ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆန်း(၅)ရက်၊ စနေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ မေလ (၃၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ အမြိတ္တစုတ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကို ပေးတဲ့ လဆန်းတီထိ(၅)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၅)လုံး အနေဖြင့် အလှူအတန်းတွေကိုအသားပေးလုပ်ကိုင်လိုက်ပါ။ ဘာသာရေးကိစ္စများ၊ အလှူရေစက်ချခြင်းများ ဆောင် ရွက်နိုင်ပါတယ်။ ကျောင်း၊သိမ်၊စတင်ဆောက်လုပ်ခြင်းများ၊ အလှူအတွက်ရည်ရွယ် ပြီး ငွေကြေးစတင်စုဆောင်း ခြင်းများ လဲ ဆောင်ရွက်နိုင်ပါတယ်။
အရောင်းမြှင့်တင်ခြင်းများ၊ promotion ပြုလုပ်ခြင်းတွေအထူးကောင်းပါတယ်။ အလုပ်နဲ့ပက်သက်ပြီးတော့ လဲ တင်ပြစရာရှိတာတွေကို အထက်လူကြီးတွေကိုရဲရဲတင်ပြပါ။ အလုပ်အတွက်ဆုံးဖြတ်စရာတွေကို မတွေဝေဘဲ ဆုံးဖြတ်ချသင့်တဲ့နေ့ရက်မျိုးပါပဲ။
ပုတီးစိပ်တာ၊ဂါထာမန္တန်ရွတ်ဖတ်တာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။မိမိအဆောင်ပစ္စည်းတွေ ကိုသိဒ္ဓိ တင်ခြင်းများအထူးဆောင်ရွက်လို့ကောင်းပါတယ်။မုခ်ဦး၊ မဏ္ဍပ်၊စေတီ၊ဘုရားတည်၊ထီးတင်၊တံခွန်တိုင် စတာတွေပြု လုပ်ခြင်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
အလုပ်သစ်လျှောက်လွှာတင်ခြင်းများ၊အင်တာဗျူးဖြေဆိုခြင်းများလဲဒီနေ့မှာစတင်လို့ကောင်းပါတယ်။ ငွေကြေးကိစ္စ အ၀၀ကိုလဲ အလေးပေးဆောင်ရွက်လို့အထူးကောင်းတာကိုတွေ့ရပါတယ်။
ရှောင်သင့်တာတွေကတော့ ဒီလိုနေ့ရက်မျိုးမှာတော့ မည်သည့်အရပ်မျက်နှာမှခရီးသွားခြင်းတွေမပြုအပ် ပါဘူး။ ခရီးကိစ္စတွေမှာ မသွားဖူးသေးတဲ့ခရီး၊ မရောက်ဖူးသေးတဲ့ ဒေသတွေသွားရောက်ခြင်းတွေကိုအထူး ရှောင်သင့်ပါ တယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၄း၅၀))နာရီမှမနက်(၅း၄၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် အနောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ စတင်လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန် ပါသည်။
ဝုဒ္ဓိယုဂ် ကျရောက်နေသောကြောင့် ကြီးပွားခြင်းဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမွန်သော ကိစ္စရပ်များ အတွက် အထူးကောင်းမွန်ပါသည်။
ဗဗကရိုဏ်း ကျရောက်နေသောကြောင့် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအားတိုးတက်စေခြင်း၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ်စားပြုသည်။ ဤကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲခြင်း ကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အထွန်းဖွား၊ ဖုသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကရကဋ်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာအခက်အခဲတွေကို ရင်ဆိုင်နိုင်ကြသူတွေဖြစ်ပါတယ်။ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်း ဆောင်နိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ မိဘလက်ငုတ်အလုပ်တွေကို အမွေဆက်ခံလို့အလွန်ကောင်းတဲ့သူတွေလဲဖြစ်ကြ ပါတယ်။ အိမ်ထောင်ပြုတဲ့အခါ ဥာဏ်ကြီးတဲ့သူကိုရွေးယူနိုင်ဖို့အတွက် အချိန်ပေးပါ။ ဒီလိုဇာတာအများအပြားဟာ အိမ်ထောင်ဘက်က ဥာဏ်နုံနည်းကြတဲ့သူတွေဖြစ်တတ်ပါတယ်။ ငွေကြေးအသုံးအစွဲကျစ်လစ်ပေမဲ့ ရင်းနှီးမြုုပ်နှံမှု အပိုင်းတွေမှာ အားနည်းတာကြောင့် ကုန်လှောင်ခြင်း၊ရှယ်ယာဝင်တဲ့အလုပ်တွေမှာ အားနည်းကြတာများပါတယ်။ ငယ်ရွယ်စဉ်မှာ လောကဓံလှိုင်းတပိုးတွေကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရတတ်တာကိုလဲတွေ့ရမြင်ရပါတယ်။ ကျန်းမာရေးကြောင့် စိတ်မညစ်ရပေမဲ့ သွေးထွက်သံယိုနဲ့မတော်တဆ ထိခိုက်မှုတွေကိုတော့ ဘဝမှာကြုံလွယ်ပါတယ်။
ဖုသျှ နက္ခတ်သည် ကုသိုလ်ကောင်းမှုတိုင်းအတွက် ကောင်းမွန်သည်။ ပေါ့ပါးပြီး လျင်မြန်သော နက္ခတ်ဖြစ်ပြီး အားကစား၊ ဇိမ်ခံပစ္စည်းများ၊ စက်မှုလုပ်ငန်းစတင်ခြင်း၊ ကျွမ်းကျင်လုပ်သား၊ ဆေးကုံသခြင်း၊ ပညာရေးစတင်ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ ဝယ်ခြင်း၊ ရောင်းခြင်း၊ ဝိညာဉ်ရေးလှုပ်ရှားမှုများ၊ အလှဆင်ခြင်း၊ အနု ပညာ လက်ရာများ လေ့ကျင့်ခန်းနှင့် ချေးငွေပေးခြင်း သို့မဟုတ် လက်ခံခြင်းအတွက် သင့်လျော်သည်။
ဤနက္ခတ် သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၈း၄၇)နာရီမှ နံနက်(၁၀း၂၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အစိမ်းရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …နမောတဿဂါထာကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ မက်မွန်သီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း