ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ နယုန်လဆုတ်(၁၃)ရက်၊ တနင်္လာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၄း၃၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၅)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
ဒီနေ့ဟာတီထိမြေခံအရ စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ကန်း၊ လူ့ပြည်ပြဿဒါး ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။ တီထိ(၁၃) လုံး အနေဖြင့် ဒီလိုနေ့ရက်တွေမှာအောင်မြေနင်းခြင်း၊စစ်တိုက်ထွက်ခြင်း၊ ရန်သူအားခြေမှုန်းခြင်းအထူးဆောင်ရွက်လို့ ကောင်းပါ တယ်။မိမိအိမ်၊မိမိရုံးခန်းတွေကိုဆေးသုတ်ခြင်း၊မိမိအိမ်ထောင်ပရိဘောဂတွေကို ပေါလစ်တင်ခြင်းများ ဆောင် ရွက် သင့်ပါ တယ်။ စစ်ရေးနှင့်ပသက်သောအလုပ်များ၊ မင်းအစိုးရနှင့်ပတ်သက်သောအလုပ်များ အထူး ဆောင် ရွက် လို့ ကောင်းပါလိမ့်မယ်။ ကုန်သွယ်အလုပ်များ၊နိုင်ငံခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများ အဆင်ပြေအောင် မြင် တတ်ပါ တယ်။ မိမိလုပ်ငန်း၊မိမိကုန်ပစ္စည်းများကို စတင်ကြော်ငြာခြင်း၊မိတ်ဆက်ခြင်းများအထူးကောင်းပါတယ်။
ခရီးနဲ့ပတ်သက်သောကိစ္စအ၀၀ကို ဆောင်ရွက်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ အပျော်ခရီးပဲဖြစ်ဖြစ်၊ ဘုရားဖူး ခရီးပဲဖြစ်ဖြစ်၊ အလုပ်နဲ့ပတ်သက်သောခရီးပဲဖြစ်ဖြစ် ခရီးနဲ့ပတ်သက်ရင် အဆင်ပြေချောမွေ့ပါလိမ့်မယ်။
အင်္ဂါဂြိုဟ်ပိုင်စိုးတဲ့နေ့ရက်ဖြစ်တာကြောင့် စူးစမ်းခြင်း၊စမ်းသပ်တီထွင်ခြင်းစစ်လက်နက်တီထွင်ခြင်းများ အထူးပဲ ဆောင်ရွက်လို့အဆင်ပြေတတ်ပါတယ်။ အရာရာကို သိပ်မတွေဝေဘဲ ချက်ချင်းထလုပ်တာမျိုး ဒီနေ့မှာဆောင်ရွက် စေချင်ပါတယ်။
ဒီနေ့ဟာ ဆေးဖေါ်ခြင်း၊ သမားပြသ ခြင်းများ အတွက် အထူးကောင်းသည်။ ဆေးဝါးစတင်ကုသရန် ရက်ကောင်းဖြစ်သည်။ မင်္ဂလာယူပြီး ဆောင်ရွက်ရမည့် ကိစ္စမှန်သမျှ (၁၂း၀၀)နာရီမတိုင်ခင်ဆောင်ရွက်ပါ။ ညနေ(၃း၃၆)နာရီမှ (၆း၀၀)နာရီကြား ပြဿနာများ ဖြစ်ပေါ်လာပါက ပေါ့ပေါ့တန်တန် သဘောမထားရ။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဓိတိယုဂ် ကျရောက်နေသောကြောင့် တည်ငြိမ်ခြင်းဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော လုပ်ငန်းကိစ္စ ရပ်များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းတို့အတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူခြင်းအလုပ်များနှင့် သို့မဟုတ် အိမ်များ၊ အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် သင့်လျော်မှု အရှိဆုံး ဖြစ်နေပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၃း၂၀)နာရီမှမနက်(၄း၁၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ပုတိဖွား၊ ကြတ္တိကာနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ပြိဿစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ နောက်ခံအင်အားကောင်းကြပါတယ်။ မထင်မှတ်ထားသော အပြောင်းအလဲတွေလဲကြုံကြရသူ တွေဖြစ်ပါတယ်။ အသက် ၂၄ကနေ အသက်၄၀ကြားမကြိုးစားခဲ့ဘူးဆိုရင် ထိုအသက်နောက်ပိုင်းကံနိမ့်ပါးမှုတွေရင် ဆိုင်ရတတ်ပါတယ်။ စိတ်ညစ်ဒဏ်မခံနိုင်ဘူး၊ငွေဒဏ်မခံနိုင်ဘူး၊ အပေါင်းအသင်းမက်တဲ့စိတ်ကို မဖျောက်နိုင်ဘူးဆို ရင်ဘဝမှာ ဒုက္ခများရတတ်ပါတယ်။ နာမည်ကိုလဲ တနင်္လာအစ စနေအပိတ်နဲ့သာမှည့်မိတယ်ဆိုရင်တော့ ဘဝတစ် လျှောက် လုံး နလန်ထူဖို့တောင် ခက်ခဲသွားနိုင်ပါတယ်။ အရက်စွဲတတ်တဲ့ဇာတာမို့ လုံးဝ အရက်ဘီယာကို မြည်း စမ်းသောက်ကြည့်တာမျိုးကအစ လုံးဝအားမပေးပါဘူး။အစာအိမ်အားနည်းချက်ရှိတာမို့ အစားမဆင်ခြင်ရင် တစ်သက်လုံး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်ပါတယ်။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ်သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်းခြင်း၊မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၀၇း၁၂)နာရီမှ နံနက်(၀၈း၅၁)နာရီအတွင်း ကျရောက် နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါ တယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ အင်္ဂါ၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် ကြေးနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၁၊ ၂) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး သုဂတောဂုဏ်တော်(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ နှမ်းယို ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလို အင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း