ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆန်း(၄)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ မေလ (၃၀) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
ဒီနေ့ဟာ တီထိအရတော့ ဖယ်ရှင်းခြင်းအတွက် သုံးရန်ကောင်းတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၄)လုံးအနေဖြင့် ရေတွင်းရေကန်တူးဖော်ခြင်း၊ ဆည်မြောင်းတာတမံတူးဖော်ခြင်းများလဲ ဒီနေ့မှာစတင်နိုင် ပါလိမ့် မယ်။ကျန်း မာရေးအတွက်အထူးကုသခြင်းတွေ၊ခွဲစိပ်ကုသခြင်းတွေကို ရဲရဲ လုပ်ဆောင်သင့်တဲ့နေ့မျိုးပါပဲ။ ဖျက်စီးခြင်း ကိစ္စတွေအထူးကောင်းပါတယ်။ အိမ်ဟောင်း ၊ဆိုင်ဟောင်းတွေကိုဖြိုဖျက်တာမျိုးတွေ၊ အလုပ်ဟောင်းကို ထွက်စာ တင်တာ မျိုးတွေ ၊ မိမိအိမ်ခြံနဲ့မလွတ်တဲ့ သစ်ပင်တွေကို ခုတ်လှဲတာမျိုးတွေအထူးကောင်းပါတယ်။
ပညာအတတ်များစတင်သင်ယူခြင်းတွေ၊ အသိပညာရရှိအောင်လေ့လာဆည်းပူးခြင်းတွေအထူးဆောင် ရွက်လို့ ကောင်းပါ တယ်။ရန်သူကိုဖမ်းဆီးခြင်းတွေ၊ ရန်သူ့စခန်းကိုသိမ်းပိုက်ခြင်းတွေလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။ မိမိဖြစ်ချင်တာကိုဖြစ်အောင်စွမ်းဆောင်ဖို့ မည်သည့်အတားအဆီးကိုမဆိုကျော်လွှားသွားသင့် တဲ့နေ့ရက်ပါပဲ။ ပြဿနာ တွေ၊ အထင်လွှဲအမြင်လွှဲဖြစ်နေတာတွေကိုလဲ တတ်နိုင်သမျှထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလို့ အထူးကောင်းပါတယ်။
မိမိစိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေကို ပိုးသတ်ခြင်းဖြန်းခြင်းတွေစတင်ဆောင်ရွက်လို့ကောင်းပါတယ်။ အင်းဆက် ပိုးမွှား တွေ ကိုအဆိပ်ချခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။ ဒီနေ့မှာ သံဝေဂရစရာမျိုးတွေအထူး ကြုံရတတ် ပါတယ်။ မိမိအမှားတွေကို ဆင်ခြင်သုံးသပ်ပြီးတော့ လမ်းမှန်ကိုရောက်အောင်စွမ်းဆောင်နိုင်မဲ့နေ့ရက် လဲဖြစ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၄း၅၄)နာရီမှမနက်(၅း၄၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။
ကဏ္ဍယုဂ် ကျရောက်နေသောကြောင့် အန္တရာယ်ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။
ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သော ယောဂအခြေအနေ ဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာ များတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအားလုံးအတွက် အတင့်တော်ဆုံး ဖြစ်ပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ပုဏ္ဏဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မေထုန်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အနုစိတ်လွန်းတဲ့ကိစ္စတွေ၊ အသေးစိတ်ကျတဲ့အလုပ်တွေတောင်လုပ်နိုင်စွမ်းရှိကြသူတွေဖြစ် ပါတယ်။ အလုပ်လုပ်တဲ့အခါ ငွေကို ဂရုစိုက်လေ့ရှိသူများမဟုတ်ဘူး။ ငွေကိုလဲ အလေးအနက်မထားဘူး။ကိုယ်လုပ် ချင်တာလုပ်နေရရင် ကျေနပ်နေကြသူမျိုးတွေဖြစ်လာလိမ့်မယ်။ အောက်လက်ငယ်သားအကျိုးမပေးတာမို့ လုပ်ငန်း ရှင်ဖြစ်လာရင် ဝန်ထမ်းတွေနဲ့အလုပ်ကိုလွှတ်ထားလို့မရပါဘူး။ ဒီဇာတာရှင်ဟာ ဘာသာစကားကံအားကောင်းပြီး တော့ တကယ်လေ့လာမယ်ဆိုရင် ဘာသာစကား ၂မျိုး၊၃မျိုးထိ တတ်မြောက်နိုင်တာကို အထင်အရှားတွေ့ရပါတယ်။ မိန်းကလေးဇာတာရှင်ဆို အသက် ၂၇အထိ အိမ်ထောင်မပြုစေချင်ပါဘူး။ ငယ်ရွယ်စဉ် အိမ်ထောင်ပြုရင်အိမ်ထောင် ရေးသယာဖို့ အလွန်ခဲယဉ်းပါတယ်။ မိန်းကလေးဇာတာရှင်ဆိုရင်တောင်မှ လုပ်ငန်းရှင်ဖြစ်ပြီး စီးပွားလုပ်ငန်းတစ်ခုကို ဦးဆောင်နိုင်တဲ့အရည်အသွေးပြည့်ဝကြသူတွေဖြစ်ပါတယ်။
ပုဏ္ဏဖုသျှ နက္ခတ်သည် မော်တော်ယာဉ်များ ဝယ်ယူခြင်းနှင့် ပြုပြင်ခြင်းအတွက် ကောင်းမွန်သည်။ ၎င်းသည် ယာယီ၊ မြန်ဆန်ပြီး ရွှေ့ပြောင်းနိုင်သော သဘာဝနက္ခတ်ဖြစ်သည်။ ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေ လုပ်ခြင်း၊ သူငယ်ချင်းများနှင့် လည်ပတ်ခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၅)နာရီမှ မွန်းလွဲ(၁၂း၀၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ၇ာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင် နှင့် အဖြူရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး နမောတေ အစချီသောဂါထာကို(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟမ်ဘာဂါ ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း