loading

13.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 13.July.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါဆိုလဆုတ်(၄)ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၂၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၄၂)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင် အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ နွား မြေခံဖြစ်၍ ဉစ္စာပစ္စည်းများ ရတတ်သော နေ့ဖြစ်သောကြောင့် ပျဉ်ထောင်အိမ်တွေ ဆောက်တာ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွ တာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  စနေမြေခံတဲ့နေ့ဖြစ်ပါတယ်။ စနေမြေခံအရ မီးဘေးနှင့်ပတ်သက်သော အပူသောကများ အထူးဂရုစိုက်သင့်ပါသည်။ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးရခြင်းများ၊ စိတ်ပူးပင်သောကနှင့် ဆုံးရှုံးနစ်နာရခြင်းများ ရရှိစေသောကြောင့် ခိုင်ခန့်သော အဆောက်အဦးတွေ၊ ကျောင်းတွေ၊ သိမ်တွေ၊ လမ်းတံတားတွေ၊ အထပ်မြင့် အဆောက်အဦးတွေ စတင်ဆောက်လုပ်တာ၊ တိုင်ထူတာ၊ ပန္နက်ရိုက်တာမျိုးတွေ အထူးရှောင့်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန်၊ နဂါးပေါ်ရက် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ  စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။

နဂါးပေါ်ရက်ဆိုတာကတော့ အခြားအညံ့အဆိုးဖြစ်တာတော့မဟုတ်ပါဘူး။ နဂါးပေါ်ရက်ကျရောက်တဲ့နေ့ မျိုးက accident ဖြစ်လွယ်ပါတယ်။ ယာဉ်ကားကို သတိထားမောင်းနှင်ပါ။ လမ်းဖြတ်ကူးတာလဲသတိရှိပါတယ်။ ချော်လဲတာ စလစ်ဖြစ်တာမျိုးတွေလဲဖြစ်လွယ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာလုပ်ကိုင်သူဆို safety ပြည့်စုံစွာဝတ်ပါ။ Halmet ဆောင်းတာ၊ safety shoe ဝတ်ဆင်တာမျိုးကို ဂရုတစိုက်လုပ်ပါ။ ဒီနေ့မှာ PPE ပြည့်စုံ စွာနဲ့အလုပ်လုပ်ပါ။ အမြင့်တတ်ရင်လဲ သတိထားပါ။ ဒီလိုနေ့မျိုးမှာ မတော်တဆထိခိုက်မှုလေးတွေ သွေးထွက် သံယိုဆိုတာမျိုးတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့်သတိရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါ။

ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆုတ်တီထိ(၃)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။  

တီထိ(၃)လုံးအနေဖြင့် ဒီနေ့ဟာ ကုန်ပစ္စည်းသစ်များ စတင်ဖြန့်ချီရန် ရက်ကောင်း ဖြစ်နေပါတယ်။ ကြော်ငြာခြင်းများ ပြုနိုင်သည်။ အခက်အခဲ ပြဿနာများဖြေရှင်းနိုင်မည်။ လက်လွန်ထားသောပစ္စည်းများ ပြန်လည်ရရှိမည်။ ပျက်စီးယို ယွင်း နေသော စက်ကိရိယာ များ ပြန်လည် ပြုပြင်ရန် ရက်ကောင်းဖြစ်သည်။ အရေးကြီးသောစာရွက်စာတမ်းများ ပျောက်ရှတတ်သည်။ လျှို့ဝှက် သတင်းများ ပေါက်ကြား တက်သည်။

ဒီလိုနေ့မျိုးဟာ ပြဿနာဟောင်းအမှုဟောင်းတွေရှိရင်ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ အရာရာတိုင်းကို နမော်နမဲ့ မလုပ်ဘဲ သတိလေးကပ်ပြီးတော့လုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုတွေကို  ပိုမိုရရှိစေပါလိမ့်မယ်။ဒီနေ့အတွက် ခရီး ကိစ္စ များဆောင်ရွက်လို့အလွန်ကောင်းပါတယ်။ကုန်ကူးခြင်း၊ကုန်သွယ်ခြင်း၊များဆောင်ရွက်နိုင်သလိုအပျော်ခရီးများ၊ ဘုရား ဖူးခရီးများလဲ သွားလို့ကောင်းတဲ့နေ့ပါပဲ။

ကြော်ငြာဆိုင်းဘုတ်များ၊ကြော်ငြာတဲ့  BILL BOARDများထောင်ခြင်းမျိုးဒီနေ့မှာစတင်နိုင်ပါတယ်။ အိမ်ခြံမြေ ရောင်း ခြင်း ဝယ်ခြင်းအလုပ်များ၊ကြားကနေအဆင်ပြေအောင်အကျိုးဆောင်ပေးရတဲ့အလုပ်များ  ပိုမိုအဆင်ပြေ  တတ်ပါ တယ်။

စာပေအနုပညာနှင့်ပတ်သက်သောကိစ္စအ၀၀ ဆောင်ရွက်နိုင်ပါလိမ့်မယ်။ စာရေးခြင်း၊ကဗျာစပ်ခြင်း၊ စာအုပ်ထုတ် ဝေ ခြင်းများလုပ်ဆောင်နိုင်တဲ့နေ့မျိုးပါ။စားသောက်ကုန်လုပ်ငန်းများ၊စက်ယန္တရားနှင့်ပတ်သက်သောအလုပ်များပိုမိုတိုးတတ်ပါတယ်။ကုန်ပစ္စည်းများသိုလှောင်ခြင်းများလဲအထူးသင့်လျော်ပါတယ်။

ဆေးစွမ်းကောင်း၊သမားတော်ကောင်းများနဲတွေ့ရ ကြုံရတတ်ပါတယ်။ဒါကြောင့်ပဲကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကု သမှုခံယူခြင်းတွေဒီနေ့မှာလုပ်ဆောင်နိုင်ပါလိမ့် မယ်။ လိုအပ်တဲ့ခွဲစိပ်ကုသ မှုများလုပ်ရမယ်ဆိုရင်တော့ ဒီနေ့မှာ လုပ်ဆောင်လို့အောင်မြင်တတ်ပါတယ်။စစ်လက်နက်ဝယ်ယူခြင်းများ၊စစ်ရေးလေ့ကျင့်ခြင်းများဆောင်ရွက်နိုင်တဲ့နေ့ပါ။ ဝန်ထမ်းတွေကိုလုပ်ငန်းခွင်ပိုမို ကျွမ်းကျင်အောင်သင်တန်းပေးခြင်းများလဲပြုလုပ်နိုင်ပါတယ်။ယနေ့တွင် အမြင့်မှကျ ခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်းများ ကြုံတွေ့ရတတ်ပါသည်။ အရှေ့တောင်အရပ်သို့ ဦးတည်သွားလာစဉ် အထူး အန္တရာယ်နှင့် ကြုံးတွေ့ရတတ်သည်။

ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ် ဖြစ်သည်။ ဂြဟဇာပွင့်ရာအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၂း၀၁)နာရီမှမနက်(၂း၅၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ဓနသိဒ္ဓိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မကာရစန်း၊ မေထုန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် ကံကောင်းတတ်ကြပါတယ်။ ကျင်လည်ရာဘဝတွေမှာ ကောင်းသောအခွင့်အရေး တွေမကြာခဏလာတတ်ပါတယ်။ သတိထားရမှာက မထင်မှတ်ထားတဲ့သူက မိမိကိုလိမ်လည်သွားတာမျိုးတွေကိုအထူး ကြုံတွေ့ရတတ်ပါတယ်။ ငွေကြေးကံအားကောင်းနေပြီးတော့အခက်အခဲတွေကို ကောင်းစွာကျော်လွှားနိုင်ကြပါတယ်။ အားနည်းချက်တွေက အိုးအိမ်နေရာထိုင်ခင်းကံအားနည်းတတ်ပါတယ်။ ဘဝမှာ ဆီးဝမ်းသွေးလေ မမှန်တာမျိုး အမြဲ တမ်းကြုံရတတ်ပါတယ်။ သက်လတ်ပိုင်းကာလတွေမှာ ထင်မှတ်မထားလောက်အောင် အောင်မြင်မှုတွေရနိုင်တာမို့ မိမိ ကိုယ်တိုင်ကသာ ကြိုးစားမယ်ဆိုရင်တော့ သိသာထင်ရှားသော ရလဒ်တွေကို ရလာနိုင်သူဖြစ်ပါတယ်။ အိမ်ထောင်ရေး ကံလဲ အားကောင်းတတ်ပြီး ဇာတာမကိုက်သူကို ယူမိသူလောက်သာ အိမ်ထောင်ရေးအညံ့ကြုံရမှာပါ။

မနက် ၇နာရီ ၅၃နောက်ပိုင်းဓနသိဒ္ဓိနက္ခတ်ဖြစ်တာကြောင့် ဓနသိဒ္ဓိ နက္ခတ်သည် ခရီးသွားခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ဥယျာဉ်ခြံမြေလုပ်ခြင်း၊ သူ့ငယ်ချင်းများ လည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်း နှင့် ယာယီသဘောသဘာဝအရ မည်သည့် အရာအတွက်မဆို ယာယီ၊ လျင်မြန်စွာ ရွှေ့ပြောင်းနိုင် သော နက္ခတ်ဖြစ်သည်။

ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ၊ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့် တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၅း၀၅)နာရီမှ ညနေ(၆း၄၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။ 

ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ တနင်္လာ၊ ရာဟု၊ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ အဖြူရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သမ္မာသမ္ဗုဒ္ဓေါဂုဏ်တော် (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချော မွေ့ ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ လက်ဖက်ထမင်း ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ် ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *