဖို့ဖြစ်လာတတ်ပါတယ်။ချစ်သူမရှိသေးတဲ့သူမျိုး ဆိုရင်တော့ မျက်နှာများတဲ့ချစ်သူမျိုး၊ ကိုယ့်ရဲ့ ငွေနဲ့ဂုဏ်ကိုမက်ပြီး ကိုယ့်အချစ်ကို လက်ခံတဲ့ချစ်သူမျိုးနဲ့ ကြုံဆုံရ တတ်ပါတယ်။ ဒီနှစ်မှာ ချစ်သူရတယ်ဆိုရင်တော့ သူအကြောင်း ခရေစေ့တွင်းကျ မသိဘူးဆိုရင်တော့ အရာရာမပုံ အပ်ဘဲ စောင့်ကြည့်ဖို့အထူးလိုအပ်ပါတယ်။ နယ်ကလာတဲ့သူမျိုး၊သူနောက်ကြောင်းမသိတာမျိုးဆိုရင် ပြန်မကြိုက် တာအကောင်းဆုံးပါပဲ။

👪အိမ်ထောင်ရေး

                        အိမ်ထောင်ရေးမှာတော့ ခွဲခွဲခွာခွာနဲ့ အိမ်ထောင်ဘက်က အလုပ်ကြောင့် အိမ်မကပ်ရတာမျိုး၊ နိုင်ငံခြားရောက်နေတာမျိုး၊အဝေးရောက်နေတာမျိုးဆိုရင်တော့ အိမ်ထောင်ရေးကံ သိပ်မဆိုးဘူးလို့ ပြောနိုင်ပါ တယ်။ တစ်အိမ်ထဲ အတူနေပြီး အိုးမကွာအိမ်မကွာနေကြတဲ့ အိမ်ထောင်ဘက်စုံတွဲတွေကတော့ မကြာခဏစကား များစရာလေးတွေကြုံဆုံနေရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့ ပြဒါးတစ်လမ်း ၊သံတစ်လမ်းဆိုသလိုဖြစ်နေနိုင်တဲ့ နှစ်လို့ပဲပြောရပါလိမ့်မယ်။ ငွေကြေးကိုအကြောင်းပြုပြီးလင်မယားချင်း အဆင်မပြေတာမျိုးမဟုတ်ဘဲ…အတ္တတွေ၊ မာနတွေကြောင့်သာ အိမ်ထောင်ရေးအဆိုးကို ဖြစ်စေတာကိုအထင်အရှားတွေ့ရပါတယ်။ တတ်နိုင်သ၍ သည်းခံကြ ပါလို့ပဲပြောချင်ပါတယ်။ ကိုယ့်အိမ်ထောင်ဘက်က တနင်္ဂနွေ၊သားသမီးနဲ့ သောကြာသားသမီး ဖြစ်နေရင်တော့ အိမ် ထောင်ရေးကံ ပိုမိုဆိုးရွားနိုင်တာကို သိထားစေချင်ပါတယ်။

💥ကျန်းမာရေး

            ကျန်းမာရေးကတော့ မနှစ်ကလောက်မညံ့တော့ပါဘူး။မနှစ်ကတော့ တော်တော်ဆိုးခဲ့တာကို အထင်အရှား တွေ့ရမှာပါ။ ကျန်းမာရေးဂရုစိုက်နေတာတောင်မှ မနှစ်တုန်းက တစ်မျိုးမဟုတ်၊တစ်မျိုး ကျန်းမာရေးက ထထဖောက်နေတာကို သတိထားမိပါလိမ့်မယ်။ဒီနှစ်က ကျန်းမာရေး ကောင်းနေတာမျိုးတော့ မဟုတ်ပေမဲ့ လမ်း လျှောက်ပေးတာမျိုး၊ ဂျင်ဆော့တာမျိုး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး‌ နေထိုင်စားသောက်မှုမှန်ကျန်နေရင်ကို တော်ရုံ ကျန်းမာရေး အညံ့အဆိုးဖြစ်မှာတော့ မဟုတ်ဘူး။ ကျန်းမာရေးမေ့ထားပြီး အနေအထိုင်အစားအသောက်မဆင်ခြင် တဲ့သူ၊ကိုယ်လက်လှုပ်ရှားမှု နည်းလွန်းတဲ့သူ၊ အထိုင်များတဲ့သူဆိုရင်တော့ ဒီနှစ်လဲ ကျန်းမာရေးက ပိုကောင်းလာဖို့ မရှိသေးဘူးလို့ပဲမြင်ပါတယ်။

☯️ယတြာ

            ယတြာကတော့ ဒီလိုနှစ်တွေက အကြောင်းအမျိုးမျိုးကြောင့် ခရီးတွေထွက်ဖြစ်တဲ့အခါ ရောက်တဲ့နေရာတွေ မှာ ကုသိုလ်ပြုပါ။ လူမျိုးခြား၊ဘာသာခြား တိုင်းရင်သားတွေကို ပိုမိုလှူဒါန်းပါ။ တံမြက်စည်းလှဲကျင်းတဲ့ကုသိုလ်မျိုး တွေကို များများလုပ်ပေးပါ။ ထမနဲ၊ထောပတ်သီး၊နာနတ်သီး ၊နှမ်းယို စတဲ့ စနေနံအစားအသောက်တွေကို ဘုရားရှင် အားမကြာခဏ ကပ်လှူပူဇော်ပေးစေချင်ပါတယ်။ တတ်နိုင်သ၍ လမ်းလျှောက်ရင်းနဲ့ နှုတ်ကနေ ဓာရဏပရိတ်ရွတ် တာမျိုးကို အလေ့အကျင့် စတင်လုပ်ကြည့်စေချင်ပါတယ်။ အသက်ကြီးရင့်သူများကိုတွေ့ရင်လဲ တတ်နိုင်သ၍ ငွေကြေးလှူဒါန်းပါ။ အိမ်ကဘုရားမှာလဲ ထီးနီတစ်လက် မိုးပြီး လှူဒါန်းထားစေချင်ပါတယ်။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

၀၉ ၇၇ ၅၅၅၅ ၆၉၅

Leave a Reply

Your email address will not be published. Required fields are marked *