ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆုတ်(၁)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၈)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၆)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၄)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ.. သမားညိုကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ နေ့လယ် ၂နာရီထိက လပြည့်တီထိပဲရှိသေးပြီးတော့ ဒီလိုနေ့တွေမှာ ဆံသခြင်း၊ ခေါင်းလျှော် ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းများ အထူးဆောင်ရွက်နိုင် ပါတယ်။ပညာပေးဝေခြင်း၊သင်တန်းဖွင့်ခြင်း၊ တပည့်မွေး ခြင်းများ ဆောင်ရွက်လို့သင့်ပါတယ်။ ပညာသင်ယူခြင်း၊ စာမေးပွဲဖြေ ခြင်း၊ အင်တာဗျူး ဖြေခြင်းများလဲ အထူးကောင်း ပါတယ်။
မိမိစိုက်ပျိုးထားတဲ့ သစ်ပင်ပန်းမန်တွေကို ဓာတ်မြေသြဇာကျွေးခြင်း၊ အာဟာရကျွေးခြင်းများလဲ ဆောင်ရွက်နိုင်ပါ တယ်။ရွှေငွေကျောက်သံပတ္တမြား တူးဖော်ခြင်း၊ရေနံတူးဖော်ခြင်းများ၊ ဆည်းမြောင်းတာတမံ တူးဖော်ခြင်းများစတင် ဆောာင်ရွက်လို့အထူးကောင်းပါတယ်။ တရားထိုင်ခြင်း၊ပုတီးစိပ်ခြင်း၊သမထဘာဝနာပွားများခြင်းများလဲစတင် ဆောင် ရွက်နိုင်ပါတယ်။ အလုံးစုံသော အခက်အခဲများကို ဖြေရှင်းနိုင်သည်။ အနုပညာလုပ်ငန်းများ စတင်ဆောင်ရွက်လို့ မကောင်းသေးပါဘူး။ဆိုင်းဘုတ်တင်ခြင်း၊ မိမိကုန်ပစ္စည်းအား မီဒီယာ ကနေစတင်ကြေငြာခြင်း၊ online ကနေ စတင်ကြေငြာခြင်းများလဲ ဆောင်ရွက်လို့မကောင်းသေးပါဘူး၊ဒီနေ့ဟာ မျက်မြင်မဟုတ်သော ကုန်ပစ္စည်းများ ဝယ်ယူ ရန် မသင့်ပါ။ ကြိုတင်စရံပေးခြင်း၊ ငွေပေးခြင်းများ မပြုရပါ။ ရေရှည် စီမံကိန်းဆွဲပြီး လုပ်ရသော လုပ်ငန်းများ ဆောင် ရွက်ရန်မသင့်ပါ။ နံနက်(၇း၃၀)နာရီမှ (၉း၀၀)နာရီအတွင်း ကြိုတင်တွက်ဆ ထားသော ပြဿနာများ ဖြေရှင်းရလိမ့်မည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၄း၀၇)နာရီမှမနက်(၄း၅၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဇေဌနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဗြိစ္ဆာစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီ နေ့မွေးသူတွေဟာ မိသားစုကိုပေးဆပ်ကြသူတွေဖြစ်ပါတယ်။ မိဘတွေအိုမင်းမစွမ်းဖြစ်လာလို့ အခြားမောင်နှမတွေက ငြိုငြင်လာပြီဆိုရင် ဒီဇာတာရှင်အနေနဲ့ မိဘကို သက်ဆုံးတိုင်စောင့်ရှောက်ကြသူတွေဖြစ်ပါတယ်။ကျန်းမာရေးကတော့ ငယ်ရွယ်စဉ်နဲ့ အသက် ၅၈နောက်ပိုင်း အနည်းငယ်ညံ့တတ်ပါတယ်။ သက်လတ်ပိုင်းမှာတော့ ထူးခြားတဲ့အောင်မြင်မှု တွေကိုရနိုင်ပါတယ်။ ပညာကိုတတ်အောင်သင်ပါ။ ကြားမြင်ဗဟုသုတများအောင်လုပ်ပါ။ ပိုက်ဆံကို အရင်းအနှီးလိုချိန် မှာသာ ချေးငှားပါ။စကားတွေကို မလိုအပ်ဘဲ အပိုမပြောမိပါစေနဲ့။ Sale & Marketing ကို ငယ်ငယ်ကတည်းက လေ့ လာပါ။ ဒါကတော့ဒီနေ့မွေးတဲ့ ရင်သွေးငယ်ကို အကြံပေးချင်တဲ့အချက်ပါပဲ။ အထက်ပါအချက်တွေကိုလိုက်နာရင် မရ ဏဖွားဆိုပြီး အဆိုးဖြစ်မယ်ဆိုတာကို ပူဖို့ မလိုတော့ပါဘူး။
ဇေဌ နက္ခတ်သည် ကြောက်မက်ဖွယ်ကောင်းသော သဘာဝကြယ်ဖြစ်ပြီး စစ်ပွဲအောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြား နတ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်း၊ အထက်အရာရှိများနှင့် မဟာမိတ်ဖွဲ့ခြင်း၊ ရန်ဖြစ်ခြင်း၊ ငြင်းခုံခြင်း စသည်တို့အတွက် သင့်လျော်သည်။ ကောင်းသောကိစ္စများအတွက် မသင့်တော်ပါ။ ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့်) ဝယ်ယူ ခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတ်တူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
သွာချယုဂ်သည် ကောင်းမြတ်သော (သို့) ကုသိုလ်ကောင်းမှု ဟု အဓိပ္ပာယ်ရပါသည်။ ကောင်းသော ကိစ္စရပ်များ အားလုံး အတွက် ကောင်းမွန်သည်။ဗဗကရိုဏ်းသည် ဂါထာ၊ တိုက်ခိုက်မှု၊ ကျန်းမာရေးနှင့် စွမ်းအား တိုးတက်စေခြင်း၊ လိင်ပိုင်း ဆိုင်ရာ သို့မဟုတ် ဖန်တီးမှုစွမ်းအင်ကို ကိုယ့်စားပြုသည်။ ဤ ကရိုဏ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် မျိုးစေ့ကြဲ ခြင်းကဲ့သို့သော ရွေ့လျားမှုဆိုင်ရာ ကောင်းသော ကိစ္စရပ်များ အားလုံးအတွက် ကောင်းမွန်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့နေ့လယ် ၁၁း၅၉နာရီမှမွန်းလွဲ ၁း၃၉နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ် ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ကြာသပတေး၊သောကြာသားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ရာဟု၊စနေသားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အနီရောင် နှင့် နို့နှစ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁ ၊၅ ) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….ဥုံ ပုဒိအာ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဟမ်ဘာဂါဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း