ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ဝါခေါင်လဆုတ်(၅)ရက်၊ ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၄း၅၃)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၁)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၉)နာရီမှာ နေဝင်ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က မြောက်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဆင်မြေခံဖြစ်၍ သေကြေပျက်စီးရတတ်တဲ့နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ရှောင်သင့် ပါတယ်။
ဒီနေ့ဟာ ရက်ရာဇာ၊ ရက်ကန်း၊ သမားဖြူ ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
ဒီနေ့ဟာရက်ရာဇာကျတဲ့နေ့ရက်ဖြစ်တာကြောင့်လောကီမင်္ဂလာကိစ္စတွေဖြစ်တဲ့လက်မှတ်ထိုးခြင်း၊ စေ့စပ် ခြင်း၊ မင်္ဂလာ စကားပြောခြင်းများအထူးဆောင်ရွက်နိုင်ပါတယ်။ကြီးကျယ်စွာမင်္ဂလာအခမ်းအနားကျင်းပခြင်းတွေကိုလဲ ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။
ဒီနေ့ဟာသမားဖြူရက်ဖြစ်တာကြောင့် အရောင်းအဝယ်ကိစ္စတွေမှာ ရောင်းမှာဝယ်မှားဖြစ်တတ်တယ်။ လူလိမ်ခံရ တတ်ပါတယ်။ဘဝအတွက်အရေးကြီးတဲ့အလုပ်များ၊ ဆုံးဖြတ်ချက်များကိုဒီနေ့မှာလုပ်ဆောင်ချမှတ်လို့မကောင်း ပါဘူး။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆုတ်တီထိ(၅)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၅)လုံး အနေဖြင့် ချမ်းသာသုခကို ပေးစွမ်းသော တီထိဟု သတ်မှတ်ပြီး မင်္ဂလာကိစ္စမျိုးစုံကို ပြုလုပ်ရန် သင့်တော် သော တီထိဖြစ်ပါသည်။ ဒါကြောင့်ပဲဒီနေ့မှာတော့ ဘာသာရေးဆိုင်ရာကိစ္စအ၀၀ကိုဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကျောင်း များ၊ သိမ်များ မုခ်ဦး များတည်ဆောက်လှူတန်းခြင်းတွေကို အလှူအတန်းတွေအတွက်ရေစက်ချအမျှဝေ ခြင်းမျိုးတွေ ဆောင်ရွက်နိုင် တဲ့နေ့ရက်ပဲဖြစ်ပါတယ်။
ရှင်ပြုခြင်း၊နားသခြင်း၊ပဉ္ဇင်းခံခြင်းကိစ္စတွေကိုလဲ အထူးကောင်းမွန်စွာဆောင်ရွက်နိုင်တဲ့နေ့ရက်ပါပဲ။ အလုပ်ကိစ္စ အတော်များများအခက်အခဲနည်းပါးပြီးတော့ အဆင်ပြေပြေဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အလုပ်နဲ့ပက်သက်ရင် တော့ ကြိုးစားသလောက်ထွန်းပေါက်မှုတွေကိုရရှိပါလိမ့်မယ်။
ပညာရေးနဲ့ပတ်သက်ပြီးဒီလိုနေ့မျိုးမှာတော့ စတင်သင်ယူခြင်းဖြင့် အကျိုးများတတ်ပါတယ်။ ပညာရေးဆုံးခန်းတိုင် ပါလိမ့်မယ်။ ပညာရပ်နဲ့ရပ်တည်အသက်မွေးသူများလဲ ဒီလိုနေ့မျိုးမှာတော့ ကျောင်းအသစ်တွေစတင်ဖွင့်လှစ်တာ ၊သင်တန်းတွေ၊တန်းခွဲသစ်တွေစတင်ဖွင့်လှစ်တာမျိုးတွေ အထူးကောင်းပါတယ်။
အဓိဋ္ဌာန်ဝင်ခြင်းများ၊ ရေရှည်စီမံကိန်းဆွဲထားတဲ့အလုပ်တွေအတွက် ဒီနေ့မှာစတင်ပြီးတော့ ခြေတစ်လှမ်းလှမ်းခြင်း များလဲအထူးအဆင်ပြေပါလိမ့်မယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး တော့ ကိုယ်စားလှယ်ယူခြင်းများ၊ လက်ကားဝယ်ပြီး ပြန်လည်ဖြန့်ဖြူးခြင်းများလဲ အထူးဆောင်ရွက်လို့ကောာင်းတဲ့နေ့ရက်ပါပဲ။
ရိုးသားကြိုးစားလို့ အောင်မြင်နေသူများ လုပ်ငန်းပြိုင်တွေအတိုက်အခိုက်တွေကိုခံရတတ်ပါတယ်။ သတိထားပါ။ အိမ်ထောင်သည်များ၊ရိုးသားသူများ ဆန့်ကျင်ဘက်လိင်တွေမြုဆွယ်ထောင်ဖမ်းခြင်းတွေကိုခံရတတ်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ မနက်(၂၃း၅၅)နာရီမှမနက်(၀း၅၁)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် အောက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ မရဏဖွား၊ ဥတ္တရဘဒြပိုဒ်နက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ မိန်စန်း၊ ကရကဋ်ရာသီဖွားဖြစ်ပါ သည်။ ဒီနေ့မွေးသူများ မွေးချိန်အားနည်းသွားရင်အဘက်ဘက်က အားနည်းချက်ဖြစ်နိုင်ပေမဲ့ မွေးချိန်အားကောင်းရင် လဲ ကံကောင်းမှုတွေ ထူးထူးခြားခြားရတတ်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပူပန်ရတတ်ပြီးတော့ အဆီအဆိမ့်တွေနဲ့ အချိုရည်တွေကို မဆင်မခြင်သောက်မိရင် အသက်ငယ်ငယ်နဲ့ အဝလွန်ခြင်း၊ဆီးချိုဖြစ်ခြင်းတွေ ကြုံရတတ်ပါတယ်။ ငွေကြေးကံအားကောင်းပြီးတော့ ငွေကို ဘယ်ကရှာရှာ ရှာလွယ်ကြသူတွေဖြစ်ကြပါတယ်။ လူဝင်စားကလေးတွေဖြစ် တတ်ပြီးတော့ သိလွယ် တတ်လွယ် ထက်မြက်ကြသူတွေဖြစ်ပါတယ်။ သတိထားရမှာက လောင်းကစားကို လုံးဝရှောင် ကြဉ်ဖို့နဲ့ အိမ်ထောင်ကျချိန်မှာ ပွင့်လင်းမြင်သာမှုတွေမရှိဘူးဆိုရင် အိမ်ထောင်ရေးထိခိုက်နိုင်ပါတယ်။
ဥတ္တရဘဒြပိုဒ်နက္ခတ်ဖြစ်တာကြောင့် ဥတြဘဒြပိုဒ် နက္ခတ်သည် ရေတွင်းတူးခြင်း၊ အုတ်မြစ်ချခြင်း၊ အုတ်မြစ်ချခြင်း၊ သစ်ပင်စိုက်ခြင်း၊ နန်းတက်ခြင်း၊ မြေဝယ်ခြင်း၊ ကောင်းသော ကိစ္စရပ်များ ပြုလုပ်ခြင်း၊ မျိုးစေ့ကြဲခြင်း၊ နတ်ဘုရားများ တပ်ဆင်ခြင်း၊ ဘုရားကျောင်း ဆောက်ခြင်း၊ ထိမ်းမြားလက်ထပ်ခြင်း စသည်တို့အတွက် သင့်လျော်သည်။ ရေရှည်တည်တံ့သော သို့မဟုတ် အမြဲတမ်း အကျိုးသက်ရောက်မှုကို အလိုရှိသော အခြားလုပ်ဆောင်မှုများအတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် အထက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး အိမ်၊ ဗိမာန်၊ တံတိုင်း(ဥယျာဉ်)၊ အထပ်မြင့် အဆောက်အဦ/ အဆောက်အအုံများနှင့် သက်ဆိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ အလံလွှင့်တင်ခြင်း၊ နန်းတက်ခြင်း၊ ဆင်ဖြင့် ခရီးသွားခြင်း၊ ရွာဗိမာန်၊ ခံတပ်၊ လက်ထပ်ထိမ်းမြားခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဓိတိယုဂ် ကျရောက်နေသောကြောင့် “တည်ငြိမ်ခြင်း” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသော ကိစ္စရပ် များအားလုံးအတွက် အထူးကောင်းမွန်ပါသည်။
ဗလဝကရိုဏ်း ကျရောက်နေသောကြောင့် ကုသိုလ်ကောင်းမှု၊ ဝိဉာဏ၊ ဗြဟ္မာဏ၊ မွန်မြတ်သောအကျင့်၊ ဝိဉာဉ်ရေးရာ လွန်ကဲပြီး ကောင်းမွန်သော အချိန်များနှင့် လုပ်ရပ်များအတွက် အထူးကောင်းမွန်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ မွန်းလွဲ(၁၂း၁၀)နာရီမှ မွန်းလွဲ(၁း၄၆)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ သောကြာ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ အပြာနုရောင် နှင့် အနီရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၈၊ ၅) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …ဓဇဂ္ဂသုတ် (၁)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ ဘိန်းမုန့် ဘုရားကပ်လှူပြီး လိုရာဆု တောင်းပါ ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသောလိုအင် ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း