ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၄၇)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၃၅)နာရီဖြစ်ပြီး ၊ ညနေ(၆း၃၅)နာရီမှာ နေဝင်ပါ တယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဒွန်းစဏ္ဍား မြေခံဖြစ်၍ ဆင်းရဲဒုက္ခများ ကြုံတွေ့ရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင် အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့်ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်တံခွန် ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာရက်တံခွန်ရက်ကျရောက်တဲ့နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်အလုပ်ကိစ္စ ရေးရာအဖြာဖြာတွေမှာရေရှည်အောင်မြင်မှုတွေကိုရရှိပါလိမ့်မယ်။
ဒီနေ့ဟာ တီထိအရတော့ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၈)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။တီထိ(၈)လုံး အနေဖြင့် ပြဿနာများပေးတတ်သော တီထိဟု သတ်မှတ်ပြီး မိန်းမများနှင် ပတ်သက်သော လုပ်ငန်းများ၊ ပျော်ရွှင် စရာလုပ်ငန်းများ၊ ကခုန်ခြင်း၊ ကျောက်မျက်ရတနာများ ပြုလုပ်ခြင်း၊ ဝတ်ဆင်ခြင်း၊ အနုပညာ ဆေးခြယ်ခြင်း၊ အိမ်နှင့် ပတ်သက်သော ဖောင်ဒေးရှင်း ချခြင်းများ၊ စစ်ရေးနှင့်ပတ်သက်သော အသိအမှတ်ပြုပွဲများ၊ ကုန်သွယ်ခြင်း၊ ခြံစိုက်ခြင်း၊ ကျောက်၊ သဲ၊ ရေတို့နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်ရန် သင့်ပါသည်။
စက်ယန္တရားနဲ့ ပတ်သက်သောအလုပ်များ အထူးပဲအဆင်ပြေအောင်မြင်တာတွေ့ရပါတယ်။ဝီရိယအကျိုးကို ခံစားရမဲ့ နေ့ရက် ဖြစ်တာ ကြောင့် ဝီရိယထားကြိုးစားခြင်းတွေကို ဒီနေ့မှာအထူးလုပ်ဆောင်သင့်ပါတယ်။ ကိုယ်ကလုပ်ငန်းရှင် ဆိုပါက ဝန်ထမ်းတွေနဲ့Meeting ထိုင်ပြီးတော့လုပ်ငန်းအတွက်လိုအပ်ချက်များကို ဆွေးနွေးခြင်း များ၊လုပ်ငန်းမကျွမ်း ကျင် တဲ့သူတွေကိုဆိုင်ရာသင်တန်းတွေပေးခြင်းများပြုလုပ်နိုင်ပါတယ်။
ဒီနေ့ဟာဘယ်အချိန်ပဲဖြစ်ဖြစ် ခရီးသွားလို့အထူးကောင်းပါတယ်။ ကုန်သွယ်ရေးခရီးများ၊အလုပ်နဲ့ပတ် သက် သော ခရီးများ ပိုမိုအဆင်ပြေပြီး အကျိုးအမြတ်ကြီးပါလိမ့်မယ်။ ကျောက်မျက်ရတနာများ ဝယ်ယူတာမျိုး၊ ပြန်လည် ရောင်းချတာ မျိုး အထူးပဲဆောင်ရွက်နိုင်သလို အဆောင်အဖြစ်စီရင်ထားတဲ့ ကျောက်မျက် ရတနာတွေကိုလဲ စတင် ဆင်မြန်းလို့အထူး ကောင်းပါတယ်။ခရီးသွားလုပ်ငန်းများ၊ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ၊အပြန်ချောပို့လုပ်ငန်းများ အထူးကောင်းမွန်ပါတယ်။ရဟန်းခံခြင်း၊ရှင်ပြုခြင်း၊နားသခြင်းစတဲ့အလှူကိစ္စများလဲ စတင်ဆောင်ရွက်လို့ အထူး ကောင်း ပါတယ်။
အဝတ်အထည်ချုပ်လုပ်တဲ့အလုပ်တွေ၊သရေစာရောင်းချတဲ့အလုပ်တွေရောင်းအားပိုမိုကောင်းတာမျိုးတွေ့ ရပါတယ်။ အမှုအခင်းပြဿနာများကိုလဲ ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်။ မိမိလုပ်ငန်းအတွက်လိုအပ်တဲ့ သတင်းအချက် အလက်များလဲစုဆောင်းနိုင်ပါလိမ့်မယ်။
ယနေ့ လုပ်သမျှ၊ ကိုင်သမျှ သတိမလွတ်သင့်ပါ။ မင်္ဂလာကိစ္စများ ဆောင်ရွက်ရန် မသင့်ပါ။ ဆေးဝါးကုသခြင်းများ ပြုနိုင်သည်။ သမားတော်များ ပြသခြင်း၊ ဆေးဝါးစတင်ကုသခြင်းများ အထူးကောင်းမွန်နေပါသည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၀၀း၄၆)နာရီမှမနက်(၁း၃၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် အရှေ့မြောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ သွာတိနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ပြိဿရာသီဖွားဖြစ်ပါသည်။ဒီနေ့မွေးသူ များဟာ အခက်အခဲတွေများစွာကြုံတွေ့ရတတ်ပါတယ်။ ဒါပေမဲ့စိတ်ပူစရာမလိုပါ။ ဒီလိုဇာတာတွေက အခက်အခဲတွေ ကိုဖြေရှင်းနိုင်စွမ်းအလွန်မြင့်မားပြီးတော့ အခက်အခဲကြောင့်ပဲပိုမိုအောင်မြင်လာတတ်ပါတယ်။ ဘယ်ကိစ္စကိုမဆို အကြောင်းအရင်းကိုသိပြီးတော့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း အလွန်မြင့်မားကြသူတွေပါ။ ဘာအလုပ်ပဲဖြစ်ဖြစ် အနုစိပ်လုပ်နိုင် ပြီးတော့ သူများမမြင်တဲ့ရှုထောင့်ကနေ မြင်နိုင်စွမ်းရှိကြပါတယ်။ အသက် ၂၂ကနေ အသက် ၂၇အထိ အလုပ်ကံ၊နေရာ ကံ၊ရာထူးကံအလွန်ကောင်းပြီးတော့ အသက် ၂၈နှစ်ကနေ အသက် ၄၂ကြား ထူးခြားသောအောင်မြင်မှုတွေကိုအထူး ရရှိတတ်ပါတယ်။ငွေကံမြင့်မားလာတတ်ပြီးတော့ သက်လတ်ပိုင်းတွေမှာ အဘက်ဘက်ကနေငွေဝင်လာတတ်ပါတယ်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ်၊ နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
သုဘယုဂ်သည် မင်္ဂလာရှိခြင်းဟု အဓိပ္ပာယ်ရပါသည်။ ကောင်းသော ကိစ္စရပ်များအားလုံးအတွက် ကောင်းမွန်သည်။ ဝဏိဇကရိုဏ်းသည် မြတ်သောယောဂ၊ ကုန်သွယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စများအတွက် ကောင်းသောအကျိုး၊ စီးပွားရေးလုပ်ငန်းဆောင်တာများတွင် ကျယ်ပြန့်သောအသိပညာရှိပြီး အရောင်းအဝယ်ကိစ္စများ အတွက် အသင့်တော်ဆုံးဖြစ်သည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၃၅)နာရီမှ မွန်းလွဲ(၁၂း၁၂)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ စနေ ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ဆင်စွယ်ရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၄၊ ၃) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….တရားဂုဏ်တော် ၆ပါးကို (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဆီးသီးဘုရားကပ်လှူပြီး လိုရာဆုတောင်း ပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း