ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆုတ်(၇)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ အင်္ဂါမြေခံတဲ့နေ့ဖြစ်ပါတယ်။ အင်္ဂါမြေခံအရ ကျန်းမာရေးနှင့်ပတ်သက်၍ အထူး ထိခိုက်နိုင်တဲ့ နေ့ရက်ဖြစ်တာကြောင့် ခိုင်ခန့်တဲ့အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက် အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူးရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ အမြိတ္တစုတ် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၆)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၆)လုံး အနေဖြင့် ကျော်ကြားမှုကိုပေးစွမ်းသော တီထိဟု သက်မှတ်ပြီး အိုးအိမ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ မြေနှင့်ပတ် သက် သော လုပ်ငန်းများ၊ လူမှုရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်ကြော်ငြာများ၊ ကုန်သွယ်ခြင်း၊ အရောင်း အဝယ်၊ အနုပညာ၊ ပန်းချီ၊ ပန်းပု လုပ်ငန်းများ စစ်ရေးနှင့်ပတ်သက်သည်များ၊ ကျောက်မျက်ရတနာ၊ အဝတ်အစား ဒီဇိုင်း၊ ဆီနှင့်နှိပ်နယ်ခြင်း၊ အလှူဒါနပြုလုပ်ခြင်းနှင့် ရေနှင့်ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ပါသည်။ တီထိ(၆)လုံး ရက်တွင် နန်းတက် ဘိသိပ်ခံခြင်း၊ အစိုးရများ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ မိတ်ဆွေသစ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်းသဘင်များ အတွက် သင့်တော်ပါသည်။ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ကိုယ်စားပြုသော နန္ဒာ တီထိဖြစ်သဖြင့် အဝတ်အစား၊ အက၊ အခုန်၊ သီချင်း၊ အနုပညာ၊ ပန်းချီ၊ ပန်းပု၊ ဉယျာဉ်၊ အိုးအိမ်နှင့် ပတ်သက်သော လုပ်ငန်းများ၊ အလှအပနှင့် အဝတ်တန်ဆာ ဆင်ယင်ခြင်း လုပ်ငန်းများ၊ ပျော်ရွှင်ခြင်းနှင့် ပတ်သက်သောလုပ်ငန်းများ အထူးကောင်းပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဝီသကုမ္ဘာယုဂ် ကျရောက်နေသောကြောင့် “အဆိပ်အိုး” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ် များ လုပ်ကိုင်ဆောင်ရွက်ရန် သင့်တော်မှုမရှိပါ။
ဝဏိဇကရိုဏ်း ကျရောက်နေသောကြောင့် မြတ်သောယောဂ ဖြစ်သည်။ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလာခြင်းနှင့် လုပ်ငန်းကိစ္စရပ်များအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သော အသိပညာရှိပြီး အရောင်းအဝယ်ကိစ္စရပ်များအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၃း၄၃)နာရီမှမနက်(၄း၃၅)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ သတ္တဘိသျှနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကုမ်စန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ တော်တဲ့ ထက်မြက်တဲ့သူနဲ့..ပျင်းတဲ့သူ၊အရွဲ့တိုက်တဲ့သူ..ပေါ့ပေါ့နေသူ စသည်ဖြင့် နှစ်မျိုးတွေ့ရပါ တယ်။ ကောင်းသောအချိန်တွေမျာ မွေးဖွားကြတယ်ဆိုရင် ထိပ်တန်းရောက်အောင်မြင်ကြသူတွေဖြစ်ပါတယ်။ ငွေကြေး နဲ့ပတ် သက်ပြီးတော့ ကောင်းသောကံတွေဖြစ်ပေါ်လာနိုင်တဲ့ဇာတာမို့ ဘဝမှာ ထီကံတွေ၊ကံစမ်းမဲကံတွေ အလွန်ကောင်း တာကို တွေ့ရပါတယ်။ကျန်းမာရေးအတွက် ကောင်းသောကံတွေရှိတာမို့ အသက်အန္တရာယ်ဘယ်လိုပဲကြုံကြုံ သေကံ မရောက် သက်မပျောက်တဲ့ဇာတာမျိုးဖြစ်ပါတယ်။ သက်လတ်ပိုင်းကနေစပြီး ထင်ရှားအောင်မြင်လွယ်တဲ့ ဇာတာဖြစ် တာမို့ နာမည် တစ်လုံးနဲ့အောင်မြင်နိုင်ကြသူတွေဖြစ်ကြပါတယ်။ကပ်စေးနည်းခြင်း၊ပစိပစပ်များခြင်း၊ အပြစ်မြင်လွယ် ခြင်း၊ခံစားချက်ကို ထိန်းချုပ်ရန်ခက်ခဲခြင်း ဒီအချက်တွေကို ကောင်းစွာထိန်းချုပ်နိုင်ရင် ဘဝမှာပိုမိုအောင်မြင်နိုင်ပါတယ်
သတ္တဘိသျှ နက္ခတ်ဖြစ်တာမို့ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း နှင့် ယာယီသဘောသဘာဝအရ မည်သည့်အရာအတွက်မဆို ယာယီ၊ လျင်မြန်စွာ ရွှေ့ပြောင်းနိုင်သော နက္ခတ်ဖြစ်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၂၃)နာရီမှ ညနေ(၅း၀၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …သိကြားမင်းသက်စောင့်ဂါထာ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လိမ္မော်သီး ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင် ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း