loading

5.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 5.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လဆန်း(၉)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ မေလ (၅) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဘီလူး မြေခံဖြစ်၍ သေကြေပျက်စီးရတတ်သောကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ခြင်းကို အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ.သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန် အထူးကောင်းတဲ့ လဆန်းတီထိ(၉)လုံး ကျရောက်နေတာ ဖြစ်ပါ တယ်။ တီထိ(၉)လုံးအနေဖြင့် လုပ်လက်စအလုပ်တွေကိုပဲ တိုး တတ်အောင်ဆောင်ရွက်သင့်တဲ့နေ့ရက်ပါ ရှေးဟောင်း ပစ္စည်းများ ၊ ကြန့်ကြာနေတဲ့ပစ္စည်းများလဲ အလွန်မှရောင်းအား တတ်ပါ လိမ့်မယ်။ စူးစမ်းခြင်း၊လေ့လာခြင်း၊ သုတေသန ပြုခြင်း စတဲ့ကိစ္စတွေကိုတော့ ဆောင်ရွက်လို့ကောင်းပါတယ်။ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့ကိစ္စတွေကိုတော့ အားကြိုး မာန် တတ်လုပ်မှပဲအဆင်ပြေပါလိမ့်မယ်။ ပစ္စည်းတစ်ခုကိုတီထွင်ခြင်း၊ အနုပညာနဲ့ပတ်သက်ပြီးတော့ လဲ အသစ်များကို ဖန် တီးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။  ရန်များပြဿနာ များ အထူးပဲဖြေရှင်းလို့ကောင်းတဲ့နေ့ပါပဲ။ စက်ပစ္စည်း များ၊ လျှပ်စစ် ပစ္စည်းများရောင်းဝယ်ဖောက်ကားခြင်းများအထူးကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက် သောစကားများ ကြား က နေစေ့စပ်ညှိနှိုင်းပေးသောစကားများ ဒီနေ့မှာပြောဆိုလို့ အလွန် ပဲကောင်းပါတယ်။ 

ဒီနေ့ဟာ ဆေးစား၊ ဆေးကုခြင်းများ ပြုရန် အထူးကောင်းသောနေ့ရက် ဖြစ်နေပါတယ်။ သမားပြခြင်း၊ ဆေး စစ်ခြင်း များလည်း ပြုနိုင်သည်။ အာမခံခြင်း၊ တာဝန်ယူခြင်း မပြုရ။ ကိုယ်တွေ့မျက်မြင်မဟုတ်သောပစ္စည်းများ ဝယ် ယူခြင်း မပြုရ။ ကြိုတင်ငွေ ပေးချေခြင်းများမပြုသင့်ပါ။ စာရွက်စာတမ်း အတုအယောင်ကိစ္စများနှင့် ကြုံတွေ့ရ တတ်သည်။

            ငွေကြေးကိစ္စများဆောင်ရွက်လို့ကောင်းပါတယ်။ဒါပေမဲ့စာရွက်ပေါ်မှသေချာဆောင်ရွက်ဖို့လိုပါတယ်။  အလုပ် ကိုကြိုးစားပါ။ မလောပါနဲ့။ အလျင်လိုလေ အနှေးဖြစ်ရလေပါပဲ။  မိမိကိုယ်ပိုင်စက်ကားနဲ့ခရီးသွားတော့မယ် ဆိုရင် တော့ စစ်ဆေးပြီးမှသွားပါ။ လမ်းမှာပျက်တတ်ပါတယ် သို့သော် အချည်းအနှီးဖြစ်သော ရိတ္တာတီထိဖြစ်၍ ရန်သူကိုဖမ်းဆီးခြင်း၊ အဆိပ်ခက်ခြင်း၊  ပိုးသက်ဆေးဖြန်းခြင်း၊  လက်နက်သုံးစွဲခြင်း၊ ခွဲစိတ်ခြင်း၊ မီးဖေါက်ခွဲခြင်း စသည့် အနိဌလုပ်ငန်းများ ပြုလုပ်ဆောင်ရွက် နိုင်သော်လည်း မည်သည့် အရပ်ဒေသကိုမှ ခရီးသွားလာခြင်းများ မပြုသင့်ပါ။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။

ဝုဒ္ဓိယုဂ် ကျရောက်နေခြင်းကြောင့် ကြီးပွားခြင်းဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးသင့်တော်စေပါသည်။ ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်းကဲ့သို့ သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ် များအားလုံးအတွက် အထူးကောင်းပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၆း၃၂)နာရီမှမနက်(၇း၂၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ အဿလိသနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်းအားနည်းကြပါတယ်။ မိဘတွေက Guide line ချပေးနိုင်ရင် တော့ အဆင်ပြေပြီး…ကိုယ်တိုင်ထွင်းဖောက်လုပ်မယ်ဆိုရင်တော့ အနည်းငယ်အဆင်မပြေဖြစ်ရတတ်ပါတယ််။ ငွေကြေး နဲ့ပတ်သက်သော အကူအညီတွေရလွယ်တာ ၊အရင်းအနှီးရလွယ်တာမျိုးတွေကြုံရတတ်ပါတယ်။ ပေါ့ပါးလွတ်လပ်တာ ကိုကြိုက်တတ်သူမို့ အပေါင်းအသင်းမှားသွားပါက အရက်စွဲသွားတာ မူးယစ်ဆေးဝါးစွဲသွားတာလေးတွေဖြစ်ရတတ်ပါ တယ်။ကျန်းမာရေး မပေါ့သင့်တဲ့သူတွေဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါတွေသတိထားဖို့လိုပါတယ်။ အစားမှားတာနဲ့ ဝမ်းပျက်နိုင်တာကိုမေ့မထားပါနဲ့။ အလုပ်အကိုင်တွေနဲ့ပတ်သက်ပြီး အလုပ်ကောင်းရတတ်ပေမဲ့ အကျိုးမရှိတဲ့ အလုပ် တွေကိုတော့ စတင်မလုပ်မိပါစေနဲ့။ အိုးအိမ်ကံအားကောင်းပြီးတော့ ငွေကြေးကံအားကောင်းလာပြီဆိုရင်တော့ အိမ်ခြံ မြေကို ရင်းနှီးမြုပ်နှံတာ အကောင်းဆုံးပါပဲ။

အသလိသ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင်အောင်မြင်ရန်၊ ဒြပ် စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက် အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်းခြင်း ၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၇း၁၅)နာရီမှ နံနက်(၈း၅၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …သတ္ထာဒေဝမနုဿနံ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ဘယာကြော် ယတြာကတော့ ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *