ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်သလင်းလဆန်း(၄)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၀)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၄၈)နာရီဖြစ်ပြီး ၊ ညနေ(၆း၂၂)နာရီမှာ နေဝင် ပါတယ်။
ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ နဂါး မြေခံဖြစ်၍ ပျက်စီးဆုံးရှုံးရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်းတည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်ရန် မသင့်ပါ။
ဒီနေ့ဟာတီထိမြေခံအရ နေ့စက်(၂း၁၈)နာရီအထိ တနင်္လာမြေခံအဖြစ်ကျရောက်နေပြီး လွန်လျှင် တနင်္ဂနွေမြေခံအဖြစ် သို့ ပြောင်းလဲကျရောက်နေတာ ဖြစ်ပါတယ်။
ဒီနေ့ဟာ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။
သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။
ဒီနေ့ဟာ တီထိအရတော့ မွန်းလွဲ(၂း၅၂)နာရီအထိ အောင်မြင်ခြင်းကိုပေးတဲ့ လဆန်းတီထိ(၃)လုံး ကျရောက်နေပြီး လွန်လျှင် ဖယ်ရှင်းခြင်းအတွက်သုံးရန် ကောင်းတဲ့ လဆန်းတီထိ(၄)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၃)လုံးအနေဖြင့် စွမ်းအားပေးသော တီထိနေ့ဖြစ်ပြီး ကလေးငယ်များ ပထမဆုံးအကြိမ် ထမင်းခွံ့မင်္ဂလာ၊ ရဟန်းခံ၊ ရှင်ပြု၊ နားသ မင်္ဂလာ၊ ဆံသ၊ ပန်းချီ၊ သီချင်း၊ အနုပညာ၊ ပညာရေး၊ အိမ်တက်မင်္ဂလာ၊ ကျောက်မျက်ရတနာ စတင်ဝယ်ယူ၊ ဝတ်ဆင်၊ ရောင်းချခြင်းများ ဆင်၊ မြင်း၊ ယာဉ်၊ ရထားနှင့်ပတ်သက်သော အလုပ်အကိုင်များအတွက် ကောင်းသောနေ့ ဖြစ်သည်၊ ဒါကြောင့်ဒီလိုနေ့မျိုးဟာ မိမိရဲ့စိတ်စွမ်းကြီးမားအောင်လို့ ပြုလုပ်နိုင်မဲ့နေ့ရက်ပါပဲ။ ဒါကြောင့်ပဲစိတ်လေ့ ကျင့် ခန်းများဖြစ်တဲ့ သမထဘာဝနာပွားများခြင်းတွေလဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ နည်းပညာနဲ့ပတ် သက်ပြီး အားထည့်လုပ်ဆောင်လေတိုးတတ်လေဖြစ်မဲ့နေ့ရက်ပါပဲ။
သတ္ထုများ၊ရွှေနှင့်ရတနာပစ္စည်းစူးစမ်းရှာဖွေခြင်းများလဲစတင်နိုင်မဲ့နေ့ရက်ပါပဲ။ အောက်လက်ငယ်သားတွေကို အလုပ် နဲ့ပတ်သက်ပြီးလက်တွဲခေါ်ယူခြင်း၊ အရွယ်ရောက်ပြီးတဲ့သားသမီးတွေကို မိမိအလုပ်နဲ့ပတ်သက်ပြီးရင်းနှီး အောင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်နိုင်ပါတယ်။
စာပေအနုပညာလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊လျှပ်စစ်နှင့်ဆိုင်သောလုပ်ငန်းများ အထူးဆောင်ရွက် နိုင်မဲ့ နေ့ရက်လဲဖြစ်ပါတယ်။ စစ်ရေးနဲ့ဆိုင်သောကိစ္စတွေဖြစ်တဲ့ စစ်သားစုဆောင်းခြင်း၊စစ်ရေးလေ့ကျင့်ခြင်း၊စစ် လက်နက် အသုံးပြုခြင်းများလဲ အထူးဆောင်ရွက်နိုင်ပါတယ်။
မိမိလုပ်ငန်းအတွက်လိုအပ်သောစက်ပစ္စည်းများကိုဝယ်ယူခြင်းတွေ၊ တပ်ဆင်ခြင်းတွေပြုလုပ်သင့်တဲ့နေ့ပါ။ စက်လှေ အသစ်များ၊သင်္ဘောများကို စတင်ရေချခြင်း၊ ခုတ်မောင်းခြင်းတွေပြုလုပ်နိုင်မဲ့နေ့ရက်ဖြစ်ပါတယ်။
ကြော်ငြာနှင့်ပတ်သက်သောကိစ္စမှန်သမျှအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။အိမ်ပြုပြင်ခြင်း၊အိမ်ခန်းဖွဲ့ခြင်းများလဲ အထူး ဆောင်ရွက်လို့ကောင်းတဲ့နေ့ပါပဲ။ အလုပ်နဲ့ပတ်သက်ပြီးဝန်ထမ်းတွေကိုသင်တန်းပေးခြင်းများလဲအထူး ဆောင် ရွက် နိုင်ပါတယ်။
ဒီလိုနေ့မျိုးမှာတော့ အခက်အခဲတွေကိုကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်လို့အထူးကောင်း ပါ တယ်။အမှုအခင်းပြဿနာတွေရှိရင်တော့ပြေလည်အောင်ဖြေရှင်းနိုင်မဲ့နေ့ရက်လဲဖြစ်ပါတယ်။ယနေ့ ခေါင်းဆေး၊ ခေါင်း လျှော်ပြုက လူ၊ နတ် ချစ်ခင်မည်။ အိမ်ခြံမြေ ရောင်းဝယ်ခြင်းမပြုရ။ ဆေးစား၊ ဆေး ကုပြုရန် ရက်ကောင်း ဖြစ်သည်။ သမားပြုသခြင်းများ ဆောင်ရွက်နိုင်သည်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၃း၀၄)နာရီမှည(၂၃း၅၆)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာ ရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဂြဟဇာပွင့်ရာအရပ်သည် တောင်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သောကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ ဟဿတနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ကန်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ အများအားဖြင့် မွေးရပ်မြေရဲ့အဝေးမှာ အခြေချရတတ်ပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အား နည်းချက်ရှိတာမို့ အိမ်မဝယ်ဘဲနဲ့ အိမ်ငှားနဲ့နေရင်တော့ တစ်သက်လုံးအိမ်ငှားဘဝနဲ့နေရတတ်ပါတယ်။ ငွေကြေးကံ အားကောင်းကြသူတွေဖြစ်သလို ငွေရှာတော်တဲ့သူတွေလဲ ဖြစ်ကြပါတယ်။ ကျန်းမာရေးကတော့ အသက် ၄၀ကနေ အသက် ၅၄အထိအလွန်ညံ့ဖျင်းတာကိုတွေ့ရပါတယ််။ငယ်ရွယ်စဉ် လမ်းကြောင်းမှန်မရောက်ခင်သာ အနည်းငယ် အဆင်မပြေဖြစ်တတ်ပေမဲ့ လမ်းကြောင်းပေါ်ရောက်ပြီဆိုရင်တော့ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ကြသူတွေ ဖြစ်ပါတယ်။ သားသမီးအတွက် စိတ်တိုင်းမကျရတာမျိုးတွေများနေတတ်ပါတယ်။
ဟဿတနက္ခတ်ဖြစ်တာကြောင့် ဟဿတ နက္ခတ်သည် အလင်း သို့မဟုတ် လျှင်မြန်သော နက္ခတ်ဖြစ်ပြီး၊ ဆေးဘက် ဆိုင်ရာကုသမှုများ၊ ပညာရေး စတင် ခြင်း၊ ခရီးများစတင်ခြင်း၊ သူငယ်ချင်းများတွေ့ခြင်း၊ အဝယ်ရောင်းခြင်း၊ ဝိညာဉ်ရေး ဆိုင်ရာလှုပ်ရှားမှုများ၊ အလှဆင်မှုများ၊ အနုပညာလက်ရာများ၊ လေ့ကျင့်ခန်းများနှင့် ချေးငွေ့များပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့အတွက် ကောင်းမွန်သည်။
ဤနက္ခတ်သည် ဘေးသို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ခြေလေးချောင်းသတ္တဝါများ (မြင်း၊ ကျား၊ ကုလားအုတ် နွားစသည်ဖြင့် ဝယ်ယူခြင်းနှင့် လေ့ကျင့်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၊ ၊ ရေ-မြေ-လေ၊ သယ်ယူပို့ဆောင်ရေး၊ မောင်းနှင်ခြင်း၊ နွားလှည်း၊ ရထား၊ ထွန်ယက်ခြင်း၊ သီချင်းဆိုခြင်း၊ ဂီတတူရိယာများ၊ လမ်း၊ ဆည်များ စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
သာဓျယုဂ် ကျရောက်နေသောကြောင့် “ကောင်းမြတ်သော၊ ကုသိုလ်ကောင်းမှု” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
ဂရဇံကရိုဏ်း ကျရောက်နေသောကြောင့် မြေကြီးတွင် စိုက်ပျိုးခြင်း၊ မျိုးစေ့ချခြင်း၊ အိမ်ဆောက်ခြင်းများအတွက် အထူးကောင်းမွန်ပါသည်။ တိရစ္ဆာန်မွေးမြူခြင်းအလုပ်များနှင့် သို့မဟုတ် အိမ်များ၊ အဆောက်အအုံများ ဆောက်လုပ် ခြင်း စသည်ဖြင့် သင့်လျော်မှုအရှိဆုံး ဖြစ်ပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၆)နာရီမှ ညနေ(၄း၄၉)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ တနင်္လာ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ ကြက်သွေးရောင် နှင့် ဆင်စွယ်ရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၂၊ ၉) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …နမောတဿ(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါ လိမ့် မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ တို့ဟူးကြော် ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း