loading

11.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 11.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လပြည့်၊တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ မေလ (၁၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္ဂနွေမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္ဂနွေ မြေခံတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာ ဘာလုပ်လုပ် အထူးသတိထားလုပ်ကိုင်သင့်သော အချိန်ကာလမျို;ဖြစ်တာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်း တွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာ ပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ကဆုန်ညောင်ရေသွန်းပွဲ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက်သုံးရန် အထူးကောင်းတဲ့ လဆန်းတီထိ(၁၄)လုံး ကျရောက်နေတာ ဖြစ် ပါတယ်။ ဒါကြောင့်ပဲဒီလိုနေ့ရက် မှာတော့ ရတနာပစ္စည်းများရောင်းဝယ်ခြင်းကိစ္စတွေအ ထူးကောင်းပါတယ်။ အတတ် ပညာများစတင်သင်ကြားခြင်း၊ သင်တန်းအပ်ပြီးစတင်သင်ကြားခြင်းများအထူး ကောင်းပါတယ်။ အလုပ်နဲ့ပတ်သက် သော ငွေကြေး အထောက်အပံ့ တွေကို လဲအထူးရရှိပါလိမ့်မယ်။ ဘာသာဆိုင်ရာ ကိစ္စများဆောင်ရွက်ရန်အထူး ကောင်းပါတယ်။

အမည်ဆိုင်းဘုတ်တင်ခြင်းတွေ၊အလုပ်ခန်းစတင်ဖွင့်ခြင်းတွေဒီနေ့မှာအထူးဆောင်ရွက်လို့ကောင်းပါတယ်။ မည်သည့်ပြဿနာတတ်တတ် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့အထူးကောင်းပါတယ်။ မနက် ၉နာရီကျော်ရင် မင်္ဂလာ အခါပေးခြင်များဆောင်ရွက်လို့ကောင်းပါတယ်။ ဆိုင်းဘုတ်တင်ခြင်း၊ဆံရိတ်ဆံသခြင်း၊အလှပြင်ခြင်း၊ စေ့စပ်ခြင်း၊  ကလေးထမင်းခွံခြင်း၊အမည်မှည့်ခြင်းတွေ၊အိမ်ပြောင်းတာတွေ အထူးကောင်းပါတယ်။ဒီနေ့မှာအခက်အခဲအကြပ် တွေ ကနေဖောက်ထွက်ခြင်းတွေ၊ အညံ့အဆိုးတွေကနေ လွတ်မြောက် အောက်ကြိုးစား ခြင်းများအထူးကောင်းပါတယ်။

သံသရာကလွတ်မြောက်ကြောင်းဖြစ်တဲ့  ဝိပဿနာပွားများခြင်းနှင့်  နိဗ္ဗာန်သို့ဦးတည်ပြီးလုပ်တဲ့ ကုလိုလ်ရေးများ ဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့ဟာဖြိုဖျက်ခြင်း၊ဖျက်စီးခြင်းတွေကို တွန်းအားပေးတဲ့နေ့ဖြစ်တာကြောင့် ဒီနေ့မှာအိုး အိမ်ဖြိုဖြတ်ခြင်းတွေ၊မြေနေရာရှင်းလင်းခြင်း၊သစ်ပင်ခုတ်လှဲခြင်းများ ဆောင်ရွက်နိုင်ပါတယ်။

ခွဲစိပ်ကုသရမဲ့ရောဂါတွေကို ဒီနေ့မှာခွဲစိပ်ကုသလို့အလွန်ပဲကောာင်းပါတယ်။ စနေဂြိုဟ်စိုးမိုးတဲ့နေ့ရက်ဖြစ်တာ ကြောာင့်အနုစိပ်အသေးစိပ်အလုပ်တွေ ခေါင်းစားပြီးဦးနှောက်သုံးပြီးဆောင်ရွက်ရမဲ့အလုပ်တွေ စတင်လို့အထူး သင့် လျော်ပါတယ်။

လှောင်ကုန်တွေ၊ရောင်းမထွက်ဘဲကြန့်ကြာနေတဲ့ပစ္စည်းတွေရှိရင် ရောင်းထွက်သွားပါလိမ့်မယ်။ အကြီးအကဲများ  အထက်လူကြီးများထံတွင် ဝင်ထွက်ညှိနှိုင်းတိုင်ပင်ခြင်းများ အထူးကောင်းပါတယ်။ နိုင်ငံရပ်ခြားကိစ္စများ နိုင်ငံခြား  သွားဖို့စီစဉ်ဆောင်ရွက်ခြင်းများအထူးကောင်းပါတယ်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ် များ အားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန် ပါသည်။

ဗျာတိပါတယုဂ် ကျရောက်နေသောကြောင့် “ဘေးဉပါဒ်” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် သင့်လျော်မှုမရှိပါ။

ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းတို့အတွက် အထူး ကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူရေးအလုပ်များနှင့် သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည်ဖြင့် သင့်လျော်မှုအရှိဆုံး ဖြစ်ပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၆း၀၉)နာရီမှမနက်(၇း၀၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ မိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေး သူများဟာ ဘဝအပြောင်းအလဲများကြတာကိုအထင်အရှားတွေ့ရမယ်။ ဘဝမှာ အနည်းငယ် အိမ်သုံးလုံးခန့်ပြောင်းနေ ရတတ်ပါတယ်။ သက်လတ်ပိုင်းအထူးကောင်းပြီးတော့ ရန်သူပြိုင်ဘက်ကြားကနေ စွန့်ဖောက်အောင်မြင်နိုင်ကြတာကို လဲအထင်အရှားတွေ့ရပါတယ်။ ပညာတစ်ခုခုကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတွေဖြစ်လာလိမ့်မယ်။ ဆင်ခြင်တုံတရားကောင်းပြီးတော့ စာဖတ်အားသာကောင်းမယ်ဆိုရင် သူတစ်ပါးကို အကြံပေးနိုင်တဲ့အထိ တော်သူတွေ ဖြစ်လာတတ်ပါတယ်။ငွေလွှဲလုပ်ငန်းများ၊ပင်လယ်ပျော်အလုပ်များ၊ရေထွက်ကုန်အလုပ်များ၊သင်ကြားရေးအလုပ်များ၊အနုပညာနယ်ပယ်တွေမျာ ခြေချအောင်မြင်နိုင်ကြတာကိုလဲတွေ့ရပါတယ်။ မိန်းကလေးရင်သွေးရှင်များအတွက် လင် ကောင်းသားကောင်းရလွယ်ပြီး မင်းကတော်စိုးကတော်ဖြစ်နိုင်တဲ့ကံလဲရှိနေပါသေးတယ်။

သွာတိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ အလည် အပတ်ခရီးထွက်ခြင်း၊ သူငယ်ချင်းများနှင့် ယာယီသဘာဝအတိုင်း လုပ်ဆောင်ရန် အဆင်သင့်ရှိသော ယာယီ၊ ရွေ့ပြောင်းနိုင်သော် အမြန်သဘာဝရှိသော နက္ခတ်တစ်လုံးဖြစ်သည်။

ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၅၁)နာရီမှ ည‌နေ(၆း၂၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ကြာသပတေး၊ စနေ သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အဝါရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး  အရဟံဂုဏ်တော် ကို ပုတီးတစ်ပတ်စိပ် သွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နို့ထမင်း ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *