loading

29.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 29.May.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆန်း(၃)ရက်၊ နေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ မေလ (၂၉) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၁)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၉)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  တနင်္လာမြေခံတဲ့နေ့ဖြစ်ပါတယ်။ တနင်္လာမြေခံ ဖြစ်တဲ့အတွက် ဒီနေ့မှာ လုပ်ကိုင် လိုက်သော လုပ်ငန်းများမှန်သမျှ အကျိုးအမြက်ကြီးကြီးမားမားရရှိကြွယ်ခြင်း၊ ချမ်းသာခြင်း၊ စည်းစိမ်ဉစ္စာ တိုးပွား ခြင်းများ အထူးပင်ရရှိစေနိုင်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးဆောင်ရွက် သင့်ပါတယ်။သမားညိုရက်နဲ့တိုက်ဆိုင်တာမို့အချိန်အခါရွေးပြီးလုပ်နိုင်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ သမားဖြူ၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။  

တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ဖြစ်သည်၊ ဒါကြောင့်ဒီနေ့မှာ အခက်အခဲတွေကောင်းစွာ ကျော်လွှားနိုင် ပါတယ်။ ဘာလုပ်လုပ်ရဲရဲရင် ဆိုင်ပြီးတော့ ရဲရဲရှေ့တိုးလုပ်ကိုင်မှအဆင် ပြေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ပတ်သက် ပြီးတော့လဲ သမားတော်ကောင်း တွေနဲ့ တွေ့ရကြုံရတတ်ပါတယ်။

အသင်းအဖွဲ့တွေမှာဝင်ရောက်တာမျိုးတွေအထူးကောင်းပါတယ်။ စာပေနှင့်စာနယ်ဇင်းလုပ်ငန်းများကိုလဲ ဦးစားပေး ဆောင် ရွက်သင့်ပါတယ်။ အောင်မြင်ခြင်းကိုပေးစွမ်းတဲ့တီထိဖြစ်တာကြောင့် အရာရာနောက်တွန့်နေတာမျိုးမလုပ် ဘဲရဲရဲရှေးတိုး ဆောင်ရွက်ပါ။

အရောင်းအဝယ်အလုပ်များ၊ကုန်သွယ်မှုလုပ်ငန်းများ အထူးကောင်းပါတယ်။ အထိုင်မဟုတ်ဘဲ လှုပ်ရှားနေရတဲ့ အငြိမ်မနေ ရတဲ့အလုပ်တွေပိုမိုတိုးတတ်မဲ့နေ့ရက်ပါပဲ။ ကုမ္ပဏီများ မိမိဝန်ထမ်းတွေကို စွမ်းရည်မြင့်အောင် သင်တန်းတွေပေးသင့်တဲ့ နေ့ရက်ပါပဲ။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၄း၅၈)နာရီမှမနက်(၅း၄၉)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

သူလယုဂ် ကျရောက်နေသောကြောင့် လှံဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ်များအတွက် လုံးဝသင့်လျော်မှုမရှိပါ။

တေထိလကရိုဏ်း ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် အထူးကောင်းမွန်ပါသည်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ အဒြနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ တော်ကြ ထက်မြက်ကြသူတွေဖြစ်ပါတယ်။ အများနဲ့မတူဘဲ စွမ်းဆောင်ရည်မြင့်မားကြပြီး အများသူငှာရဲ့အားကိုးခြင်းကိုခံရတတ်ပါတယ်။ အားနည်းချက်က ရင်းနှီးမြုပ်နှံမှု မှားယွင်းခြင်း၊အလိမ်ခံရခြင်း၊သား သမီးအကျိုးပေးအားနည်းခြင်းကံကိုဖြစ်စေပါတယ်။ ကြိုးစားသူဆိုရင်တော့ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင် နိုင်ကြတဲ့သူတွေဖြစ်တာကိုလဲတွေ့ရပါတယ်။ အသက် ၁၉၊၂၀လောက်နဲ့ငွေရှာနိုင်ကြသူတွေထဲမှာ ဒီဇာတာတွေပါတာ ကိုလဲတွေ့ရတယ်။ မိဘကတတ်နိုင်တယ်။ကိုယ်ကလဲ ဝါသနာပါတယ်ဆိုရင် ဘဏ်လုပ်ငန်း၊ဟော်တယ်လုပ်ငန်း၊ ဇိမ်ခံ ပစ္စည်းရောင်းဝယ်ရေးအလုပ်တွေနဲ့အထူးအကျိုးပေးကြတယ်။ငယ်သေးတယ်ဆိုရင် အချိန်မဖြုန်းနဲ့။ ငယ်တုန်းအချိန် က ကံအပေးဆုံးအချိန်ပါပဲ။ ငယ်တုန်း ပြင်းပြင်းထန်ထန်ကြိုးစားပါ။ သက်လတ်ပိုင််းဖြေးဖြေးမှန်မှန် ကြိုးစားသွားလဲရပါ တယ်။

အဒြနက္ခတ်သည် ရန်သူများနှင့်တိုက်ခိုက်ခြင်း၊ အဆိပ်၊ မီး၊ တစ္ဆေအမဲလိုက်ခြင်းများအတွက် သင့်လျော်သည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝရှိပြီး စစ်ပွဲတွင် အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားနတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း လုပ်ရပ်များနှင့် အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။ ခရီးသွားခြင်းနှင့် ဈေးဝယ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁း၄၁)နာရီမှ ညနေ(၃း၁၈)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဝါရောင် နှင့် ပန်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …’’ဥုံ ပု ဒိ အာ’’ ကို သက်စေ့ ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ အုန်းနို့ခေါက်ဆွဲ ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *