ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဦးတန်ခူးလဆုတ်(၁၂)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၂၄) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၆)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ရာဟုမြေခံတဲ့နေ့ဖြစ်ပါတယ်။ ရာဟုမြေခံအရ ရန်အနှောက်အယှက်များပေါများခြင်း၊ ခိုက်ရန် ဖြစ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း စသောအကျိုးကို ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင်ဆောက်လုပ် တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင်သင့်ပါသည်။
ဒီနေ့ဟာ သိကြားပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁၁)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၁)လုံး အနေဖြင့် ဒီလိုနေ့ရက်မှာတော့ အလုပ် အကိုင်ကိစ္စများ ပြောဆို အဆင်ပြေတတ်ပါတယ်။ မိမိတင်ပြချင်တာတွေကို တင်ပြတောင်းဆိုလို့အလွန် ကောင်း ပါတယ်။ စိတ်ထဲလိုချင်တာ တွေကိုလဲ လက်တွေ့ကြိုးစားရယူနိုင်ပါလိမ့်မယ်။ ပြဿနာများအခက်အခဲများဖြေရှင်းရန် ရက်ကောင်းပဲဖြစ်ပါ တယ်။
ဒီလိုနေ့မျိုးမှာ အဆင့်မြင့်နည်းပညာတွေကိုလေ့လာတာမျိုးတွေ၊ ကုန်ပစ္စည်းအသစ်တစ်ခုခုကို မိတ်ဆက်ပွဲလုပ်တဲ့ ကိစ္စမျိုးတွေအထူးပဲအောင်မြင်နိုင်ပါတယ်။ ထီကံမြင့်မားနေတဲ့အတွက် ၇ရက်သားသမီးများထီကံစမ်းလို့အလွန်ပဲ ကောင်းပါတယ်။ ဘဏ်လုပ်ငန်းနှင့်ဆက်စပ်သမျှအဆင်ပြေတတ်ပါတယ်။ ငွေချေးငှားခြင်းများ၊အာမခံခြင်းများလဲ ဆောင်ရွက်နိုင်မဲ့နေ့မျိုးပါပဲ။
အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်ကိစ္စများအဆင်ပြေတတ်သလို၊စေတီပုထိုးပြုပြင်ထိန်းသိမ်းခြင်းများကိုလဲ ဒီနေ့ မှာအရေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိသားစုများ၊သူငယ်ချင်းများနဲ့ အပျော်ခရီးများ အပန်းဖြေခရီးများ သွားလို့ အထူးပဲသင့်လျော်ပါတယ်။အနုပညာအလုပ်များ၊ပန်းချီ၊ပန်းပု၊ဂီတ၊သီချင်းစတာတွေနဲ့ပက်သက်ဆက်နွယ်သော အလုပ် များ အထူး အကျိုးပေးအောင်မြင်တတ်ပါတယ်။ ကျောက်မျက်ရတနာများ ဖြတ်ခြင်း၊သွေးခြင်း၊ ရောင်းချခြင်း အလုပ်များလဲ အထူးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကြွေးဟောင်းများ လက်လွန်နေတဲ့ ငွေကြေးများလဲ ပြန်လည် တောင်းခံနိုင်ပါလိမ့်မယ်။ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ ခြံမြေလုပ်ငန်းများအတွက် ကောင်းမွန်သော တီထိဖြစ်နေပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၇း၁၅)နာရီမှမနက်(၀၈း၀၇)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝ လာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ် သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မိဿရာသီဖွားဖြစ် ပါသည်။ ဒီနေ့မွေးသူများဟာ တော်ကြ ထက်မြက်ကြသူတွေဖြစ်ပါတယ်။ အများနဲ့မတူဘဲ စွမ်းဆောင်ရည်မြင့်မားကြပြီး အများသူငှာရဲ့အားကိုးခြင်းကိုခံရတတ်ပါတယ်။ အားနည်းချက်က ရင်းနှီးမြုပ်နှံမှု မှားယွင်းခြင်း၊အလိမ်ခံရခြင်း၊သား သမီးအကျိုးပေးအားနည်းခြင်းကံကိုဖြစ်စေပါတယ်။ ကြိုးစားသူဆိုရင်တော့ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် နိုင်ကြတဲ့သူတွေဖြစ်တာကိုလဲတွေ့ရပါတယ်။ အသက် ၁၉၊၂၀လောက်နဲ့ငွေရှာနိုင်ကြသူတွေထဲမှာ ဒီဇာတာတွေပါတာ ကိုလဲတွေ့ရတယ်။ မိဘကတတ်နိုင်တယ်။ကိုယ်ကလဲ ဝါသနာပါတယ်ဆိုရင် ဘဏ်လုပ်ငန်း၊ဟော်တယ်လုပ်ငန်း၊ ဇိမ်ခံ ပစ္စည်းရောင်းဝယ်ရေးအလုပ်တွေနဲ့အထူးအကျိုးပေးကြတယ်။ငယ်သေးတယ်ဆိုရင် အချိန်မဖြုန်းနဲ့။ ငယ်တုန်းအချိန် က ကံအပေးဆုံးအချိန်ပါပဲ။ ငယ်တုန်း ပြင်းပြင်းထန်ထန်ကြိုးစားပါ။ သက်လတ်ပိုင််းဖြေးဖြေးမှန်မှန် ကြိုးစားသွားလဲရပါ တယ်။
ပြုဗ္ဗာဘဒြပိုဒ်နက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ခြင်း၊ ရှေ့တိုးခြင်း၊ မကောင်းမှု၊ လှည့်ဖြားခြင်းနှင့် ပဋိပက္ခများ၊ ရန်သူများကို ဖျက်ဆီးခြင်း၊ ထောင်ကျခြင်း၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ ခြင်း၊ တိုက်ပွဲ၊ မီးညှိခြင်း၊ ဖျက်ဆီးခြင်းများ၊ ဂုဏ်သတင်းကျော်ကြားမှုနှင့် ရက်စက်ကြမ်းကြုတ်ခြင်းစသည့် လုပ်ရပ်များ အတွက် သင့်လျော်သည်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာ ဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်း ခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့် လျော် သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၀၁း၃၉)နာရီမှ ညနေ(၀၃း၁၃)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်း ပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာ ထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အရပ်ဆယ်မျက်နှာမေတ္တာပို့(၃)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ခေါပုတ်ကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ
အောင်မှန်- အခါပေးဒိုင်ယာရီ
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း