ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လဆုတ်(၄)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ မေလ (၁၅) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၅)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၃)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၇)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ သမားဖြူ၊ အမြိတ္တစုတ်၊ ရက်ယုတ်မာ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၃)လုံးအနေဖြင့် အောင်မြင်ခြင်းကိုပေးတဲ့နေ့အဖြစ် ကျရောက်နေတာ ဖြစ်ပါတယ်။ အခက်အခဲတွေ၊ ဖိအားတွေကိုကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ တစ်ပါးသူကိုယုံကြည်ပြီး ခိုင်းရမဲ့အလုပ် တွေဆိုရင် ထိုကိစ္စကို မိမိလဲ တီးခေါက်မိအောင်သိထားသင့်တဲ့နေ့ရက်ပါပဲ၊ ကိုယ့်ဒူးကိုယ်ချွန်ကိုယ့်လမ်းကိုယ် ဖောက်သူမှန်သမျှ အထူးတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။
စစ်ရေးစစ်ရာနှင့်ပတ်သက်သောကိစ္စများ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ စစ်လက်နက်ပြုလုပ်ခြင်း၊ တပ်ဆင် ခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ မိမိလုပ်ငန်းအတွက် ၊မိမိကုန်ပစ္စည်းအတွက်စတင် ကြော်ငြာ လို့ အထူးကောင်းတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးရာကိစ္စမျာ အစပျိုးဆောင်ရွက်နိုင်ပါတယ်။ ချစ်ရသူဆီ ချစ်ခွင့်ပန်တာ၊ သူအတွက်အမှတ်တရလက်ဆောင်လေးတွေဝယ်ပေး ခြင်းဖြင့် ချစ်ခြင်းတွေခိုင်မြဲတတ်ပါတယ်။
မိမိအဖွဲ့အစည်းအတွက် ၊မိမိကုမ္ပဏီဝန်ထမ်းတွေအတွက် သင်တန်းပေးခြင်းများ၊consaltခေါ်ပြီးအကြံဉာဏ်များ တောင်းခံခြင်းများပြုလုပ်နိုင်ပါတယ်။ ကျန်းမာရေးနှင့်ပတ်သက်သောကိစ္စများ အထူးပဲဆောင်ရွက်နိုင်ပါတယ်။ ကျန်းမာရေးအတွက် ဆေးဝါးကုသခြင်းများ၊ဆေးစတင်မှီဝဲခြင်းကိစ္စများ အထူးဆောင်ရွက်နိုင်ပါတယ်။
ဒီနေ့ဟာ ဘာသာရေးဆိုင်ရာ အလှူအတန်းကိစ္စများ ဆောင်ရွက်လုပ်ကိုင်ပါ။ ပညာအတက်တို့ကို စတင်သင်ကြားရန် ရက်ကောင်း ဖြစ်သည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်းများ မပြုရပါ။ ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့ရတက်သည်။ ရှေးဟောင်းပစ္စည်းများ၊ လက်မှုလက်ရာပစ္စည်းများ အရောင်းအဝယ်ပြုက အထူးအကျိုးရှိမည်။ ဆိုင်းငံ့ရပ်တန့်ထား သော လုပ်ငန်းများ ပြန်လည်ဆောင်ရွက်က ပြီးမြောက်အောင်မြင်မည်။
ဂြဟဇာပွင့်ရာအရပ်သည် မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သော အရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော လုပ်ဆောင်မှုများ လုပ်ကိုင်ဆောင်ရွက်ရန် အထူးသင့်လျော်စေပါသည်။
သီဝယုဂ် ကျရောက်နေသောကြောင့် “မြင့်မြတ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ အားလုံး လုပ်ကိုင်ဆောင်ရွက်ရန် အထူးသင့်တော်စေပါသည်။
ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂ ဖြစ်ပါသည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၅း၅၃)နာရီမှမနက်(၆း၄၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ ကြာသပတေး အင်္ဂါပူးယှဉ်နေတာမို့ ပညာရှိစွာနဲ့ ဘဝကိုစွန့်စားထိုးဖောက်အောင်မြင်နိုင်ကြပါတယ်။ စွန့်စားရတဲ့ဇာတာမို့ ဝန်ထမ်းလခစားအလုပ်တွေ၊ ခိုင်းတာကို ဥာဏ်မပါဘဲလုပ်ရတဲ့အလုပ်တွေကိုအထူးရှောင်ပါ။ နိုင်ငံ ရပ်ခြားတိုင်းပြည်များထိ စွန့်စားအောင်မြင်နိုင်ကြသူတွေဖြစ်ပါတယ်။ မိဘတွေက ငွေကြေးတတ်နိုင်ရင် IS ကျောင်းတွေ ထားပြီး နိုင်ငံခြားပညာသင်ယူသင့်တဲ့ဇာတာပဲဖြစ်ပါတယ်။ ကြာသပတေး အင်္ဂါဂြိုဟ်တွေအားကောင်းမှုကြောင့် အိမ်ထောင်ရေးကံအဆိုးနည်းပြီး သာယာသောဘဝကိုတည်ဆောက်နိုင်ပါလိမ့်မယ်။ တစ်ခုသတိထားရမှာက ကိုယ် အတွေ့အကြုံမများခင် သူများတွေရဲ့အလုပ်တွေမှာ ရှယ်ယာမဝင်ပါနဲ့။ တတ်နိုင်သမျှ အပြောကောင်းသူတွေကို ဝေး ဝေးရှောင်ပါ။ အသက် ၅၃ကနေ အသက် ၅၈ အတွင်းအကြီးအကျယ် အလိမ်ခံရတတ်ပါတယ်။
ဤနက္ခတ်သည် ဘေး သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတ်တူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၃၉)နာရီမှ ညနေ(၃း၁၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅၊ ၇) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …သတ္ထာဒေဝ မနုဿာနံဂုဏ်တော်ကို(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မုန့်လုံးရေပေါ် ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း