loading

08.May.2025 မှ 14.May.2025 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

  • Home
  • Blog
  • 08.May.2025 မှ 14.May.2025 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

            ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်တဲ့ကာလပါပဲ။ ကျန်းမာရေးနုနယ်လွယ်တဲ့ကာလဖြစ်ပြီးတော့ အနည်းငယ် အနေ အထိုင်မဆင်ခြင်တာနဲ့ဖျားနာနိုင်ပါတယ်။ဒီကာလအတွင်းဆီးဝမ်းသွေးလေ မမှန်တာမျိုုးတွေဖြစ်တတ်ပါတယ်။ ရပ်ဝေး ကိစ္စတွေ၊နယ်ဝေးကိစ္စတွေ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ခရီးသွားပြီးလုပ်ရတဲ့အလုပ်တွေကတော့ ကံကောင်း နိုင်တဲ့အနေအထားမျိုးတွေ့ရပါတယ်။ ဈေးကွက်ကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကိုရရှိနိုင်ပါတယ်။ လုပ်ငန်းတွေ မှာတော့ အလုပ်တွေများနိုင်ပေမဲ့ ကျေနပ်ရလောက်သော ရလဒ်တွေတော့ရနိုင်ပါတယ်။ အားနာခြင်း၊စွန့်စား မှုနည်းခြင်း ကြောင့် တိုးတက်မှုနည်းတတ်သည်။ အိမ်ထောင်ဘက်ကြောင့် ငွေကုန် များ လာတတ်သည်။ တွဲစပ်လုပ်ကိုင်သော ကိစ္စ ရှောင်ကြဉ်သင့်ပါသည်။ပညာရေးကိစ္စများတွင် ဆွေမျိုး များနှင့်အဆင် မပြေ ဖြစ်၍ စိတ်အနှောင့်အယှက်များဖြစ်နေပြီး ပညာရေးတွင်ထိခိုက်မှုများဖြစ်နေ တတ်သည်။ အချစ်ရေးချစ်လျှက် နှင့် ဝေးနေရ တတ် သည်။အဝေးရောက်ချစ်သူ ဘဝ နှင့် လွမ်းဆွတ် နေရတတ်သည်။အိမ်ခြံမြေရောင်ဝယ်ရေး လုပ်ငန်း များ တွင်စိတ်ပူပန် နေရ တတ် သည်။ မိမိမျှော် မှန်း ထားသောအခွင့်အရေးများကို မိမိထက်အရည်အချင်းနိမ့်သူများက မတရားသဖြင့် ယူသွားခြင်းခံရ တတ်သည်။ အချို့ ကိစ္စ များတွင်အချိန်ကုန်အကျိုးမရှိကြုံရတတ်သည်။အလုပ် အကိုင်၊ စီးပွားရေးကိစ္စ များအတွင်း ဆွေမျိုး ကိစ္စ၊လူမှုရေး ကိစ္စများဝင်နှောင့်လာ၍စိတ်ပင်ပန်းရ သောအခြေအနေမျိုးကြုံရ တတ် သည်။

အကျိုးပေးဂဏန်း ၂/၀/၇

အထူးဟော စိုးရိမ်မကင်းဖြစ်ရတတ်ပါတယ်။

ယတြာ တံခွန် ၂လုံး ဘုရားကပ်လှူပေးပါ။

#တနင်္လာ

            ကံကောင်းခြင််းတွေ၊အဆင်ပြေခြင််းတွေအထူးကြုံတွေ့ရပါတယ်။ ပျော်စရာကိစ္စလေးတွေကြုံရတတ်ပါတယ်။ ခက်ခဲနေတဲ့ငွေကြေးအကြပ်အတည်းလေးတွေရှိရင်တော့ ဒီကာလအတွင်းပြေလည်ခွင့်ရတတ်ပါတယ်။ လှူဒါန်းချင် သောအလှူအတန်းလေးတွေလှူခွင့်ရတတ်ပါတယ်။ ခရီးဝေးတွေသွားရတတ်ပါတယ်။ခရီးဝေးကြောင့်အဆင်ပြေမှုတွေ ကြုံရတတ်ပါတယ်။ငွေကြေးရှာလို့ဖွေလို့အဆင်ပြေတဲ့ကာလပဲဖြစ်ပါတယ်။ သင်တန်းတစ်ခုခုစတက်တာမျိုးတွေ၊ သင့် တော်တဲ့ကျောင်းကိုရှာပြီးအပ်တာမျိုးတွေ အထူးကောင််းပါတယ်။ မိမိလုပ်ငန်းကိုပြိုင်ဆိုင်တိုက်ခိုက် သူလည်း ကြုံရ တတ်သည်။ အလုပ်ပြောင်းခြင်း၊ နေရာပြောင်းခြင်းလည်း ကြုံရတတ်သည်။ ကျန်းမာရေး ကောင်းနေ တတ်သည်။ တစ်ခါ တရံ ရောဂါဖြစ်ချင်သလို ကြုံရ သော်လည်း အနာ နှင့်ဆေးတည့်ပြီး သက်သာပျောက်ကင်းသွား တတ်ပါသည်။ လျှို့ဝှက် ထားသော ငွေလက်လွန်ထားသော ငွေများ ပြန်ရတတ်ပါသည်။ မိမိလုပ်ရာနေရာ မှာ သြဇာ အရှိန် အပါရှိလာမည်။ အခွင့်အရေးကောင်း ရရှိလာတတ်ပါ သည် ။အချစ်ရေးတွင်အထူး ကံကောင်းပြီးချစ်သူ ခင်သူ များဝိုင်းဝိုင်းလည်နေ တတ်သည်။ အိမ်ထောင်ရှိပြီးသူများသည် အိမ်ထောင် ဘက် ပေါ် သဝန်တိုမှုကြောင့်မကြာခဏ တကျက်ကျက် စကားများနေရတတ်သည်။ပညာရေးကြိုး စား အားထုတ်သင်ယူမှု ကြောင့် သင်္ချာဘာသာ၊စာရင်းကိုင် ဘာသာ၊သိပ္ပံ ဘာသာ၊ ဆေးဝါးကျွမ်းကျင်ဘာသာရပ် များတွင်ထူးချွန်အကျိုး ပေးတတ် ပါသည်။

အကျိုးပေးဂဏန်း ၁/၃/၆

အထူးဟော ကံမြင့်မားနေမည်။

ယတြာ ဖာလူဒါတစ်ခွက် ဘုရားကပ်လှူဆုတောင်းပါ။

#အင်္ဂါ

            ဒီလိုနေ့ရက်တွေမှာတော့ အခက်အခဲတွေကို ကောင်းစွာကျော်ဖြတ်နိုင်ပါလိမ့်မယ်။ မထင်မှတ်ထားသော ကံကောင်းမှုုလေးတွေကြုံရတတ်ပါတယ်။ ချစ်လို့ ခင်လို့ လေးစားလို့ လက်ဆောင်ပေးတာမျိုးတွေလဲကြုံရတတ်ပါတယ်။ အောက်လက်ငယ်သားတွေ သားသမီးတွေကြောင့် စိတ်ချမ်းသာရတတ်ပါတယ်။ စာချုပ်စာတန်းလက်မှတ်ထိုးခြင်း၊ မင်္ဂလာနဲ့ပတ်သက်သော ကိစ္စများဆောင်ရွက်ခြင်း၊ ကုသိုလ်အဓိဌာန်ဝင်ခြင်း၊ကလေးတွေကို ဒါနပြုခြင်းများဆောင်ရွက် လို့ကောင်းတဲ့ကာလပဲဖြစ်ပါတယ်။ ပညာရှိသူများဆီကနေ အကြံဥာဏ်ကောင်းတွေရလာတတ် ပါတယ်။ ရင်းနှီး မြုပ်နှံ ထားသောအလုပ်တွေက အကျိုးအမြတ်ကြီးကြီးမားမားပြန်ရတတ်ပါတယ်။ ဥာဏ်ကြီးသူတွေ ပိုမို အဆင်ပြေနိုင်တဲ့ ကာလပါပဲ။ မဲပေါက် ခြင်း၊ ထီပေါက်ခြင်း၊ အမွေရသည့်ပုံစံ မျိုး ငွေဝင်တတ်သည်။ ကံစမ်းနိုင်ပါသည်။ ကံကြောင့်ရသော အ ခွင့်အလမ်း များ ကြုံရတတ်ပါသည်။ မိခင်ကျန်းမာရေးညံ့ပါက ကု၍ခက်ခဲမှု ကြုံရတတ်သည်။ ဆေးမှား၊ ကျန်းမာ ရေးမှာဆုံးဖြတ် ချက် အမှား ဖြစ် တတ်သည်။ အချစ်ရေးကံကောင်းနေသော်လည်းတစ်ဦးဦးကိုရွေး ခြယ်ရန် အခက် တွေ့နေတတ်သည်။ အိမ် ထောင် ရှင်များ အိမ်ထောင်ဘက်ကြောင့်စိတ်ချမ်းသာမှု၊ ဂုဏ်သတင်း တိုးတက်မှုများရရှိနေ တတ်သည်။ သာယာ သော အိမ်ထောင်ရေးဖြစ် နေတတ်သည်။ ပညာရေးမှာတော့ အတန်းဖော်သူငယ်ချင်းတွေနဲ့ စာစုကျက်တာမျိုးကို အထူးအလေးပေးဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းနိုင်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၀

အထူးဟော စန်းအားကောင်းနေမယ်။

ယတြာ ကြံရည်တစ်ခွက်ဘုရားကပ်လှူဆုတောင်းပါ။

#ဗုဒ္ဓဟူး/ရာဟု

            အများနဲ့တစ်ယောက် ဝိုင်းဝန်းရန်ရှာခြင်းကို ခံရတတ်ပါတယ်။ ကိုယ်ကလဲ ရန်လိုတဲ့သူတွေဖြစ်တယ်ဆိုရင် တော့ ပြဿနာတွေ ကြီးကျယ်သွားတတ်ပါတယ်။ ငွေကြေးခက်ခဲနေတဲ့သူတွေ ညအိပ်လာတည်းရင် မိမိပါ လာဘ်ပိတ် သွားတတ်ပါတယ်။ အလောတကြီးဆောင်ရွက်တာနဲ့ ဒေါသတကြီးပြုမူတာတွေကိုရှောင် ရှားဖို့အထူးလိုအပ်ပါတယ်။ မလိုအပ်ဘဲ ခရီးတိုလေးတွေမသွားပါနဲ့။ဆေးအလှူလေးတွေများများလုပ်ပေးခြင်းဖြင့် ကံ ကောင်းခြင်းတွေကြုံရတတ် ပါတယ်။ နယ်ဘက်ခရီးသွားပါက ဆိုင်ကယ်ကို မစီးတတ်ဘဲ ယူမောင်းတာမျိုးရှောင်ပါ။ အန္တရာယ်ဖြစ်တတ် ပါတယ်။ အိမ်ထောင်ဘက် ကျန်းမာရေး မကောင်း ဖြစ် တတ်သည်။ သားသမီးရရှိတတ်သည်။ သားသမီးအကျိုး ခံစားရတတ် သည်။ အားကိုးရတတ်သည်။ သားသမီးကြောင့် ဂုဏ်တက်ရခြင်းလည်း.. ကြုံရတတ် သည်။ ဘာသာရေးနှင့်ပတ်သက် ပြီး အကျိုးပေးလာတတ်သည်။ ဘာသာရေး ကိစ္စ များလည်း လုပ်ဖြစ်လာတတ်သည်။ ကြိုးစားသမျှ အောင်မြင် လာတတ်ပါသည်။ အတိုက်အခံရှိသော်လည်း အဆင်ပြေအောင် ဖြေရှင်းနိုင်စွမ်း ရှိနေ တတ်သည်။ရှယ်ယာလုပ်ငန်း များမကောင်းပါ။အငြင်း အခုံပြောဆိုရှင်းလင်းရတတ်သည်။ အထက်လူကြီး တို့၏ငြိုငြင်မှု ခံရတတ် သည်။ ငွေနှင့် အရေးကြီးပစ္စည်းများပျောက်ရှတတ်သည်။ အကျိုးမရှိသော ခရီးများသွားရတတ်သည်။ အမျိုးသမီးများအတွက်ငွေကုန် ကျမှုများတတ် သည်။

အကျိုးပေးဂဏန်း ၃/၅/၈

အထူးဟော အိမ်တွင်းရေးပူပန်ရတတ်ပါတယ်။

ယတြာ စာရေးကိရိယာများ ကျောင်းသားတွေကိုလှူပါ

#ကြာသပတေး

            သူတစ်ပါး၏ အကူအညီအထောက်အပံ့လည်းရရှိ တတ်သည်။ အလုပ်သစ် အကိုင်သစ်များလည်းလုပ်ရ ခြင်းကြုံမည်။ လူမျိုး ခြား၊ ဘာသာခြားဒေသခြားများ၏ အကူအညီ အဆက်အသွယ် လည်း ရရှိ လာတတ် ပါသည်။ ခရီး ကိစ္စတွေပေါ်လာတတ်ပါ တယ်။ ဝန်ထမ်းများနေရာသစ်မှာ တာဝန်စတင်ထမ်းဆောင်ရပါကလုပ်ဖော်ကိုင်ဖက် အချင်း ချင်း ခရီးဦးကြိုမပြုခြင်း၊ မိမိကို မနာလိုခြင်းများ ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ထင်သလောက် ငွေမဝင်ပေမဲ့ ဖြေးဖြေးမှန်မှန် နဲ့ ငွေဝင်လာမဲ့ကာလဖြစ်ပါတယ်။ကျန်းမာရေးက အသွားအလာအနေအထိုင်ဆင်ခြင်ရန် လိုအပ်ပါသည်။ အဆိပ်ရှိ သော သတ္တဝါ အကိုက် ခံရတတ်ခြင်း၊ အစာမှား ဆေးမှားဖြစ် တတ်ခြင်း၊ ထိခိုက် ဒဏ်ရာအနာ တရဖြစ်တတ် ခြင်းများ ကြုံ တွေ့နိုင်ပါသည်။ လေနှင့်ပတ်သတ်သောရောဂါများ လေဖြန်းခြင်း၊ လေဖြတ်ခြင်းစသော ရောဂါ များ ဖြစ်နိုင် သဖြင့်အထူးသတိထားသင့်ပါသည်။ အချစ်ရေးတွင်မိမိမျှော်လင့်သည့် အတိုင်း ဖြစ် မလာ တတ်ပါ။ လက်ရှိဖြစ်နေသော အခြေအနေကိုလက်ခံ၍ သူချစ်ကို သာရှာဖွေသင့်သော အနေအထားမျိုး ဖြစ်ရ တတ် သည်။ လယ်ယာ သုံးပစ္စည်းနှင့် လယ်ယာလုပ်ငန်းများ၊မြေတူးစက်နှင့်မြေတူးလုပ်ငန်းများ အကျိုးပေးပါသည်။ ယာဉ်ကားနှင့် စက် ကိရိယာပစ္စည်းများ လျှပ်စစ်ပစ္စည်းများရောင်းဝယ် ပြုပြင် ခြင်းလုပ်ငန်းများမှအမြတ်အစွန်း ရရှိနိုင်ပါသည်။ပိုးထည် ချည် ထည်၊ အထည် အလိပ် များနှင့်အနုပညာပစ္စည်းများလည်းအကျိုးပေးပါသည်

 အကျိုးပေးဂဏန်း ၄/၆/၉

အထူးဟော လိုချင်တဲ့ပညာတွေရရှိမယ်။

ယတြာ သံပုရာရည်ဘုရားကပ်ပါ။

#သောကြာ

ဒီကာလအတွင်း လူမှုရေးပြဿနာဖြစ်လျှင် ကြာနေတတ်သည်။ ကျန်းမာ ရေး အားနည်း လာ တတ်သည်။ မကြာ ခဏ ရောဂါဖြစ်ချင်သလိုဖြစ်နေတတ်သည်။ကံကောင်း တာက ဆေးကုသရာမှာ အဆင် ပြေလာတတ်သည်။ အနာနှင့် ဆေးတွေ့ပြီး သက်သာပျောက်ကင်းလာ တတ်ပါသည်။ ဥပဒေနှင့် မလွတ်ကင်းသော အလုပ်များ လုပ်မိပါကအန္တရာယ် များ တတ်သည်။ ဘာသာ ရေးနှင့် ပတ်သက်သောကိစ္စများ လုပ်ဖြစ်လာမည်။ အဓိဋ္ဌာန် ဝင်ခြင်း၊ တရား ကျင့်ခြင်း များပြုလုပ်ပါ က ထူးခြားသောအကျိုးကျေးဇူးများ ရရှိလာတတ်ပါသည်။ ဘာသာ ရေးကိစ္စ အတွက် ခရီးယာယီ သွား ရတတ်ပါသည်။ မာသောအစားအစာများရှောင်ပါ၊အစာမကြေဖြစ်တတ်သည်။ အိမ်ထောင် ရေး အချစ် ရေးတွင် စိတ်ကူး ယဉ်ဆန်သောအတွေးများကိုအကောင်အထည် ဖော်မိသော ကြောင့်အပြောင်းအလဲ များ၊ နစ်နာမှုများဖြစ်တတ်သည်။ မိမိ၏ ချစ်သူအပေါ် လွှမ်းမိုးလိုသောစိတ်ဓါတ်များရှိနေတတ်သည်။လုပ်ငန်းနဲ့ပတ်သက်ပြီး အကြံကောင်းတွေရလိမ့် မယ်။ မိမိဝန်ထမ်းတွေနဲ့ပတ်သက်ပြီး စိတ် ညစ်ရတာတွေ၊ဝန်ထမ်းကောင်းတွေထွက်လို့ ကမောက်ကမ ဖြစ်တဲ့ကိစ္စ တွေပြန်ပြေလည်မှုတွေရလာတတ်ပါတယ်။ ငွေကြေးအင်အားရှိသူတွေအတွက် လုပ်ငန်းပိုင်း ရင်းနှီးမြုပ်နှံခြင်း များဆောင်ရွက်နိုင်တာကိုတွေ့ရပါတယ်။ ဖြန့်ချီရေး နဲ့ ဆက်စပ်သောအလုပ်များ တိုးတတ်လာနိုင်ပါတယ်။ ထုတ်ကုန် လုပ်ငန်းများ အော်ဒါတွေအများကြီးရလာတတ်တာကို တွေ့ရပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး အကြံဥာဏ်ယူတာမျိုး၊ နည်းပညာရဲ့ အင်အားကိုယူပြီးလုပ်တာမျိုးတွေက အထူး ကောင်းကျိုးပေးပါတယ်။နယ်ခရီးသွားပြီး ဆောင်ရွက်ရမဲ့ အလုပ်မျိုးတွေက အခက်အခဲမရှိပြေလည်နိုင်တာကို တွေ့ရ ပါတယ်။အလိမ်ခံရသောငွေ၊ ချေးထားသောငွေများ ပြန်ရတတ် ပါသည်။ လက်အောက်ငယ်သား တပည့်များက ရန် ရှာ ခြင်း၊ အတိုက်အခံ လုပ်ခြင်း ခံရတတ်ပါသည်။

အကျိုးပေးဂဏန်း ၃/၅/၇

အထူးဟော ရန်အတိုက်အခိုက်များနှင့်ယှဉ်တွဲပြီးအောင်မြင်မှုရမယ်။

ယတြာ  လက်ဖက်သုပ်ဘုရားကပ်လှူပါ။

#စနေ

အဆင့်မြင့်ပညာများသင်ကြားခွင့် ရမည်။ထူချွန်တိုးတက်မည်။ ဆွေမျိုးများ ကြောင့် စိတ် အနှောင့်အယှက်ဖြစ် မည်။ အချစ်ရေးအထူးသတိထားဆက်ဆံပါ။ မိမိလုပ်ရပ်အမှားတစ်ခုခု ကြောင့် ချစ်သူနှင့်လမ်းခွဲရတတ် သည်။ငွေကြေး ကုန်ကျမှု များတတ်သည်။ မိမိနှင့်မိသားစုကျန်းမာရေးညံ့နေ တတ် သည်။ ကျန်းမာရေး ဂရုစိုက်နေရသဖြင့်ငွေကုန်ကျမှု များနေမည်။ လုပ်ငန်း များထိခိုက်နိုင်သည်။ ဆန့်ကျင်ဘက် အခြေ အနေ များတွင်မည်သူကိုရွေးချယ်ရမည်ကို အခက် တွေ့ နေတတ်ပါသည်။ အိမ်ထောင်ရှင်များ အိမ်ထောင် ဘက် ကြောင့် စိတ်ချမ်းသာမှု၊ဂုဏ်သတင်းကျော်ကြားမှုများရရှိ နေတတ်ပါသည်။ အထက်လူကြီး၊ဆရာသမားများနှင့် အဆင် ပြေ အောင်နေတတ်ဖို့လဲ လိုအပ်နေတဲ့ကာလပါပဲ။ သေချာတာကတော့ ငွေအထွက်များတယ်ဗျ။အိမ်မှာရှိတဲ့ ဇိမ်ခံပစ္စည်းတွေပျက်စီးလို့ ပြင်ဆင်ရတာမျိုးတွေ၊ အိမ်ဆေး သုတ်လို့ ၊အိမ်အတွင်းပိုင်းပြင်ဆင်လို့..ငွေကုန်တာမျိုးတွေကြုံရတတ်ပါတယ်။ အလုပ်တွေများနေပေမဲ့အရမ်း ပင်ပန်း တယ်လို့မခံစားရတာမျိုးတွေကြုံရတတ်ပါတယ်။ခရီးတွေသွားတာမျိုးတော့ မလိုအပ်ရင် မသွားပါနဲ့။ အထူး သဖြင့် အပျော်ခရီးတွေကို တတ်နိုင်သ၍ရှောင်ပြီးတော့လုပ်ကိုင်စေချင်ပါတယ်။မိန်းက‌လေးများ လူပြတ်သောနေရာ တွေကို တတ်နိုင်သလောက်ရှောင်ပါ။ လုယက်ခံရနိုင်တဲ့ကာလပါပဲ။ အမျိုးသားများ အသည်းနဲ့ပတ်သက်သောရောဂါ များ အထူးဂရုစိုက်ပါ။ တတ်နိုင်သ၍ အရက်ရှောင်လိုက်ပါ။ မိန်းကလေးများဓမ္မတာနဲ့ပတ်သက်သောရောဂါများကို  အထူးဂရု စိုက် ပေး ပါ။ပညာရေးကောင်းမွန်နေမည်။

အကျိုးပေးဂဏန်း ၁/၆/၈

အထူးဟော ကံအနည်းငယ်နိမ့်ပါးနေသည်။

 ယတြာ အရဟံဂုဏ်တော်ဖြင့် ပုတီးနိုင်သလောက်စိပ်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

                                                                                             ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

                                                                                                            0977 5555 695

                                                                                                            09 44 5555 695

Leave a Reply

Your email address will not be published. Required fields are marked *