loading

15.Jun.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 15.Jun.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆုတ်(၅)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင် ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  သောကြာမြေခံတဲ့နေ့ဖြစ်ပါတယ်။ သောကြာမြေခံအရ ဥစ္စာပစ္စည်းရရှိခြင်း၊ချစ်သူ၊ မိတ်ဆွေ ပေါများခြင်းအကျိုးကိုရရှိစေသောကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေစတင်ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ ရပါ တယ်။

ဒီနေ့ဟာ.. သိကြားပြည်ပြဿဒါးကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရှောင်သင့်တာတွေကတော့ သိကြားပြည်ပြဿဒါးဖြစ်တာကြောင့်  လောကုတ္တရာ မင်္ဂလာနဲ့ပက်သက်သော ရှင်ပြုခြင်း၊ နားသခြင်း၊ ပဉ္ဇှင်းခံခြင်း၊ ဘုရားထီးတင်ခြင်း၊ စတဲ့ကိစ္စတွေတတ်နိုင်သလောက်  ရှောင်သင့်ပါတယ်။ စာရွက်စာတမ်း လက်မှတ်ထိုးခြင်းများ၊ ကတိကဝတ်ပြုခြင်းများတွင်အမှားအယွင်းတွေရှိတတ်ပါတယ်။ ဘယ်သူပဲ ကျန်းမာရေးအညံ့ ကြုံပါက နာတာရှည်ဖြစ်သွားတတ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ လဆုတ်တီထိ ၄လုံးဖြစ်ပြီးတော့ ရိတ္တာတီထိ ကျရောက်နေပါတယ်။ ဒီနေ့ဟာ စတင်သောကိစ္စ မှန်သမျှ တစ်ပိုင်းတစ်စ ဖြစ်နေမည်။ ဒီနေ့နံနက်(၈း၂၄)မှ (၁၀း၄၈)နာရီကြား အလုပ်ကိစ္စ များ ဆောင်ရွက်အောင် မြင်နိုင်ပါသည်။ဉာဏ်ပညာ၊ အသိပညာ၊ ပျော်ရွှင်မှုများနှင့် သက်ဆိုင်သည်။ သန့်စင်ထားသော အလုပ်အမျိုးအစားများ၊ ဈေးဝယ်ခြင်း၊ ရောင်းချခြင်း၊ စီးပွားရေးယုတ္တိဗေဒစီမံကိန်းအသစ်များစတင်ခြင်း၊ သူငယ်ချင်း များနှင့်တွေ့ဆုံခြင်း၊ အသိပညာရရှိခြင်း၊ အိမ်ထောင်ပြုခြင်းဆေးဝါးများပြင်ဆင်ခြင်း၊ ထုတ်ဝေခြင်းနှင့် ပုံနှိပ်ခြင်း၊ မီဒီ ယာလုပ်ငန်းနှင့် သတင်းထုတ်ပြန်ခြင်းများဆောင်ရွက်နိုင်ပါတယ်။လောင်းကစား မလုပ်ပါနှင့်။

ကုသိုလ်ကောင်းမှုမပြုနိုင်ပေ။ ရန်သူများကို ဖျက်ဆီးခြင်း နှင့် အကြမ်းဖက်မှုများအတွက် သင့်လျော် သည်။ အရေးကြီး သောလုပ်ငန်းများအတွက် ကံမကောင်းနိုင်သော နေ့ဖြစ်၏။ ငြင်းခုန်ခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ကိုယ် ကာယ လေ့ကျင့်ခန်း လုပ်ခြင်း၊ သေနတ်ပစ်ခြင်းစသည်တို့အတွက် ကောင်းမွန်သည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၃း၅၁)နာရီမှမနက်(၄း၄၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊သရဝဏ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ဘဝမှာ အပြောင်းအလဲတွေ၊ အချို့ အကွေ့တွေ အလွန်များပါတယ်။အခက်အခဲတွေကို ရင်ဆိုင်နိုင် စွမ်းလဲ မြင့်မားကြပါတယ်။ အားနည်းချက်က သူများ အကြံပေးတာကိုလက်မခံကြသူတွေပါပဲ။ ဒါကြောင့်ကိုယ်တိုင်က ပညာရှိအောင်လုပ်ဖို့အထူးလိုအပ်ပါတယ်။ငွေကံ အားကောင်းနေပြီး သက်လတ်ပိုင်းမှာ ငွေရှာကောင်းမဲ့ဇာတာပါပဲ။ မွေးစကနေ အသက် ၆နှစ်အတွင်း မိဘတွေက မိမိကံနဲ့ဆက်စပ်ပြီး ထီဆုကြီးတွေပေါက်တတ်တာကိုလဲတွေ့ရ တတ် ပါတယ်။ ကံကောင်းတဲ့အချက်က အိမ်ထောင် ရေး သင့်တင့်တဲ့ဇာတာမို့ တော်ရုံအိမ်ထောင်ရေးကံညံ့နေတာမျိုးတော့ မဟုတ်ပါဘူး။ ပညာကိုအခြေခံပြီးတော့  ပညာအရင်းပြုတဲ့အလုပ်တွေကိုလုပ်မှသာ အဆင်ပြေပါလိမ့်မယ်။ နာမည်ကို တနင်္ဂနွေအပိတ်နာမည်နဲ့ ဗုဒ္ဓဟူး အပိတ် နာမည်တွေကို လုံးဝမမှည့်မိဖို့လိုပါတယ်။

သရဝဏ် နက္ခတ်သည် ယာယီ၊ အမြန်နှင့် ရွှေ့ပြောင်းနိုင်သော ကြယ်ဖြစ်ပြီး ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ လည်ပတ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ခြင်း နှင့် ယာယီသဘောသဘာဝ တစ်ခုခုကို လုပ်ဆောင်ခြင်း အတွက် အဆင်ပြေသည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဣန္ဒယုဂ်သည် သိကြားမင်း(အကြီးအကဲ)ဟု အဓိပ္ပါယ်ရသည်။ ကုသိုလ်ကောင်းမှုအားလုံးအတွက် ကောင်းမွန်သည်။ ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ဝိညာဏ၊ ဗြာဟ္မဏ၊ မွန်မြတ်သော အကျင့်၊ဝိညာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် ကောင်းမွန်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ စတင်လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန် ပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ညနေ ၅း၀၀နာရီမှ ညနေ ၆း၄၀ နာရီအတွင်း ကျရောက်နေပါ တယ်။ ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊တနင်္လာ၊ကြာသပတေးသားသမီးများပဲဖြစ်ပါတယ်။      

ကံညံ့သော နေ့သားများကတော့ အင်္ဂါသားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ရာဟု၊သောကြာ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ပန်းရောင် နှင့် နက်ပြာရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၅ ၊၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …အရဟံဇိနော(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ သင်္ဘောသီးမှည့်ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *