ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆန်း(၁၀)ရက်၊ ကြာသပတေးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇွန်လ (၅) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၃)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင် အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍ ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။သမားညိုရက်နဲ့တိုက်ဆိုင်တာမို့ အချိန်အခါရွေးပြီး ဆောင်ရွက်ပါ။
ဒီနေ့ဟာ.. ရက်ရာဇာ၊သမားညိုကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ လဆန်းတီထိ၁၀လုံးဖြစ်ပြီးတော့ ပြည့်စုံခြင်းကိုဖော်ဆောင်ပေးတဲ့ ပုဏ္ဏတီထိကျ ရောက်တဲ့နေ့ ရက်ပါပဲ။ မိဘဘိုးဘွားတွေကိုရှစ်ခိုးကန်တော့တာ ပုတီးစိပ်၊ဂါထာမန္တန် ရွတ်ဖတ်ခြင်းများ၊အဓိဌာန်ဝင်ခြင်းများလဲ ဆောင် ရွက်လို့ အထူးကောင်းပါတယ်။ ကွယ်လွန် သွားတဲ့မိဘတွေကို ရည်စူးပြီးတော့ အမျှဝေခြင်းပြုသင့်တဲ့ နေ့ရက်ပါပဲ။
လုပ်ငန်းသစ်များ ၊စတင်လည်ပတ်ခြင်းများအထူးကောင်းပါတယ်။ အလုပ်သစ်ရှာခြင်း၊အင်တာဗျူးဖြေခြင်း များလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ လောကီနဲ့ပတ်သက်သော အဆောင်ယတြာများ စီရင်ပြုလုပ်ခြင် များလဲဒီနေ့မှာ ဆောင်ရွက်လို့အောင်မြင်တတ်ပါတယ်။တစ်ဦးတစ်ယောက်စီမှာငွေကြေးချေးငှားခြင်းများလဲ ဆောင်ရွက် လို့အဆင်ပြေပါလိမ့်မယ်။
ဒီနေ့ဟာ ဘာသာရေးဆိုင်ရာ မြင့်မြတ်သောကိစ္စများ ဆောင်ရွက်ရန်မသင့်ပါ။ စတင်ဆောင်ရွက်သော ကိစ္စမှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်တတ်သည်။ ကုန်သွယ်ခြင်း၊ ပစ္စည်းဝယ်ယူမြှုပ်နှံခြင်းများ မပြုရပါ။ ဆုံးရှုံးမည်။ ငွေကြေးလက် ပြောင်း၊ လက်လွှဲကိစ္စမှန်သမျှ ဆောင်ရွက်ပါ။ အရေးပါသောစာရွက်စာတမ်းများကို စနစ်တကျထိန်းသိမ်းပါ။ ပျောက် ရှတတ် သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၄း၃၀)နာရီမှမနက်(၅း၂၂)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ အဓိပတိဖွား၊ ဟဿတ နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ငွေကြေးကံအားကောင်းကြပြီး ငယ်ရွယ်စဉ်ကတည်းက စည်းစိမ်းအပြည့်နဲ့နေရတတ်ပါတယ်။ သူ့အတွက်လို အပ်လာရင် ဖြည့်ဆည်းပေးမဲ့သူတွေပေါ်လာတတ်ပါတယ်။ ကံကောင်းတာက ရည်မှန်းချက်ရည်ရွယ်ချက်ဖြောင့်တန်းပြီး အောင်မြင်မှုလမ်းကြောင်းပေါ် လွယ်လင့်တကူရောက်ရှိတတ်ပါတယ်။ သားသမီးကံအားနည်းချက်ရှိပြီးတော့ မိမိဇာတာ နဲ့ ကိုက်ညီတဲ့သားသမီးမျိုးရမှသာ အဆင်ပြေမယ်။ နို့မို့ဆို သားဆိုးသမီးဆိုးဒဏ်ကို ခံရတတ်ပါတယ်။ ကိုယ်မပါဘဲရင်း နှီးမြုပ်နှံမှုတွေကို လုပ်မယ်ဆိုရင် သတိထားပါ။ သူများဆီမှာရှယ်ယာထည့်ဝင်တာတွေကို အရမ်းကာရောမလုပ်မိပါစေ နဲ့။ နာမည်ကို ကြာသပတေးအစ ဗုဒ္ဓဟူးအပိတ်နာမည်မျိုးလဲ လုံးဝမမှည့်မိပါစေနဲ့။
ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေးဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သော အရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ စတင်လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန် ပါသည်။
သိဒ္ဓိ(အသရိကာ)ယုဂ်သည် ဟု အဓိပ္ပာယ်ရသည်။ ကောင်းသောကိစ္စများအတွက် ကောင်းသည်။ တေထိလကရိုဏ်း သည် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများအတွက် ကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ၁း၃၈နာရီမှညနေ၃း၁၇နာရီအတွင်း ကျရောက်နေပါ တယ်။ဒီ အချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ကြာသပတေး၊တနင်္လာ၊အင်္ဂါသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ဗုဒ္ဓဟူးသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ရာဟု၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အဝါရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ ( ၂၊၃ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. ပရိတ်ကြီး ၁၁သုတ်ထဲကပုဗ္ဗဏှသုတ် (၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ရှမ်းခေါက်ဆွဲဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း