loading

2. Sep.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 2. Sep.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တောင်သလင်းလဆန်း(၁၁)ရက်၊ အင်္ဂါနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၀၄)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၅း၅၂)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၈)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့တောင်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်မြောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ သိကြား မြေခံဖြစ်၍ ချမ်းသာသုခကို ပေးတဲ့နေ့ ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ ကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  ကြာသပတေးမြေခံတဲ့နေ့ဖြစ်ပါတယ်။ ကြာသပတေးမြေခံအရ မိမိကြံစည်စိတ်ကူး ထားသော အရာမှန်သမျှ အချိန်မရွှေ့ဆိုင်းပဲ ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ချိန်ဖြစ်၍       ခိုင်ခန့်တဲ့ အဆောက်အဦးတွေ၊ကျောင်းတွေသိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုးတွေအထူး ဆောင်ရွက်လို့ရပါတယ်။သမားညိုရက်နဲ့တိုက်ဆိုင်နေတာမို့အချိန်အခါရွေးပြီး ဆောင်ရွက်လိုက်ပါ။

ဒီနေ့ဟာ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၁၀)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၁၀)လုံးအနေဖြင့် ဒီလိုနေ့မျိုးမှာတော့ မိမိတို့ဖြစ်ချင်တာတွေကိုအားထည့်လုပ်သွားနိုင်ပါလိမ့် မယ်။ အထိုင် အလုပ်တွေပဲဖြစ်ဖြစ်၊ လှုပ်ရှား ရုန်းကန်ရတဲ့အလုပ်တွေပဲဖြစ်ဖြစ်တိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့် မယ်။ဒါကြောင့်ပဲ မိမိတို့ အလုပ်ထဲမှာ အား ထည့်ရင်ထည့်သလောက် တိုးတတ်နိုင်ပါလိမ့်မယ်။ ကဗျာစပ်ခြင်း၊ စာရေးခြင်း၊ ဝတ္ထု ဆောင်းပါးရေးသားခြင်းတွေကိုဆောင်ရွက်ခြင်းဖြင့် စာကောင်းတစ်ပုဒ် ဖြစ်လာတတ် ပါတယ်။မင်္ဂလာကိစ္စအ၀၀လဲ ဆောင်ရွက်လို့အထူးကောင်းပါတယ်။ ကျန်းမာရေးကတော့အထူး အား ကောင်းပါတယ်။  ဆေးဝါးဓာတ်စာစားခြင်းတွေ စတင်လို့အထူးကောင်းတဲ့နေ့ရက်ပါပဲ။ကလေးငယ်တွေကို ထမင်းခွံခြင်း၊ အာဟာရစတင် ကျွေးမွေးခြင်းတွေကို အထူးကောင်းပါတယ်။ အသက် ၆၀ကျော်ပြီးတွေဖြစ်တဲ့လူကြီးတွေအတွက် ဖြည့်စွက်စာများ မှီဝဲခြင်းမျိုးအထူး ကောင်းပါ တယ်။ ဒီလိုနေ့ရက်တွေမှာတော့သီလစောင့်တည်ခြင်း၊ ဘဝနာပွားများခြင်း၊ ဘုရားဖူးထွက်ခြင်းများ အထူး ဆောင် ရွက် လို့ကောင်းပါတယ်။ ပန်းချီဆွဲခြင်း၊ပန်းပုထုခြင်း၊မြန်မာမှုလုပ်ငန်း စတဲ့အနုပညာနဲ့နွယ်တဲ့အလုပ်တွေကိုလဲ လုပ်ကိုင် ဆောင် ရွက် လို့အထူးကောာင်းပါတယ်။

မိမိတို့ မိရိုးဖလာကိုးကွယ်တဲ့ နတ်တွေကို ပသတာ၊တင်မြောက်တာမျိုးတွေအထူးပဲဆောင်ရွက်သင့်တဲ့နေ့ ရက်ပါပဲ။ အအေး၊အချိုရည်၊ရေသန့် စတဲ့အရည်နဲ့ပက်သက်သောစားသောက်ကုန်လုပ်ငန်းများလဲ ထုတ်လုပ်ဖြန့်ချီ ခြင်းများလဲ အထူးကောင်းပါတယ်။  ပဋိပက္ခများလဲ ဖြေရှင်းရန်အထူးကောင်းပါတယ်။ မြှပ်နှံထားတဲ့ငွေကြေးတွေလဲ ပြန်ဖော်လာ နိုင်မဲ့နေ့ရက်ပဲ ဖြစ်ပါတယ်။ အရောင်းထိုင်းပစ္စည်းများလဲ ဈေးကွက်မှာပြန်လည်အရောင်းသွက်လာမဲ့နေ့ရက်ပါပဲ။ ရှေ့ဟောင်းပစ္စည်းများ တန်ဖိုးတတ်မဲ့နေ့ရက်ပါပဲ။ 

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၂း၃၆)နာရီမှ ည(၂၂း၂၈)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ သိုက်ဖွား၊ မူလနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ ဓနုစန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူ များဟာ မူလနက္ခတ်နဲ့စန်းယှဉ်တာမို့ စိတ်ကြီး၊ဒေါသကြီးတတ်ပါတယ်။ သို့သော်ဥာဏ်လဲကြီးတာမို့ ဖြစ်နေတဲ့ဒေါသကို အချိန်မီထိန်းချုပ်နိုင်ကြပါတယ်။ ငွေကြေးကံအားကောင်းနေသူဖြစ်တာမို့ ငွေရှာရတာ ခက်ခဲမှာတော့ မဟုတ်ပါဘူး။ စနေဂြိုဟ်အားကောင်းတာမို့ မကြာခဏထီပေါက်တတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ရည်းစာများနေပေမဲ့ အရွယ်ရောက်ပြီး အိမ်ထောင်ကျသွားတဲ့အခါ ကိုယ့်လက်တွဲဖော်အပေါ် သစ္စာရှိကြသူတွေများပါတယ်။ ဘဝရဲ့ ဒုတိယအရွယ်ကစလို့ အရှိန်အဟုန်နဲ့ကံမြင့်မားမှုတွေကို ကြုံတွေ့ရတတ်ပါတယ်။ ငယ်ရွယ်စဉ်မှာ လောကဓံ အကောင်းအဆိုးတွေကို တစ်လှည့်စီခံရတတ်ပါတယ်။ ခေတ်နဲ့အညီပေါ်လာတဲ့ အလုပ်တွေကို စိတ်ဝင်စားတတ်ပြီး နည်းပညာအသစ်အဆန်း တွေကို ကောင်းစွာ အသုံးချနိုင်သူလဲဖြစ်ပါလိမ့်မယ်။

မူလနက္ခတ်ဖြစ်တာကြောင့် မူလ နက္ခတ်သည် ကြောက်စရွာကောင်းသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး စစ်ပွဲတွင် အောင်မြင်ရန်၊ ဒြပ်စင်များနှင့် အခြားဝိညာဉ်များကို ဖိတ်ခေါ်ခြင်း၊ ထောင်ချခြင်း၊ ခွဲခွာခြင်း၊ ဖျက်ဆီးခြင်းလုပ်ရပ်များနှင့် အထက်လူကြီးများနှင့် မဟာမိတ်ဖွဲ့ခြင်းတို့ကို ဖြိုခွဲခြင်းအတွက် သင့်လျော်သည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သိင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သော အရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းပါသည်။

ပီတိယုဂ် ကျရောက်နေသောကြောင့် “ချစ်ခြင်းမေတ္တာ၊ ကျေနပ်ခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ မြတ်သော ယောဂဖြစ်သည်။ ကောင်းသောကိစ္စရပ်များ အားလုံးအတွက် အထူးကောင်းမွန်ပါသည်။

တေထိလကရိုဏ်း ကျရောက်နေသောကြောင့် နန်းတက်ပွဲ၊ အိမ်နှင့်ပတ်သက်သော လှုပ်ရှားမှုများ၊ ကျော်ကြားခြင်း၊ အခွင့်အာဏာနှင့် အလှဆင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ အားလုံးအတွက် အထူးကောင်းပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၃း၁၂)နာရီမှ ညနေ(၄း၄၅)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ တနင်္လာ၊ ဗုဒ္ဓဟူး၊ ရာဟု၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။  

ကံညံ့သော နေ့သားများကတော့ သောကြာ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ တနင်္ဂနွေ၊ အင်္ဂါ၊စနေသားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ မိုးပြာရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၇၊ ၆) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. တရားဂုဏ်တော်၆ပါးကို(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ဧလမုန့်” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *