loading

28.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 28.Apr.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လဆန်း(၂)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၉)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကညာ မြေခံဖြစ်၍ မင်းစိုးရာဇာများ ပူဇော်တဲ့ နေ့မျိုးဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ၊ မင်း၊ အစိုးရနှင့် ပတ်သက်ဆက်နွယ်သော လုပ်ငန်းဆောင်တာများလည်း ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ဗုဒ္ဓဟူးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ဗုဒ္ဓဟူးမြေခံအရ ဉစ္စာပစ္စည်းများ အလွယ်တကူရရှိ ခြင်းနှင့် ချမ်းသာရတတ်ခြင်းအကျိုးကိုပေးတာကြောင့် ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ လမ်း တံတားတွေ အထပ်အမြင့်အဆောက်အဦးတွေ ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာတွေ အထူးကောင်း ပါတယ်။ သမားညိုရက်ဖြစ်တာကြောင့်အချိန်အခါရွေးပြီးမှဆောင်ရွက်ပါ။

ဒီနေ့ဟာ..  သမားညို၊နဂါးပေါ်ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ ၁လုံးဖြစ်ပြီးတော့ မြင့်တတ်ခြင်း၊ပျော်ရွှင်ခြင်း တွေကိုပေးတဲ့ နန္ဒတီထိ ကျရောက်တဲ့နေ့ရက်ပဲဖြစ်ပါ တယ်။ဒီလိုနေ့ရက် မှာတော့ အလုပ်အကိုင်ကိစ္စများ ပြောဆို အဆင်ပြေတတ်ပါတယ်။ မိမိတင်ပြချင်တာတွေကို တင်ပြတောင်းဆိုလို့ အလွန် ကောင်းပါတယ်။ စိတ်ထဲလိုချင်တာ တွေကိုလဲ လက်တွေ့ကြိုးစားရယူနိုင်ပါလိမ့်မယ်။ ပြဿနာများအခက် အခဲများ ဖြေရှင်းရန် ရက်ကောင်းပဲဖြစ်ပါ တယ်။

ဒီလိုနေ့မျိုးမှာ အဆင့်မြင့်နည်းပညာတွေကိုလေ့လာတာမျိုးတွေ၊ ကုန်ပစ္စည်းအသစ်တစ်ခုခုကို မိတ်ဆက်ပွဲလုပ်တဲ့ ကိစ္စ မျိုးတွေအထူးပဲအောင်မြင်နိုင်ပါတယ်။ ထီကံမြင့်မားနေတဲ့အတွက် ၇ရက်သားသမီးများထီကံစမ်းလို့အလွန်ပဲ ကောင်း ပါတယ်။ ဘဏ်လုပ်ငန်းနှင့်ဆက်စပ်သမျှအဆင်ပြေတတ်ပါတယ်။ ငွေချေးငှားခြင်းများ၊အာမခံခြင်းများလဲ ဆောင်ရွက် နိုင်မဲ့ နေ့မျိုးပါပဲ။

အိမ်ဆောက်ပစ္စည်းအရောင်းအဝယ်ကိစ္စများအဆင်ပြေတတ်သလို၊စေတီပုထိုးပြုပြင်ထိန်းသိမ်းခြင်းများကိုလဲ ဒီနေ့ မှာအရေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ မိသားစုများ၊သူငယ်ချင်းများနဲ့ အပျော်ခရီးများ အပန်းဖြေခရီးများ သွားလို့ အထူးပဲသင့်လျော်ပါတယ်။အနုပညာအလုပ်များ၊ပန်းချီ၊ပန်းပု၊ဂီတ၊သီချင်းစတာတွေနဲ့ပက်သက်ဆက်နွယ်သော အလုပ် များ အထူး အကျိုးပေးအောင်မြင်တတ်ပါတယ်။ ကျောက်မျက်ရတနာများ ဖြတ်ခြင်း၊သွေးခြင်း၊ ရောင်းချခြင်းအလုပ် များ လဲ အထူးအဆင်ပြေတာကိုတွေ့ရပါတယ်။ ကြွေးဟောင်းများ လက်လွန်နေတဲ့ ငွေကြေးများလဲ ပြန်လည်တောင်းခံနိုင်ပါ လိမ့်မယ်။ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်နေပါတယ်။ သတင်းအချက်အလက်များ ပြန့်ပွားအောင် ဆောင်ရွက်နိုင်မည်။ အခက်အခဲနှစ်မျိုးကို တစ်ပြိုင်နက်တည်း ဖြေရှင်းအောင်မြင်နိုင်မည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၇း၀၀)နာရီမှမနက်(၀၇း၅၁)နာရီ အတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင် ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ဘရဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိဿစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။  ဒီနေ့ မွေးသူများ လူချစ်လူခင်အလွန်များကြပါတယ်။အသန့်ကြိုက်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုအမြဲတမ်းသန့်ရှင်းရေးလုပ်နေကြ သူတွေဖြစ်ပါတယ်။ လတ်တလောအဆင်ပြေဖို့ကိုသာတွေးတတ်ပြီး ရေရှည်မစဉ်းစားတတ်သူမို့ အမိအဘတွေကရေတို ထက်ရေရှည်ကြည့်တတ်အောင်သင်ပေးဖို့လိုပါတယ်။ ငွေဒဏ်ကိုမခံနိုင်ကြသူတွေဖြစ်တာမို့ ရုတ်တရက်ငွေအစုလိုက် ဝင်လာရင်ပျက်စီးကြတာများပါတယ်။အိမ်ပူရင် အိမ်ပေါ်ကဆင်းသွားတတ်ကြပြီး မိသားစုရဲ့ဒုက္ခတွေကိုမျှဝေခံစားချင် စိတ်အလွန်နည်းတာကိုတွေ့ရပါတယ်။ငွေကြေးကံအားကောင်းပြီးတော့ အဖြုန်းအတီးမရှိအောင် ထိန်းသိမ်းနိုင်ရင် တော့အိမ်ခြံမြေနဲ့အကျိုးပေးပါတယ်။ ဒီလိုဇာတာတွေက ပိုက်ဆံရှိလာရင် အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံတာက အကောင်း ဆုံးပါပဲ။

ဘရဏီ နက္ခတ်သည် ချက်ချင်းလက်ငင်းလုပ်ဆောင်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြိုင်ဆိုင်မှု၊ လှုပ်ရှားမှုများ၊ မီး၊ အဆိပ်၊ ရေတွင်းတူးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ။ ဤနက္ခတ် သည် ရက်စက်ကြမ်းကြုတ်သော သဘာဝရှိသည်။ အဆိပ်ခတ် ခြင်း၊ ဖျက်ဆီးခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် လှည့်စားခြင်းအတွက် သင့်လျော်သည်။ ခရီးတစ်ခုမစတင်ပါနှင့်။ ငွေမချေးပါနှင့်။ မီး သို့မဟုတ် လက်နက်၊ အဆိပ် သို့မဟုတ် ဓာတုပစ္စည်းများ၊ သစ်ပင်ခုတ်ခြင်း၊ ယှဉ်ပြိုင်ခြင်းအတွက် ကောင်းမွန်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

 ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မနက်၇နာရီ၉မိနစ်မှ မနက်၈နာရီ၄၅မိနစ်အတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊သောကြာ၊ဗုဒ္ဓဟူးသားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ ရာဟု၊တနင်္ဂနွေသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် ကြက်သွေးရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၉၊၆ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သုဂတောဂုဏ်တော်(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အာလူးကြော် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ

အောင်မှန်- အခါပေးဒိုင်ယာရီ

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *