loading

11.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 11.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆုတ်(၂)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ကျား မြေခံဖြစ်၍ ပျက်စီးခြင်းကို ပေးတဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် အထူးရှောင်ကျဉ်သင့်တဲ့ နေ့ရက်ဖြစ်ပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ်ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ  ရက်ပုတ်၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ရက်ပုပ်ကျတဲ့ ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စတွေက လိုရင်းမရောက်ဘဲ မပြီးမသတ်ဖြစ် ရတတ်ပါ တယ်။  ရန်ဖြစ်လိုက်ပြီးဆိုရင်လဲကြီးမားတဲ့ အမှုအခင်းထိဖြစ်သွားနိုင်ပါတယ်။ ရန်ရှောင်သင့်တဲ့နေ့ပါပဲ။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပျော်ရွှင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၁)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။  

တီထိ(၁)လုံးသည့်အတွက် မြင့်တက်ခြင်းကို ပေးသော တီထိ ဖြစ်ကာ အိမ်ထောင်ပရိဘောဂများဖြစ်တဲ့ ခန်းဝင် ပစ္စည်းများ ၊ဧည့်ခန်းပစ္စည်းများ၊ စားပွဲကုလားထိုင်များ ဝယ်ယူလို့ အထူး ကောင်းနေတတ်ပါတယ်။ဆေးဖော်ခြင်း၊ ဆေး ဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများ ဒီနေ့မှာဆောင်ရွက်လို့ အဆင်ပြေ အောင်မြင်တတ်ပါ တယ်။ လယ်ယာ စိုက်ပျိုးခြင်းများစတင်ဆောင်ရွက်နိုင်တဲ့နေ့တစ်နေ့ပါပဲ။

သောကြာဂြိုဟ်စိုးမိုးနေတာကြောင့် ဖျော် ဖြေရေးနဲ့ပတ်သက်သောလုပ်ငန်းများ၊ ဂီတ၊သီချင်း၊ရုပ်ရှင်များလဲ အထူး အဆင်ပြေအောင်မြင်တတ်ပါတယ်။ ဒီနေ့မှာဘုရားတည်တာ၊ထီးတင်တာ၊အနေကဇာတင်တာ၊မိမိရဲ့ အဆောင် ပစ္စည်း တွေကို သိဒ္ဓိတင်တာမျိုးတွေလဲ အထူးပဲဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဘုရားဆင်းတုတော်များစတင်ပင့် ဆောင်ခြင်း၊ ဘုရား၊ ရဟန္တာပုံတော်ကားချပ် များစတင် ချိတ်ဆွဲခြင်းများဆောင်ရွက်လို့အထူးကောင်းပါတယ်။

မိမိအတွက်တကယ်လိုအပ်နေတဲ့ ငွေကြေးတွေအတွက် တစ်ဦးတစ်ယောက်ဆီမှာချေးငှားခြင်းများဆောင်ရွက်နိုင် တဲ့ နေ့ရက်ပါပဲ။ ရေလမ်းခရီးများသွားလာဖို့ကိစ္စကြုံရင်လဲ စိတ်ပူစရာမလိုတဲ့နေ့ရက်ပါပဲ။ မေတ္တာရေးကံ၊စန်းကံ ကောင်း နေ တဲ့နေ့ရက်ဖြစ်တာကြောင့် …ချစ်သူအားပိုးပန်းခြင်း၊ ချစ်စကားပြောခြင်းများဆောင်ရွက်လို့အထူးကောင် ပါတယ်။ စိတ်ကောက်နေတဲ့ချစ်သူကိုလဲ ဒီနေ့မှာပြန်လည်ချော့မော့နိုင်ပါလိမ့်မယ်။ ဘုရားဖူးခရီးထွက်ခြင်း၊ဥပုသ်သီလ ဆောက် တည် ခြင်းများလဲ ဆောင်ရွက်လို့အထူးကောာင်းတဲ့နေ့ပါပဲ။

            ယနေ့ အကြီးအကဲများနှင့် တွေ့ဆုံရန် ရက်ကောင်းဖြစ်သည်။ အလုပ်ရှာခြင်း၊ အလုပ်လျှောက်ခြင်းများ ဆောင် ရွက် နိုင်မည်။ ကုန်သွယ်ရောင်းဝယ်ခြင်းကိစ္စတို့တွင် အညံ့ရှိတတ်သည်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုများ မပြု သင့်ပါ။ ယနေ့ ဝယ်ယူ သိုလှောင်သော ကုန်ပစ္စည်းများ ရန်သူမျိုးငါးပါးအန္တရာယ်ကြုံ၍ ပျက်စီးတတ်သည်။ အလော တကြီး ဝယ်ယူခြင်း မပြုရ။ ကုန်ပစ္စည်းအတုအယောင်များ၊ စာရွက်စာတမ်းအတုအယောင်များနှင့် ကြုံတွေ့ရတတ် သည်။ 

ဂြဟဇာပွင့်ရာအရပ်သည် အနောက်မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၂း၀၉)နာရီမှမနက်(၃း၀၀)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဥတ္တရာသဋ္ဌ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း နေ့စက်(၁း၅၇)နာရီလွန် စန်းမကာရ ရာသီသို့ပြောင်းသည်။ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အခက်အခဲတွေကို ကောင်းစွာ  ကျော်လွှားနိုင်ကြသူတွေဖြစ်ပါတယ်။ ကြိုတင်ပလန်တွေရှိနေတတ်ပြီးတော့ တစ်ခုခုဖြစ်ပြီဟေ့ဆိုရင် ကြိုတင်ပြင်ဆင် ထားတဲ့အလေ့အကျင့်ကြောင့် အဆိုးမကြုံရတတ်ပါ။ တကယ်ကြိုတင်ပြင်ဆင်ရခက်တာက အိမ်ထောင်ရေးပါ။ အဘက် ဘက်က စီစစ်ပြီး ယူခဲ့ရင်တောင်မှ ကိုယ်လက်ထပ်ပြီးမှ အိမ်ထောင်ဘက်က ဗွေဖောက်တာမျိုးတွေအလွန်ဖြစ်ရတတ်ပါ တယ်။ မထင်မှတ်ထားသော ဘဝအချိုးအကွေ့တွေကိုလဲ ကြုံရတတ်ပါတယ်။ ယောကျာ်းလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ် ဖြစ် ပုံမှန်ဝင်ငွေထက် ကိုယ်ပိုင်စီးပွားရေးလမ်းကြောင်းပေါ်ကို ခြေချသင့်ပါတယ်။ ငွေပိုငွေလျှံတွေများလာရင် ဖြန့်ကြန့် ပြီး လုပ်ငန်းအသေးအလေးတွေ အများအပြားလုပ်ထားသင့်တဲ့ဇာတာပါ။ ဒီနေ့မွေးရင်သွေးငယ်ရဲ့ မိဘတွေအနေနဲ့ အင်္ဂလိပ်စာအပြင် အခြားဘာသာစကားတစ်ခုကိုပဲ တွဲပြီး သင်ပေးသင့်ပါတယ်။

ဥတ္တရာသဋ္ဌ် နက္ခတ်ဖြစ်တာကြောင့် ဥတ္တရာသဋ္ဌ် ပုံသေသဘာဝ နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ မြို့တည်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ ဆောက်လုပ်ခြင်း၊ ဗိမာန်တော် ထိမ်းမြားလက်ထပ်ခြင်း စသည်တို့သည် တည်မြဲသော သို့မဟုတ် တည်မြဲသောအကျိုးသက်ရောက်မှုကို လိုလားတောင့်တသော အခြားလုပ်ဆောင်မှုတစ်ခုခု တို့အတွက် သင့်လျော်သည်။

 ဤနက္ခတ်သည် အထက်သို့ မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဝေဓတ္ထိယုဂ်သည် ရပ်တန့်ခြင်း၊ ဖမ်းဆီးခြင်းဟု အဓိပ္ပါယ်ရသည်။ ကံမကောင်းတဲ့ ယောဂဖြစ်သည်။

ဗလဝကရိုဏ်းသည် ကုသိုလ်ကောင်းမှု။ ဝိညာဏ၊ ဗြာဟ္မဏ၊ မွန်မြတ်သော အကျင့်၊ဝိညာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သောအချိန်များနှင့် လုပ်ရပ်များအတွက် ကောင်းမွန်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၃၃)နာရီမှ မွန်းလွဲ(၁၂း၁၁)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ စနေ ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ နို့နှစ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၆၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …ဘဂဝါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဖရုံယို ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *