ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်သလင်းလကွယ်ရက်၊ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
ခရစ်နှစ် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့လဲ ဖြစ်ပါတယ်။
ဒီနေ့နံနက်(၅း၁၆)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၄)နာရီဖြစ်ပြီး ၊ ညနေ(၆း၀၆)နာရီမှာ နေဝင်ပါ တယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့မြောက်အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက် တောင်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အရှေ့နှင့်တောင်အရပ် ဖြစ်ပါတယ်။
လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲ တွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။
ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လကွယ်တီထိ ကျရောက်နေတာ ဖြစ်ပါတယ်။
တီထိ(၁၅)လုံး လကွယ်တီထိအနေဖြင့် မွန်မြတ်ခြင်း၊ပြည့်စုံခြင်း တွေကိုပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက်ပဲ ဖြစ်ပါ တယ်။ဒီလိုနေ့ရက်မျိုးမှာတော့ ငွေကြေးဥစ္စာဓနတွေကိုရှာဖွေ စုဆောင်းလို့အထူးကောင်းပါတယ်။ ရွှေငွေ လက်ဝတ် ရတနာများဝယ်ယူခြင်းမျိုးအထူးကောင်းပါတယ်။
လူတစ်ဦးနဲ့တစ်ဦး ပဋိပက္ခကစလို့…နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံပဋိပက္ခအထိ ပြေလည်အောင်ဖြေရှင်းနိုင်ပါ လိမ့် မယ်။ဘာသာရေးဆိုင်ရာအဆောက်အဦးများစတင်လှူတန်းခြင်း၊ပန္နက်ရိုက်ခြင်း၊စတင်ဆောက်လုပ်ခြင်းတွေအထူး ကောင်းပါတယ်။ ငွေကြေးကိစ္စမှန်သမျှပြောဆိုလို့အောင်မြင်တတ်ပါတယ်။ လိုအပ်တဲ့ငွေကြေးတွေချေးငှားလို့ အထူး ကောင်း ပါတယ်။ မိမိရစရာရှိတဲ့ငွေကြေးတွေတောင်းခံလို့အထူးကောင်းပါတယ်။
ပညာရေးနှင့်ပတ်သက်သောကိစ္စများအထူးကောင်းပါတယ်။ ပညာရှာခြင်း၊တပည့်ခံခြင်းတွေဆောင်ရွက်လို့ ကောင်းပါတယ်။ သင်တန်းဖွင့်ခြင်း ၊တပည့်မွေးခြင်းများလဲအထူးဆောင်ရွက်နိုင်ပါတယ်။ ကဗျာစပ်တာမျိုးတွေ၊ စာပေရေးသားတာမျိုးတွေအထူးဆောင်ရွက်လို့ကောင်းပါတယ်။ခံစားချက်တွေ၊ရင်ထဲမှာ မြိုသိပ်ထားတဲ့ကိစ္စ တွေကို ဖွင့်ဟပြောဆိုလို့အလွန်ပဲကောင်းပါတယ်။ ကလေးငယ်တွေကို အာဟာရစတင်ကျွေး မွေးတာမျိုးတွေ၊ သက်ကြီး ရွယ်အို တွေအတွက် ဖြည့်စွက်စာစတင်ကျွေးမွေးတာမျိုးတွေအထူးကောင်းပါတယ်။
စိုက်ပျိုးမဲ့မြေကို မြေဆီကျွေးခြင်း၊ သစ်ပင်တွေကို အားတိုးဆေးပက်ဖြန်းခြင်းတွေဆောင်ရွက်လို့ကောင်းတဲ့နေ့ရက် လဲဖြစ် ပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းလို့အလွန်ကောင်းတဲ့နေ့ပါပဲ။ ငွေရွှင်စေမဲ့ယတြာအစီအရင်များလဲ စတင်ပြုလုပ်သင့်တဲ့နေ့ရက်ပဲဖြစ်ပါတယ်။ရဟန်းခံရှင်ပြုမင်္ဂလာများလဲဆောင်ရွက်လို့ကောင်းပါတယ်။
ဒီနေ့မှာရှောင်သင့်တာတွေကတော့ စက်ပစ္စည်းတန်ဖိုးကြီးတာတွေဝယ်မယ်ဆိုသေချာစစ်ဆေးပြီးမှဝယ်ပါ။ အောက် လက်ငယ်သားတွေကို အရေးကြီးတာတွေကိုမျက်နှာလွှဲမခိုင်းပါနဲ့။ စက်ကားနဲ့ခရီးသွားမယ်ဆိုကားကြံ့ခိုင် ရေးစစ်ဆေးပြီမှသွားစေချင်ပါတယ်။
ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၁း၂၂)နာရီမှ ည(၂၂း၁၃)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။
ဒီနေ့မွေး ရင်သွေးငယ်များဟာ ဘင်္ဂဖွား၊ ပြုဗ္ဗာဖလဂုဏီနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ သိဟ်စန်း၊ သိဟ်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့ မွေးသူများဟာ ထူးခြားတဲ့သူတွေဖြစ်ပါတယ်။ ဘယ်လိုအပြောင်းအလဲ အတက်အကျ အနိမ့်အမြင့်ကိုမှ မမှုတဲ့ သူတွေ ဖြစ်ပါတယ်။ မွေးရပ်မြေနဲ့အဝေးမှာအခြေချရတတ်သလိုဘယ်လောက်ပဲ အိုးကောင်းအိမ်ကောင်းဝယ်ထား သည်ဖြစ်စေ အလုပ်ကြောင့် အိမ်မကပ်ရတာမျိုးတွေအထူးကြုံရတတ်ပါတယ်။ နာမည်ကိုသာ အင်္ဂါနံနဲ့ ပိတ်ပြီးမမှည့် ထားရင်တော့ အိမ်ထောင်ရေးကံက အထူးကောင်းမွန်တာကိုတွေ့ရပါတယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲ သိပ်ပြီး ပူစရာ မလိုတဲ့ သူတွေဖြစ်ပါတယ်။ အလုပ်ကံကတော့ ရပ်ဝေးနယ်ခြား၊နိုင်ငံရပ်ခြားအလုပ်တွေနဲ့ ပိုမိုအပ်စပ်ကြပါတယ်။ ဝန်ထမ်းလခ စားအလုပ်တွေကိုတော့ အားမပေးပါဘူး။ တတ်နိုင်သမျှ ကိုယ်ပျော်တဲ့အလုပ်လဲဖြစ်၊ သမာအာဇီဝကျပြီး စီးပွား ဖြစ်မဲ့ အလုပ်တွေကို ရွေးစေချင်ပါတယ်။
ပြုဗ္ဗာဖလဂုဏီနက္ခတ်ဖြစ်တာကြောင့် ပြုပ္ဗဖလဂုဏီနက္ခတ်သည် ရက်စက်ကြမ်းကြုတ်သော နက္ခတ်တာရာများဖြစ်ပြီး တိုက်ခိုက်ရန်၊ အတင်းအကြပ်၊ မကောင်းမှု၊ လှည့်ဖြားမှုနှင့် ပဋိပက္ခ၊ ပျက်စီးခြင်းများအတွက် သင့်လျော်သည်။ ရန်သူ၊ ထောင်ချ၊ အဆိပ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ စစ်တိုက်ခြင်း၊ မီးတင်ရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ နာမည်ပျက်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကြောင့် ကောင်းမှု မင်္ဂလာကိစ္စများအတွက် မသင့်တော်ပါ။
ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စု ဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော်သည်။
ဂြဟဇာပွင့်ရာအရပ်သည် အထက်အရပ်ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေး မင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။
သုဘယုဂ် ကျရောက်နေသောကြောင့် “မင်္ဂလာရှိခြင်း” ဟူသောအဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ် များအားလုံးအတွက် အထူးကောင်းပါသည်။
စတုပါဒကရိုဏ်း ကျရောက်နေသောကြောင့် တန္တရနည်းလမ်းများဖြင့် ရန်သူကို တိုက်ခိုက်အနိုင်ယူရန်အတွက် အထူးကောင်းပါသည်။ ၎င်းသည် ခြေလေးချောင်း တိရစ္ဆာန်များ အထူးသဖြင့် ကျွဲ၊ နွားများနှင့် ပတ်သက်သည့် လုပ်ငန်းများ အားလုံးကို အောင်မြင်စေပါသည်။
ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ ညနေ(၄း၃၂)နာရီမှ ညနေ(၆း၀၃)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။
ကံကောင်းသောနေ့သားများကတော့ တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ ရာဟု၊ သောကြာ သားသမီးများပဲဖြစ်ပါတယ်။
ကံညံ့သော နေ့သားများကတော့ အင်္ဂါ၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။
ကံသင့်သောနေ့သားများကတော့ တနင်္လာ၊ ကြာသပတေး သားသမီးများပဲ ဖြစ်ပါတယ်။
ဒီနေ့မှာ လိမ္မော်ရောင် နှင့် အစိမ်းရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။
ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၉၊ ၁) ဂဏန်းတွေပဲ ဖြစ်ပါတယ်။
ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ….သတ္ထာဒေဝမနုဿာနံ (၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။
အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “ရှောက်သီးသုပ်” ဘုရားကပ်လှူပြီး လိုရာဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်း သောလိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။
#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း
နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …
☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…
☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…
☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…
☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..
☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…
☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….
#ဒါအပြင်…
.🧿တစ်နေ့တာ အကျိုးပေးအရောင်များ
🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ
🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ
🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။
နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …
ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။ ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)
ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)
🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။
👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695
နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025
အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025
အောင်မှန်- အခါပေးဒိုင်ယာရီ2025
ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025
ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025
ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ
မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်
ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်
သူရဇ္ဇ လစဉ်မဂ္ဂဇင်း