loading

26. Sep.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

  • Home
  • Blog
  • 26. Sep.2025 တစ်နေ့တာလမ်းညွှန်ချက်များနှင့် ဆောင်ရန်ရှောင်ရန် သိစရာများ

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ သီတင်းကျွတ်လဆန်း(၅)ရက်၊ သောကြာနေ့ ဖြစ်ပါတယ်။

ခရစ်နှစ် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့နံနက်(၅း၁၉)နာရီမှာ အရုဏ်တက်ပါတယ်။ နေထွက်ချိန်နံနက်(၆း၀၇)နာရီဖြစ်ပြီး ၊ ညနေ(၆း၁၃)နာရီမှာ နေဝင်  ပါတယ်။

ဒီနေ့မှာ ဆောင်သင့်တဲ့လာဘ်နေအရပ်က အရှေ့အရပ် ဖြစ်ပါတယ်။ ရှောင်သင့်တဲ့ နတ်နေအရပ်က အနောက်အရပ် ဖြစ်ပါတယ်။ စန်းပွင့်ရာအရပ်က အနောက်အရပ် ဖြစ်ပါတယ်။

လက်သမားမြေခံ ကတော့ ဂဠုန် မြေခံဖြစ်၍ ကြီးပွားချမ်းသာရတတ်သော နေ့ဖြစ်တာကြောင့် ပျဉ်ထောင်အိမ်တွေ၊ တဲတွေ၊ ဆိုင်ခန်း၊ လိုင်းခန်း တည်ဆောက်ခြင်းတွေ၊ အိမ်ခန်းဖွဲ့တာတွေ၊ အိမ်ပြင်တာတွေ၊ မြေတူးဆွတာတွေ ဆောင်ရွက်လို့ အထူးကောင်းပါတယ်။

ဒီနေ့ဟာတီထိမြေခံအရ  မိတ္တုမြေခံတဲ့နေ့ဖြစ်ပါတယ်။ မိတ္တုမြေခံဖြစ်တာကြောင့် မိမိတွင်ပိုင်ဆိုင်ရရှိပြီးသား စည်းစိမ် ဉစ္စာများ တစ်ဖြည်းဖြည်း လျော့ပါး ဆုံးရှုံးလာတတ်ခြင်းတွေဖြစ်စေတာမို့ ခိုင်ခန့်တဲ့အဆောက်အဦး တွေ၊ကျောင်းတွေ သိမ်တွေ၊ လမ်း တံတား တွေ၊ အထပ်မြင့်အဆောက်အဦးတွေ စတင် ဆောက်လုပ်တာ တိုင်ထူတာပန္နက်ရိုက်တာမျိုး တွေ အထူးရှောင်သင့်ပါတယ်။

ဒီနေ့ဟာ ရက်ကန်း၊ သမားညို ကျရောက်နေတဲ့ နေ့ရက်ပဲဖြစ်ပါတယ်။

ဒီနေ့ဟာရက်ကန်း ကျရောက်တဲ့ နေ့ရက်ဖြစ်တာကြောင့် ဒီနေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှ သတိရှိရမည်။ ဆောင်ရွက် တဲ့ကိစ္စလေးတွေမှာ အခက်အခဲလေးတွေကြုံတွေ့ရတတ်ပါတယ်။

သမားညိုရက်ဖြစ်တာကြောင့် အိမ်ပြောင်းရွှေ့တာ၊ အလုပ်ဆိုင် ပြောင်းတာ၊ အလုပ်ရုံးခန်းပြောင်းတာ မျိုးတွေရှောင် အပ်ပါတယ်။ပညာစပြီးသင်ယူလို့မကောင်းသေးပါဘူး။ ခိုင်ခန့်သော၊ရေရှည်တည်တံ့သော အဆောက်အဦးတွေကို စတင်ဆောက်လုပ်တာ ၊တိုင်ထူတာ၊ပန္နက်ရိုက်တာ၊ မျိုးတွေလုပ်မိရင် အဆုံးမသတ် ဘဲတစ်ပိုင်းတစ ဖြစ်လွယ်ပါတယ်။

ဒီနေ့ဟာ တီထိအရတော့ ပြည့်ဝခြင်းကိုပေးတဲ့ လဆန်းတီထိ(၅)လုံး ကျရောက်နေတာ ဖြစ်ပါတယ်။

တီထိ(၅)လုံး အနေဖြင့် ဒါကြောင့် ဒီတီထိဟာပြည့်စုံခြင်း၊မွန်မြတ်ခြင်း တွေကို ပေးတဲ့ ပုဏ္ဏတီထိကျရောက်တဲ့နေ့ရက် လဲဖြစ်ပါတယ်။ စိတ်ချမ်းသာမှု တွေ ကိုပေးစွမ်းတဲ့တီထိလဲ ဖြစ်ပါ တယ်။

ဒီလိုနေ့ရက်မှာ ပညာရေးနဲ့ပတ်သက်ပြီး စတင်အားထည့်လို့အလွန်ကောင်း ပါတယ်။ ကျောင်းစတင်အပ်နှံခြင်း၊ သင်တန်းစတင်တတ်ရောက်ခြင်းတွေအထူးကောင်းပါတယ်။ လျှို့ဝှက်ပညာယူ ခြင်းများ၊ online ကနေပညာရှာ ခြင်းများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတော့လဲရှာဖွေ ရလွယ်ကူပါလိမ့်မယ်။

ကုန်သွယ်ခြင်းတွေ၊ သမ္မအာဇီဝစီးပွားရှာခြင်းတွေအထူးကောင်းပါတယ်။စိတ်ကူးထားတာလေးတွေ လဲပြည့်ပြည့် လာ မဲ့ နေ့မျိုးပါပဲ။  ဘာသာရေးဆိုင်ရာအလှူဒါနတွေပြုလုပ်ခြင်းနှင့် အဓိဋ္ဌာန်ဝင်ခြင်းများအထူးကောင်း တဲ့နေ့ရက် မျိုးပါပဲ။

ဒီလိုနေ့မျိုးဟာအရေးကြီးတဲလုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ပါတယ်။ လုပ်ငန်းအတွက်ဆုံးဖြတ်ချက် များကို ရှယ်ယာဝင်တွေနဲ့တိုင်ပင်ပြီး အပြီးသတ်ဆုံးဖြတ်ခြင်းတွေကိုဆောင်ရွက်နိုင်ပါလိမ့်မယ်။

မိမိစိုက်ပျိုးထားတဲ့သစ်ပင်တွေကို ဓာတ်မြေသြဇာကျွေးတာမျိုးတွေလဲ အထူးဆောင်ရွက်လို့ကောင်းပါ တယ်။ မြေဆီ ကျွေးခြင်း၊ရွက်ဖြန်းအားတိုးဆေးသုံးစွဲခြင်းတွေပြုလုပ်ဆောင်ရွက်လို့ကောင်းတဲနေ့ရက်ပါပဲ။

ဈေးအသစ်များ၊စူပါမားကတ်များ၊ဆေးရုံသစ်များဖွင့်လှစ်ခြင်းတွေအထူးဆောင်ရွက်ကောင်းတဲ့နေ့ရက်ပါ ပဲ။ မြေ၊ကုန် ပစ္စည်း အသစ်များ စတင်ဖြန့်ချီလို့အလွန်ကောင်းပါ တယ်။ အနုပညာနှင့်နွယ်သောပစ္စည်းများ၊ လက်မှုပညာ နှင့် နွယ်သော ပစ္စည်းများ ရောင်းချဖြန့်ဖြူးခြင်းတွေ ဆောင် ရွက်လို့ကောင်းတဲ့နေ့ရက်ပါပဲ။

ရှောင်သင့်တာတွေကတော့ ခရီးကိစ္စတွေမှာ ကြန့်ကြာတာမျိုးတွေ၊ လိုရာခရီးမရောက်တာမျိုးတွေအလွန် ပဲဖြစ်ရ တတ်ပါတယ်။ငွေရှာလွယ်ပေမဲ့ ငွေအထွက်များနေတာကိုထိန်းပါ။ မလိုအပ်တာတွေကိုဝယ်ပြီးတော့ ငွေကုန် ရတတ် ပါတယ်။ယနေ့တွင် အပျော်ခရီးသွားလာခြင်းများ အထူးရှောင်သင့်သည်။ ဆေးဝါးစတင်ကုသခြင်း၊ စတင်ဖေါ်စပ်ခြင်း များ ပြုလုပ်ရန် ရက်ကောင်းဖြစ်နေပါသည်။  

ယနေ့ ဓနသိဒ္ဓိနက္ခတ်ပေါ်၊မွန်းတည့်မျဉ်းဖြတ်တဲ့ အချိန်ကာလကတော့ ည(၂၁း၀၂)နာရီမှ ည(၂၁း၅၄)နာရီအတွင်း ကျရောက်နေတာဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်း မဟာဝေဒဗ္ဗ မန္တန်တော်ကြီး ရွတ်ဖတ်ခြင်း၊ လာဘ်ရွှင်ဂါထာ၊ ငွေရဂါထာများရွတ်ဖတ်ခြင်းဖြင့် ငွေကြေးလာဘ်လာဘပေါ များခြင်း၊ရွှေငွေရတနာ စည်းစိမ်ကြွယ်ဝလာခြင်းများ ကြုံလာရပါလိမ့်မယ်။ မိမိတို့အတိတ်ကံအလျောက် ပမာဏ အနည်းအများကွာပေမဲ့ ငွေကြေးပြတ်လပ်သွားတာမျိုး မရှိခြင်း၊ ငွေလိုရင် ကူညီမဲ့သူပေါ်လာခြင်းအကျိုးသွားများ ရရှိနိုင်ပါတယ်။

ဒီနေ့မွေး ရင်သွေးငယ်များဟာ ရာဇဖွား၊ ဝိသာခါနက္ခတ်နဲ့စန်းယှဉ်မွေးသူ၊ တူစန်း၊ ကန်ရာသီဖွားဖြစ်ပါသည်။ ဒီနေ့မွေးသူများဟာ ထင်မထားလောက်သော အစွမ်းအစတွေရှိနေတတ်ပါတယ်။ နိုင်ငံခြားမှာအခြေချဖို့ရည်မှန်းချက် ရှိကြတဲ့မိဘတွေ ဆိုရင်တော့ ဒီနေ့မွေးသူတွေအတွက် အသင့်တော်ဆုံးပါပဲ။ မိဘတွေနဲ့အထောက်အပံ့တွေကို ကောင်း စွာရရှိနိုင်တဲ့သူတွေပါပဲ။ ဘဝရဲ့ဒုတိယအရွယ်မှာ အမြင့်မားဆုံးသော အောင်မြင်မှုတွေကို အထူးရတတ်ပါတယ်။ သူမတူတဲ့ စည်းစိမ်ဥစ္စာနဲ့လဲပြည့်စုံကြတဲ့သူမျိုးတွေဖြစ်ပါတယ်။ ငွေကြေးအထောက်အပံ့ရလွယ်ပြီး လုပ်ချင်တဲ့အလုပ် ကိုအရင်းအနှီးထုတ်ပေးမဲ့သူတွေလဲ ပေါများပါတယ်။ အိမ်ထောင်ရေးကံမကောင်းခြင်း၊အိမ်ထောင်ဘက်နဲ့အမြဲခွဲနေရ ခြင်းမျိုးတွေကိုလဲ ကြုံကြရတတ်ပါတယ်။ ထင်မှတ်မထားသော အပြောင်းအလဲတွေကြုံရတတ်ပြီး အဆင်ပြေမှုတွေကို လဲ မထင်မှတ်ဘဲရတတ်သူတွေပါပဲ။

ဝိသာခါနက္ခတ်ဖြစ်တာကြောင့် ဝိသာခါ နက္ခတ်သည် ရောနှောထားသော သဘာဝရှိသည့် နက္ခတ်ဖြစ်ပြီး လုပ်ရိုး လုပ်စဉ်တာဝန်များ၊ ကျွမ်းကျင်မှု တာဝန်များ၊ အိမ်မှုကိစ္စများနှင့် နေ့စဉ်အရေးပါသည့် လှုပ်ရှားမှုများအတွက် ကောင်း မွန်ပါသည်။

ဤနက္ခတ်သည် အောက်သို့မျက်နှာမူသော နက္ခတ်ဖြစ်ပြီး ရေတွင်းတူးခြင်း၊ တိုင်ကီ၊ မိုင်းတူးခြင်း၊ သင်္ဂြိုဟ်ခြင်း နှင့် စည်းစိမ်ဥစ္စာများ မြှုပ်နှံခြင်း ၊ စက်ရေတွင်း မီးရထားလမ်းများ ၊ လှိုဏ်ဂူအတွင်း ဝင်ရောက်ခြင်း ၊ နက္ခတ်ဗေဒင် သင်္ချာဘာသာရပ် ၊ ပန်းပုပညာ ၊ အနုပညာ ၊ အရေးအသား ၊ ဝိဉာဉ် သိပ္ပံ နှင့် သရဲ တစ္ဆေ ထိန်းချုပ်ခြင်း ၊ သစ်သား စုဆောင်းခြင်း၊ မန္တန်၊ ယန္တရား၊ ပေါင်နှံထားသော ပစ္စည်းများကို ပြန်ယူခြင်း စသည့်အလုပ်များ ပြုလုပ်ရန်သင့်လျော် သည်။

ဂြဟဇာပွင့်ရာအရပ်သည် အနောက်တောင်အရပ် ဖြစ်သည်။ ဂြဟဇာပွင့်သောအရပ်ကို မျက်နှာမူ၍ အိမ်ဆောက်ခြင်း၊ ခေါင်းဆေးမင်္ဂလာပြုခြင်းကဲ့သို့သော ကောင်းမွန်သော ကိစ္စရပ်များ လုပ်ကိုင်ဆောင်ရွက်ရန် အထူးကောင်းမွန်ပါသည်။

ဝီသကုမ္ဘယုဂ် ကျရောက်နေသောကြောင့် “အဆိပ်အိုး” ဟူသော အဓိပ္ပာယ်ကို ကိုယ်စားပြုသည်။ ကောင်းသောကိစ္စရပ် များ လုပ်ကိုင်ဆောင်ရွက်ရန် လုံးဝသင့်လျော်မှုမရှိပါ။

ဗိဌိကရိုဏ်း ကျရောက်နေသောကြောင့် မကောင်းသောအကျင့်၊ ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း၊ ပရိယာယ်အားဖြင့် ရန်သူကို တိုက်ခိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း စသည့် အဖျက်လုပ်ငန်းများအတွက် ၎င်းတို့အား သင့်တော်စေပါသည်။

ဒီနေ့အတွက် ရာဟုကာလအမှောင်ချိန်တွေကတော့ နံနက်(၁၀း၂၆)နာရီမှ နံနက်(၁၁း၅၇)နာရီအတွင်း ကျရောက်နေပါ တယ်။ဒီအချိန်ကာလ အတွင်းမှာ မင်္ဂလာအခါပေးတာတွေ၊ ငွေပေးငွေယူကိစ္စတွေ၊ ကတိကဝတ် ပြုတာတွေ၊ စာချုပ်ချုပ်ဆို တာတွေ၊ ရင်သွေးငယ် ခွဲစိတ်မွေးဖွားတာကအစ ဒီကာလအတွင်းမှာ ရှောင်နိုင်ရင် အထူးကောင်းပါတယ်။

ကံကောင်းသောနေ့သားများကတော့ အင်္ဂါ၊ သောကြာ ၊ တနင်္လာ၊ ကြာသပတေး သားသမီးများပဲဖြစ်ပါတယ်။         

ကံညံ့သော နေ့သားများကတော့ တနင်္ဂနွေ သားသမီးများပဲ ဖြစ်ပါတယ်။

ကံသင့်သောနေ့သားများကတော့ ဗုဒ္ဓဟူး၊ ရာဟု၊ စနေ သားသမီးများပဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကြည်ပြာရောင် နှင့် အညိုရောင် များများပါသော အဝတ်အစား၊ အသုံးအဆောင်ပစ္စည်း တွေ ကို အထူးအလေး ထား ဝတ်ဆင်သုံးစွဲခြင်းဖြင့် ကံကြမ္မာရဲ့ အထောက်အပံ့ကောင်းတွေကို ရရှိခံစားနိုင်ပါလိမ့်မည်။

ဒီနေ့မှာ (၇)ရက်သားသမီးများအားလုံးအတွက် အထူးအကျိုးပေးမယ့် Lucky Number တွေကတော့ (၃၊ ၈) ဂဏန်းတွေပဲ ဖြစ်ပါတယ်။

ဒီနေ့မှာအရေးကြီးကိစ္စတွေရှိလို့ သွားရောက်၊ပြောဆို၊လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင်တော့ နံနက်စောစော အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး …. ဝိဇ္ဇာစရဏသမ္ပန္နောဂုဏ်တော်(၉)ခေါက် ရွတ်ဆိုသွားပါ။ပိုမိုအဆင်ပြေ လွယ်ကူ ချောမွေ့ပါလိမ့်မယ်။

အညံ့အဆိုးတွေ ပြေပျောက်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာကတော့ “စပျစ်သီး” ဘုရားကပ်လှူပြီး လိုရာ ဆုတောင်းပါ။ ဒီလောက်ဆိုတွေးဆ ဆင်ခြင် နိုင်မယ်လို့ ယူဆပါတယ်။ ၇ရက်သားသမီးများအားလုံး ကောင်းသော လိုအင်ဆန္ဒ တွေပြည့်ဝကြပါစေ။

#၇ရက်သားသမီးအတွက်တစ်နေ့တာဟောစာတမ်းနှင့်တိုက်ရိုက်ဖုန်းခေါ်ဟောပြောခြင်းအကြောင်းအရာကိုဗေဒင်ချစ် ပရိသတ် များ အတွက် သတင်းစကားပါးခြင်း

နေ့စဥ် ၇ ရက်သားသမီးများအတွက် နေ့နံအလိုက် …

☯️တစ်နေ့တာကံကြမ္မာ အဆိုးအကောင်း…

☯️တစ်နေ့တာ စီးပွားရေးအလုပ်အကိုင်အခြေအနေ…

☯️တစ်နေ့တာ ကျန်းမာရေးဆိုင်ရာ သိစရာတွေ…

☯️တစ်နေ့တာ အချစ်ရေး ကံတရားများ…..

☯️တစ်နေ့တာ အိမ်ထောင်ရေး အဆိုး/အကောင်းများ…

☯️တစ်နေ့တာ ပညာရေး ရလဒ်အကြောင်းတွေ….

#ဒါအပြင်…

.🧿တစ်နေ့တာ အကျိုးပေးအရောင်များ

🧿တစ်နေ့တာ အကျိုးပေးဂဏန်းများ

🧿အရေးကြီးကိစ္စတွေဆောင်ရွက်ရမယ်ဆို ပြုဖွယ်အစီအရင်များ

🧿တစ်နေ့တာအညံ့အဆိုးတွေလျော့ပါးသက်သာစေမဲ့ကုသိုလ်ယတြာ စသည်ဖြင့်စုံစုံလင်လင်ကို …… နေ့စဉ် နား ဆင် နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။

နေ့စဉ်ဗေဒင်ဟောစာတမ်းများကို နားဆင်လိုပါက …

ATOM ဆင်းကဒ်များဖြင့် (3049) ကို ဖုန်းခေါ်ဆိုပြီး နားဆင်နိုင်ပါတယ်…။  ( တစ်ပတ်လျှင် ၄၅၀ ကျပ်သာကျသင့် မှာဖြစ်ပါတယ်။)

ဒါအပြင်ဆရာငြိမ်းအေးလူနှင့်တိုက်ရိုက်📞ဖုန်းခေါ်ဆိုပြီး ဗေဒင်မေးချင်တယ်ဆိုရင်…အပတ်စဥ် တနင်္လာနေ့၊အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ညနေ (၆) နာရီကနေ (၈) နာရီအတွင်းဖုန်းနံပါတ် (7777) ကို Atomဖုန်းနံပါတ်များနှင့် ဖုန်းခေါ်ဆိုပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ… ။ ( တစ်မိနစ်လျှင် ၅၂၅ ကျပ် ၊ ဉာဏ်ပူဇော်ခပါပြီး ကျသင့်ပါမယ်)

🙏🙏🙏အားပေးကြသူတစ်ယောက်ချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

👌👍ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင် ကြပါစေ။

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

09775555695

#ကိုးကားစာအုပ်စာရင်း

နျူမာန်(မိုးတား)-သင့်အတွက်နေ့စဉ်အကြံပေးဒိုင်ယာရီ 2025

အောင်မဟာ-မင်္ဂလာအခါပေး နေ့စဉ် ဗေဒင်ဒိုင်ယာရီ 2025

အောင်မှန်- အခါပေးဒိုင်ယာရီ2025

ရွှေမန်း -ဗေဒင်ဒိုင်ယာရီ2025

ခိုင်မင်္ဂလာ-အခါပဒေသာ ဒိုင်ယာရီ2025

ဆရာအောင်ဟိန်းအေး-ဝေဒမင်္ဂလာအခါပေး ဒိုင်ယာရီ

မြန်မာ နိုင်ငံဝေဒသုတေသနအဖွဲ့- မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ပါရဂူဒေါက်တာ ဒေါ်ကြည်ကြည်စိန်-နက္ခဗေဒင်မင်္ဂလာအခါပေးဗေဒင် ပြက္ခဒိန်

ဆရာစိုးနိုင်-အင်းဝ မင်္ဂလာအခါပေး ပြက္ခဒိန်

သူရဇ္ဇ လစဉ်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *